ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ဘာကိုရွေးမယ်စိတ်ကူးလဲ........ လေဒီ

လေဒီလေးတွေက နေ့ရက်တိုင်းမှာ လှပစွာနေချင်ကြတယ်နော်။ ဒါကလည်း ဖြစ်သင့်တဲ့အရာပါ။ လေဒီလေးတွေဆိုတာက ပိစိလေးကတည်းက အလှကြိုက်ကြတာကိုး။ လှပမှုက လှပမှုချည်းသက်သက်ဆို မပြည့်စုံပါဘူး။ လှပမှုကို အားဖြည့်ပေးနိုင်မယ့် အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ယုံကြည်မှုပါ။ ဒါပေမယ့်လည်း နေ့စဉ်တိုင်းမှာ ယုံကြည်မှု ပြည့်တယ်ဆိုတဲ့ မိန်းကလေးကတော့ ခပ်ရှားရှားပါ။ လေဒီလေးတွေရဲ့ ယုံကြည်မှုကို အားလျော့စေတာက ဘာများလဲ............. လေဒီလေးတွေက ပုံမှန်ချိန်မှာ ယုံကြည်မှု ပြည့်တယ်ဆိုရင်တောင်မှ တစ်လတစ်ခါ မလွဲမသွေ ကြုံရတဲ့ period time မှာတော့ ယုံကြည်မှု အနည်းငယ် ကျနေတတ်ပါတယ်။ တစ်လတာရဲ့ အဲ့အချိန်ကို ရောက်လာပြီဆိုရင် လူအများကြားကို သွားလာဖို့ မရဲကြပါဘူး။ အနံ့အသက်ဆိုးနေတာမျိုး ဖြစ်မလား၊ စွန်းထင်းနေမလားဆိုပြီး စိုးရိမ်စိတ်တွေ များနေရင်းက ထိုင်နေရာက ထရပ်ဖို့တောင် မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ ဒီလိုအချိန်မှာလည်း ယုံကြည်မှု မပျောက်ဘဲ […]


ရာသီလာခြင်း

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ရာသီထိမ် ပြီဆိုရင် စစဉ်းစားတာ ကိုယ်ဝန်ရှိနေတာလားဆိုတာပါ။ အထူးသဖြင့် အိမ်ထောင်သည်တွေ၊ လိင်ဆက်ဆံမှု ရှိတဲ့သူတွေဆိုရင် ပိုပြိး စိုးရိမ်တတ်ပါတယ်။ လိင်ဆက်ဆံမှု မရှိတဲ့သူတွေကျတော့လည်း တခြားရောဂါတစ်ခုခုများလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အဖြစ်များပြီး အားလုံးမေ့နေတတ်တဲ့ ကိစ္စတစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးလွန်းရင်လည်း ရာသီထိမ်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ စိတ်ဖိစီးရင် ဘာကြောင့် ရာသီထိမ် တာလဲ။ စိတ်ဖိစီးရင် ခန္ဓာကိုယ်မှာရှိတဲ့  hypothalamic-pituitary-adrenal (HPA) axisဆိုတဲ့ ဟော်မုန်းလမ်းကြောင်းလေး လှုပ်ရှားလာပါတယ်။ ဒါကြောင့် သွေးထဲမှာ cortisolနဲ့ corticotropin-releasing hormone (CRH) ဆိုတဲ့ ဟော်မုန်း နှစ်ခု များလာပါတယ်။ ဒီဟော်မုန်း လမ်းကြောင်းနဲ့ ဟော်မုန်းနှစ်ခုက ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတာပါ။ ထွက်လာတဲ့ ဟော်မုန်းတွေက ရာသီလာတာကို ထိန်းချုပ်ထားတဲ့ အီစထရိုဂျင်၊ ပရိုဂျက်စတုန်း […]


