backup og meta

ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ.......

ဆီးသွားလိုက်တိုင်း ဆီးတွေ ကအရမ်းပူနေတယ်။ ဘာကြောင့်များလဲမသိဘူးဆိုပြီး စိတ်ညစ်နေတဲ့ Helloဆရာဝန် ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။

ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ.......

ဆီးပူတယ် ဆိုတာ

ဆီးဆိုတာက ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ရေတွေ၊ ဆားတွေ နဲ့ အခြား ဒြပ်ပေါင်းတွေကို ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ ဒီတာဝန်ကို ကျောက်ကပ်က တာဝန်ယူပေးပါတယ်။ ကျောက်ကပ်က ကိုယ်တွင်းမှာ ရေဓာတ်မျှတစေဖို့ နဲ့ electrolyte တွေမျှတမှုရှိနေစေဖို့ ကျောက်ကပ်ကလုပ်ဆောင်ပေးပြီး ပိုလျှံနေတဲ့အရာတွေကို ဆီးအိမ်ထဲမှာ ခန္ဓာကိုယ်အပူချိန်အတိုင်း သိမ်းဆည်းပြီးမှ ပြင်ပကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ဆီးက ပုံမှန်အားဖြင့်တော့ ခပ်နွေးနွေးပါ။ ဒါပေမယ့် ခပ်နွေးနွေးအဆင့် ထက်ကျော်ရင်တော့ ဆီးပူနေတယ်လို့ ပြောရပါမယ်။

ဆီးပူနေတဲ့ လက္ခဏာတွေ

အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးက ပုံမှန်အားဖြင့်ကတော့ ခန္ဓာကိုယ်အပူချိန်နဲ့ အတူတူပါပဲ။ ပုံမှန်အားဖြင့် ဆီးရဲ့ အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် (၃၇ ဒီဂီ စင်တီဂရိတ်) မှာရှိပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ခန္ဓာကိုယ်အပူချိန်က မတူနိုင်ပါဘူး။  ဆီးဟာ ခန္ဓာကိုယ် ပြင်ပကိုရောက်ရှိပြီး မိနစ် အနည်းငယ်အတွင်း အထိ အပူချိန်ဆက်ရှိနေပါတယ်။ ဆီးပူနေတာကို ပြင်ပအပူချိန်နည်းနေချိန်မှာ ပိုပြီး သတိထားမိနိုင်ပါတယ်။

ဆီးတွေက ပုံမှန်ထက်ပိုပူနေတာ ဘာကြောင့်များလဲ………..

ဆီးကတော့ နဂိုကလည်း ပူတတ်ပါတယ်။ ဒါပေမယ့် ဆီးက ပုံမှန်ထက်ပိုပူနေမယ်ဆိုရင်တော့ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

အဖျားရှိနေတာ – အဖျားရှိနေချိန်မှာ ကိုယ်တွေပူသလို ဆီးရဲ့အပူချိန်ကလည်း ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးချိန် – လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သွေးတွေပူနေတတ်ပြီး ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေသလို ဆီးရဲ့ အပူချိန်ကလည်း မြင့်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေရချိန် – ကိုယ်ဝန်ဆောင်နေရချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ဇီဝတွင်းဖြစ်စဉ်က ပုံမှန်ထက်ပိုမြန်နေတတ်ပြီး ခန္ဓာကိုယ်အပူချိန်ကပုံမှန်ထက်ပိုမြင့်နေတတ်ပါတယ်။ ဒါကြောင့် ဆီးကလည်း ပိုပူနေတတ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာ – ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာလည်း ဆီးကပူပြီး ဆီးသွားတဲ့အခါတိုင်းမှာလည်း အောင့်နေတတ်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေခံစားရတဲ့အခါ – လိင်ကတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေကို ကူးစက်ခံထားရတဲ့အခါမျိုးမှာလည်း ဆီးကပူနေတာ ဆီးသွားရင် အောင့်နေတာမျိုးတွေခံစားရနိုင်ပါသေးတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြမလဲ………

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hot Urine: What You Should Know https://www.healthline.com/health/hot-urine Accesssed Date 24 January 2020

Why is your pee warm? https://www.health24.com/Lifestyle/Healthy-you/why-is-your-pee-warm-20170227 Accesssed Date 24 January 2020

ယခုပုံစံ

08/04/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