brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးတွင်သွေးပါခြင်း

ဆီးမှာသွေးပါတာကို သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိသားစုအသိမိတ်ဆွေတွေဆီမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုတော့ အဲဒီရောဂါရဲ့ အကြောင်းအရင်းကဘာလဲ၊ ဘယ်လိုကုသရမယ်ဆိုတာကို သိသင့်ဖိုလိုပါပြီ။ ယခုဖော်ပြမဲ့ဆောင်းပါးကတော့ အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ ပြောပြပါလိမ့်မယ်။

ဆီးတွင်သွေးပါခြင်း

ဖြစ်စေသောအရာများ

ဆီးထဲမှာသွေးပါရတာကတော့ ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်းတစ်နေရာရာက သွေးတွေနေပါနေအောင် လုပ်ပေးနေလို့ဖြစ်ပါတယ်။ ဆီးထဲမှာသွေးပါစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ အဲဒါတွေကတော့

• ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးပြွန်ကနေတစ်ဆင့် ရောဂါပိုးတွေဟာ ခန္ဓါကိုယ်ကို

ယ်ထဲ ဝင်သွားပြီးနောက် ဆီးအိတ်ထဲမှာ ပွားများဖို့ အခွင့်သာလာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်တာပါပဲ။ ရောဂါလက္ခဏာတွေကတော့ ဆီးခဏခဏသွားချင်နေခြင်၊ ဆီးသွားနေချိန် နာကျင်ခြင်းနှင့် ဆီးနံ့ပြင်းနေခြင်းတွေပဲ ဖြစ်ပါတယ်။

• ကျောက်ကပ်ပိုးဝင်ခြင်းများ

ကျောက်ကပ်ပိုးဝင်ခြင်း (Pyelonephritis) ဟာ ရောဂါပိုးတွေက သားအိမ်ကနေ ကျောက်ကပ်ကို ရောက်သွားတဲ့အခါ ဒါမှမဟုတ် ရောဂါပိုးတွေက သွေးထဲကနေ ကျောက်ကပ်ကို ရောက်သွားတဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။ ထိုရောဂါရဲ့ လက္ခဏာတွေဟာ ဖျားနာခြင်းကလွဲပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ တော်တော်လေးဆင်ပါတယ်။

• ဆီးအိတ်ကျောက်တည်ခြင်းနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းများ

သတ္ထုဓါတ်တွေဟာ ဆီးအိတ်နဲ့ ကျောက်ကပ်နံရံတွေမှာ အနည်ထိုင်ပြီး ပုံဆောင်ခဲတွေအဖြစ် ပြောင်းသွားတဲ့အခါမှာ ထိုအရာတွေ ဖြစ်တတ်ပါတယ်။ အချိန်အတိုင်းအတာတခုအပြီးမှာ ယင်းပုံဆောင်ခဲတွေဟာ သေးငယ်မာကျောတဲ့ ကျောက်တွေ ဖြစ်လာပါတယ်။ ယေဘုယျအားဖြင့် အဲဒီကျောက်တွေက နာကျင်တာတွေမဖြစ်စေတတ်ပါဘူး။ အဲဒါကြောင့် ကျောက်က ဆီးလမ်းကြောင်းပိတ်တဲ့အခါနဲ့ ဆီးထဲပါလာတဲ့အချိန်မှသာ သိရမှာဖြစ်တယ်။ ဒါပေမဲ့ နာပြီဆိုပါကလည်း ကျောက်တည်ပြီဆိုတာ သေချာပါပြီ။ ဘာကြောင့်လည်းဆိုတော့ အဲဒီနာကျင်မှုဟာ မခံမရပ်နိုင်ဖြစ်လို့ပါပဲ။

• ကင်ဆာ

ဆီးလမ်းကြောင်းသွေးပါတယ်ဆိုတာ ပိုစိုးရိမ်ရတဲ့ ကျောက်ကပ်၊ဆီးအိတ်နဲ့ ဆီးကျိတ်ကင်ဆာလို ရောဂါမျိုးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲဒီကင်ဆာတွေက ကုသနိုင်တဲ့အချိန်တုန်းက လက္ခဏာမပြဘဲ လွန်မှာသာ ပြတတ်တာကြောင့် အလွန့်လွန် သတိထားရပါတယ်။

• မွေးရာပါချို့ယွင်းချက်များ

မွေးရာပါသွေးနီဥချို့ယွင်းတဲ့ Sickle Cell Anemia လို ရောဂါမျိုးတွေမှာလည်း ဆီးတွင်သွေးပါတတ်ပါတယ်။ ယင်းရောဂါဖြစ်နေလျှင် ဆီးတွင်သွေးပါတာကို သာမန်မျက်စိနဲ့ကော မိုက်ကရိုစကုပ် နဲ့ပါ မြင်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့ ရေစစ်အမှေးပါးချို့ယွင်းစေတဲ့ Alport Syndrome လိုရောဂါမျိုးမှာလည်း ဆီးတွင်သွေးပါတတ်ပါတယ်။

• ကျောက်ကပ်တွင် ဒဏ်ရာအနာတရဖြစ်ခြင်း

မတော်တဆမှုနဲ့ ကြမ်းတမ်းတဲ့အားကစားတွေကြောင့် ကိုယ်တွင်းသွေးယိုစီးမှုဖြစ်တဲ့အခါတွေမှာလည်း ဆီးတွင် သွေးပါတတ်ပါတယ်။

• ပင်ပန်းကြမ်းတမ်းတဲ့ အားကစားများ ပြုလုပ်ခြင်း

ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်လည်း အဲဒါက ဆီးတွင်သွေးပါရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါ။ ယင်းအခြေအနေဟာ အားကစားကြောင့် ဆီးအိတ်မှာ ဒဏ်ရာရခြင်းကြောင့် လည်းကောင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့်လည်းကောင်း၊ သွေးနီဥ ပျက်စီးခြင်း များတာကြောင့်လည်ကောင်း ဖြစ်တာဟု ထင်ရပါတယ်။

ကုသခြင်း

ဆီးတွင်သွေးပါခြင်းဟာ တိကျတဲ့ ကုသမှုမရှိတာကြောင့် ဆရာဝန်က ရောဂါရင်းမြစ်ကိုသာ ရှာဖွေကုသပါလိမ့်မယ်။ ထိုကုသမှုများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုးသတ်ဆေးပေးခြင်း၊ ဆီးကျိတ်ကြီးခြင်းကို ဆေးဝါးဖြင့်ကုသပေးခြင်း၊ ဆီးအိတ်နဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို တုန်ခါလှိုင်းအသုံးပြုပြီး ကျောက်ခြေပေးခြင်း တို့ပါဝင်ပါတယ်။

ရောဂါရင်းမြစ်မရှိရင်တော့ ကုသဖို့မလိုပါဘူး။

ဆရာဝန်နှင့် အနည်းဆုံးတစ်နှစ်တစ်ခါပြတာဟာ သင့်ခန္ဓါကိုယ်နဲ့ ဆီးလမ်းကြောင်း ပုံမှန်ဖြစ်နေဖို့ အကောင်းဆုံးနည်းပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/08/2022 ဖြစ်ပါသည်။