ရာသီလာခြင်း

အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ ရာသီလာခြင်းနဲ ပတ်သက်ပြီး ဖိနှိပ်မှုများစွာ ခံခဲ့ရပါတယ်။ ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေဟာ ယုတ်နိမ့်တယ်၊ ရာသီသွေးဟာ မသန့်ဘူး၊ အိန္ဒိယလို နိုင်ငံမျိုးမှာဆို ရှေးတုန်းက ရာသီလာတဲ့အမျိုးသမီးတွေကို ရွာပြင်ထုတ်ထားတာမျိုး၊ ဒီရာသီလာတဲ့ကိစ္စအတွက် ဘာတစ်ကိုယ်ရည်သုံး ပစ္စည်းကိုမှ သုံးခွင့်မရတာမျိုး ကြုံခဲ့ကြရပါတယ်။ ဒါတင်ပဲလားဆိုတော့ အမျိုးသမီးအတွင်းခံတွေကိုတောင်မှ  ယုတ်ညံ့တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး ခိုးကြောင်ခိုးဝှက် ထုတ်လှမ်းရတဲ့အထိပါပဲ။ ခုခေတ်မှာတော့ ကျန်းမာရေးအသိပညာတွေ ရေချိန်ကိုက်သင့်သလောက် ကိုက်လာတာကြောင့် ရာသီလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး ချိုးနှိမ်တာမျိုး မရှိတော့ဘူး။ တချို့အတွဲတွေဆို မိန်းကလေးရာသီလာလို့ သုံးစရာ ပါမလာခဲ့ရင် ယောက်ျားလေးက အေးအေးဆေးဆေး သွားဝယ်ပေးကုန်ပြီ။ ဒီလို ပြောင်းလဲလာတာက တကယ်ကျေနပ်ဖို့ ကောင်းပါတယ်။ ခုနောက်ဆုံး ဖေ့ဘွတ်မှာ လူပြောသူပြောများနေတဲ့ ကိစ္စကတော့ အမျိုးသမီးသုံး padတွေဟာ ပလတ်စတစ်တွေမို့လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို […]


ရာသီလာခြင်း

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက် ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။ ရာသီလာမယ့် ရက်ကို သိထားတာက ထင်ထားတာထက် ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်မှာပါ။ ဘယ်လို သိရှိနိုင်မလဲဆိုပြီး ခေါင်းခြောက် သွားလား လေဒီ... ဒီလင့်ခ်လေးကို နှိပ်ပြီး ကိုယ်တိုင် တွက်ချက်လိုက်ပါ။ သားဥကြွေမယ့်ရက် ကို သိရှိခြင်းရဲ့ ကောင်းကျိုး လေဒီလေး တစ်ယောက် အနေနဲ့ သားဥကြွေမယ့်ရက် ကို သိရှိထားမယ်ဆိုရင် ကိုယ့်ရဲ့ ရာသီစက်ဝန်းကို သိရှိနိုင်မယ် လေဒီလေးတွေ အများစုရဲ့ ရာသီစက်ဝန်းက 28 cycle ပါ။ ရာသီလာချိန်က တစ်ခေါက်နဲ့ တစ်ခေါက်ကြားမှာ ၂၈ ရက် ခြားပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် တူဖို့ကတေ့ မဖြစ်နိုင်ပါဘူး။ ဒါ​ကြောင့် ကိုယ်က […]


ရာသီလာခြင်း

စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်း ခြင်းများ

အမျိုးသမီးရယ်လို့ ဖြစ်လာရင် ပျိုဖော်ဝင်ချိန်လောက်က စပြီး မိန်းမကိုယ် အဖြူဆင်း တတ်တာ သဘာဝပါ။ သားဥကြွေခါနီး အချိန်ဆိုလည်းဆင်းတာပဲ၊ ရာသီလာခါနီးလည်း ဆင်းတာပဲ၊ အထိုင်များရင်လည်းဆင်းတာပဲ။ ဒါပေမယ့် သာမန် အဖြူဆင်းရင် ရောဂါတစ်ခုခုလို့ ထင်ပြီး စိုးရိမ်ကြတဲ့ အမျိုးသမီးတွေက အများသားပါ။ အဖြူဆင်းနေလို့ဆိုပြီး ဆေးလာတောင်းကြတာလည်း ခဏခဏပါပဲ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သာမန်အဖြူဆင်းတာလား၊ ရောဂါကြောင့် ဆင်းတာလားဆိုတာ ခွဲတတ်ဖို့ လိုပါတယ်။ သာမန် အဖြူဆင်း တဲ့အချိန် သားဥကြွေခါနီးအချိန် ပျိုဖော်ဝင်စအချိန် ကိုယ်ဝန်ဆောင်ချိန် အီစထရိုဂျင်ပါတဲ့ တားဆေးသုံးတဲ့အချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ နောက်ဆုံး မွေးခါစ နှစ်ပတ်သားအရွယ်ကလေးမှာတောင် အမေ့ဆီက အီစထရိုဂျင် ပါလာတဲ့အတွက် ရက်အနည်းငယ်လောက် အဖြူဆင်းနေတတ်ပါတယ်။ ခုပြောတဲ့အချက်တွေက ရောဂါကြောင့် မဟုတ်ပါဘူး။ သဘာဝအရ ဆင်းတာပါ။ ဘာလို့ ဆင်းတာလဲဆိုတော့ အမျိုးသမီးဟော်မုန်း […]


