brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်

ညဂျူတီ ဆင်းရတဲ့အလုပ်ဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အမျိုးသမီးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတင်းဆိုးတစ်ခုပါပဲနော်။ သူနာပြု၊ ဆရာဝန် တို့လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆိုရင် ညဂျူတီနဲ့မကင်းနိုင်သလို ညဘက်အလုပ်လုပ်တတ်တဲ့ အလုပ်များသူ လေဒီတို့အတွက်လည်း မကြာခဏအိပ်ရေးပျက်ရတာပါပဲ။

ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်

ဒီလို ညဘက်အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် သွေးဆုံးချိန်စောနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။

ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်

Human Reproduction ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနအရ တစ်ခါတလေမှ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေမှာတောင် စောစီးစွာသွေးဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။

အသက် ၄၅ နှစ်မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ချိန်က အရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ ကနေဒါနိုင်ငံ University of Dalhousie မှ ဦးဆောင်သုတေသီ David Stock ကပြောပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီကို ကမောက်ကမဖြစ်စေတာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းစရာတွေရရှိစေနိုင်တယ်။

ညဘက်အချိန်မှာ အလုပ်လုပ်တဲ့ဖိစီးမှုက သွေးဆုံးချိန်ပိုစောစေနိုင်တဲ့အကြောင်းရင်းတွေထဲ ပါဝင်နေတာပါ။ စိတ်ဖိစီးမှုဟော်မုန်းတွေကလည်း အက်စထရိုဂျင်လို မဟော်မုန်းတွေကို အနှောင့်အယှက်ပေးတာကြောင့်သွေးဆုံးချိန်စောစေနိုင်ပါတယ်။ ညဘက်အလုပ်လုပ်ခြင်းကြောင့် သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့အရာတွေကို ဆက်ကြည့်ရအောင် . . .

ညဆိုင်းဂျူတီနဲ့ အမျိုးသမီးများရဲ့ကျန်းမာရေး

လေ့လာချက်တွေအရ ညဆိုင်းဂျူတီ ဆင်းရတဲ့ အမျိုးသမီးတွေက သာမန်အမျိုးတွေထက် သွေးဆုံးချိန် ပိုစောပါတယ်တဲ့။ သွေးဆုံးချိန်စောတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရော ပြဿနာတွေကို စောစောခံစားရတတ်ပါတယ်။

  • ကိုယ်တွင်းက အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်

ညဘက် အိပ်ရမယ့်အချိန်မအိပ်ဘဲ အလုပ်လုပ်ခြင်းက သင့်ခန္ဓာကိုယ်ကို သူ့သဘာဝအတိုင်းလည်ပတ်နေတဲ့ နရီစည်းချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်စေဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။ လူတစ်ယောက် အိပ်စက်နေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးမယ်၊ ထိခိုက်မှုတွေကိုပြန်ကုစားတယ်၊ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။ ဒါပေမယ့် မအိပ်လိုက်တဲ့အခါ ဒီဖြစ်စဉ်ကို ကြားဖြတ်နှောင့်ယှက်မိတဲ့အတွက် ကျန်းမာရေးထိခိုက်မှုက တစ်ခုတည်းမကတော့ပါဘူး။

British Medical Journal ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ ညဆိုင်းအလုပ်လုပ်ခြင်းက နှလုံးရုတ်တရက်ရပ်နိုင်ခြေ ၇ ရာခိုင်နှုန်းပိုများစေနိုင်တယ်လို့ သိရပါတယ်။

Occupational and Environmental Medicine ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ ညဆိုင်းအလုပ်လုပ်တာက အဝလွန်ခြင်း၊ စိတ်ပူပန်ခြင်းနဲ့ စိတ်ကျခြင်းတို့လို ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ညဘက်အလုပ်လုပ်သူတွေဟာ စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့နေရာမှာ အဓိကအရေးပါတဲ့ ဦးနှောက်တွင်း serotonin ပမာဏကို လျော့နည်းစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ညဘက်အလုပ်လုပ်တာများတဲ့သူတွေမှာ စိတ်ကျဝေဒနာ ပိုဖြစ်လွယ်နိုင်ပါတယ်။

Obesity Reviews မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ညဘက်အလုပ်လုပ်သူတွေဟာ အဝလွန်နိုင်ခြေ ၂၉ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ တစ်ခါတလေမှ ညဘက် အလုပ်လုပ်တာ၊ ညဆိုင်းဆင်းတာထက် ညဆိုင်းချည်းပဲ ဆက်တိုက်ဆင်းသူတွေမှာ အန္တရာယ်ပိုများတယ်လို့ဆိုပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအသောက်တွေရယ်၊ လှုပ်ရှားမှုနည်းတာရယ်အပြင် ဟော်မုန်းပမာဏမညီမျှတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့ leptin ဟော်မုန်းပမာဏဟာ ညဆိုင်းသမားတွေဆီမှာလျော့နည်းနေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့ဘက်အလုပ်လုပ်သူတွေနဲ့ယှဉ်ရင် ညဘက်အလုပ်လုပ်ရင်း အစားတွေပိုစားမိကြသလို ပိုပြီးဆာလောင်လွယ်စေတယ်လို့ ဆိုပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။