ရာသီလာခြင်း

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

သမီးမိန်းကလေး တစ်ယောက် ရာသီစလာပြီဆိုရင် အမေအနေနဲ့ အရင်ဆုံး သင်ထားပေးရမှာက ရာသီရက် ကို စနစ်တကျ မှတ်ထားဖို့ပါပဲ။ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ တစ်လတစ်ခါ ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီရက်ကို မှတ်ထားလို့ အရေးကြီးပါပဲ။ ရာသီရက်ဟာ အမျိုးသမီးတွေအတွက် Master keyပါပဲ။ ဒီရက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။ ရာသီရက် ဆိုတာ တစ်လတစ်ခါ ရာသီလာတယ်၊ တချို့က ၃ရက်ကြာတယ်၊ တချို့က ၅ရက်ကြာတယ် စသဖြင့် ဒါတွေဟာ ရာသီရက်တွေပါပဲ။ ဒီရက်တွေကို လတိုင်း မှတ်ထားဖို့ လိုပါတယ်။ ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ မရှိရှိ မှတ်ထားရမှာပါ။ ရာသီရက်မှာ ပထမဆုံးလာတဲ့ရက်ရှိတယ်၊ ပြီးသွားတဲ့ရက်ရှိတယ်၊ စုစုပေါင်းလာတဲ့ရက်ရှိတယ်၊ နောက်တစ်ခါ ပြန်လာမယ့်ရက်ရှိတယ်။ ရာသီပထမဆုံးလာတဲ့ရက်ကို မှတ်ထားမှ နောက်တစ်ခါ ဘယ်တော့လာမှာလဲ။ ရက်ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။ စုစုပေါင်းလာတဲ့ […]


ရာသီလာခြင်း

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

Menstrual Cup လို့ခေါ်တဲ့ ရာသီခံခွက်လေးတွေအကြောင်း မကြာမကြာ ပြောခဲ့ပြီးပါပြီ။ ဒီခွက်အကြောင်းပြောရင် မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့ မေးခွန်းတွေက မိန်းမကိုယ်နဲ့ ဆန့်ပါ့မလား။ အထဲထည့်ထားပြီး ကျယ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆိုတဲ့ မေးခွန်းတွေအပြင် “ဒီခွက်ကြီး အထဲမှာ ထည့်တာ လိင်စိတ်ဆန္ဒပြင်းပြတဲ့ မိန်းမတွေပဲ ထည့်တာ။ နေလို့ကောင်းလို့ နေမှာပေါ့။” ဆိုတဲ့ နှိမ့်ချပြောတာတွေတောင် ရှိပါသေးတယ်။ ဒါတွေကို အစက ရှင်းရမယ်ဆိုရင်… အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ ကတော့ ၁။ မိန်းမကိုယ် နဲ့ တော်ပါ့မလား။ ခွက်ကလည်း နဂိုက သေးသေးလေးပါ။ ပြီးတော့ ထည့်တဲ့အခါမှာလည်း ခွက်လိုက် ထည့်ရတာ […]


ရာသီလာခြင်း

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

ဒီမေးခွန်းက အရမ်းအမေးများလို့ တစ်ယောက်ချင်းစီ မဖြေတော့ဘဲ တစ်ခါတည်းပေါင်းဖြေပါ့မယ်။ ရာသီလာတဲ့ရက် နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကိုယ်က အကာအကွယ်မယူ၊ တားဆေးမသောက်ဘဲ လိင်ဆက်ဆံမှုတွေပြုလုပ်ထားတယ်ဆိုရင် ရာသီနောက်ကျတာ၊ မလာတာမှာ အဖြစ်နိုင်ဆုံးက ကိုယ်ဝန်ရှိတာပဲ။ ဆီးစစ်ကြည့်တာနဲ့ ကိုယ်ဝန်ရှိမရှိက သိနိုင်တယ်။ ကိုယ်က လိင်ဆက်ဆံမှုပြုထားတယ်ဆိုရင် ရာသီမလာတော့တဲ့အခါ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ရာသီလာအောင်ဆိုပြီး ဘယ်လိုမှ လုပ်လို့မရဘူး။ ရာသီလာဆေးဆိုပြီးသောက်တာတွေလည်း နောက်ဆက်တွဲပြဿနာတွေများတာပဲရှိမယ်။ ရာသီလာတယ်ဆိုတာရဲ့သဘောက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ မလိုအပ်လို့ ပြန်စွန့်ပစ်ရတဲ့ပုံစံပဲ။ ကိုယ်ဝန်ရှိနေပြီဆိုရင် ထပ်စွန့်ပစ်စရာမလိုတော့လို့ ရာသီမလာတော့တာ။ ကိုယ်ဝန်ရှိနေလို့ ရာသီမလာတော့တာကို ပြန်လာအောင်လုပ်ဖို့ဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့နည်းလမ်းပဲရှိတယ်။ ဘယ်ဆရာဝန်မှ ကိုယ်ဝန်ဖျက်ချဖို့အတွက် တရားဝင်လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ကိုယ်ဝန်လည်းမရှိဘူး ရာသီမလာတာသက်သက်ပဲ ကိုယ့်အတွက် ဘာမှ တခြားပြဿနာလည်းမရှိဘူးဆိုရင်တော့ ရာသီမလာတာက နောက်ကျတာက စိုးရိမ်စရာမလိုပါဘူး။ ရာသီလာဖို့ရက်ထက် နောက်ကျနေရတဲ့  တခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။ ၁။ စိတ်ဖိအားများခြင်း စိတ်ဖိအားများတဲ့အချိန်တွေ အထူးသဖြင့် စာမေးပွဲဖြေရတာ၊ အလုပ်တွေပိနေတာ၊ စိတ်ရှုပ်စရာတွေများနေတာ […]


ရာသီလာခြင်း

ရာသီလာချိန် ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့

လေဒီလေးတွေဟာ လတိုင်း ရာသီမလာခင် အစောပိုင်းကာလတွေမှာက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကို ခံစားကြရပါတယ်။ ဖျားချင်သလို လို ခံစားရတဲ့ လေဒီလေးတွေလည်း ရှိပါတယ်။ ဒီလို ခံစားရမှုတွေကြောင့် လစဉ်ရာသီလာမှာကိုတောင် ကြောက်နေပြီဆိုတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး လစဉ်ရာသီလာတိုင်း ဖျားချင်သလိုလို ခံစားနေရတဲ့ ပြဿနာကို ဖြေရှင်းလိုက်ပါ။ ရာသီလာချိန်မှာ ဘာလို့ ဖျားချင်သလို ခံစားရတာလဲ။ ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။ ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့လေဒီလေးတွေဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။ အချို့ကတော့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ […]


ရာသီလာခြင်း

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

လေဒီလေး အတော်တော်များများ လစဉ်တိုင်း ရောက်လာမှာကို ကြောက်ကြတဲ့ အချိန်တစ်ခုရှိတယ်။ ဒါကတော့ ရာသီလာတဲ့အချိန်ပေါ့။ ရာသီလာချိန်မှာ ဆို နေရတာ စိတ်ခံစားမှုက မကောင်းသလို ခန္ဓာကိုယ်ထဲမှာလည်း နေရထိုင်ရ အဆင်မပြေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ မရောက်ချင်ဘူးပြောပြော တစ်လတစ်ခါကတော့ ဒီလို အချိန်ကာလကို ရင်ဆိုင်ဖြတ်သန်းရတာပါပဲ။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာက အချို့ လေဒီလေးတွေဆိုရင် ရာသီမလာခင် အစောပိုင်းကာလတွေမှာကလည်းက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကိုလည်း ခံစားရပါတယ်။ ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။ ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း