brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကဘာလဲ။

Renovascular hypertension ဆိုတာ ကျောက်ကပ်ကိုသွားတဲ့ သွေးစီးကြောင်းပုံမှန်မဟုတ်ပဲ ပြောင်းလဲမှုဖြစ်ရာမှတစ်ဆင့်ဖြစ်တဲ့ သွေးတိုးခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီသွေးတိုးရောဂါမျိုးကို ကျောက်ကပ်ရောဂါရှိတဲ့လူနာတွေမှာ တန်းတွေ့နိုင်သော်လည်း အချိန်အတိုင်းတာတစ်ခုထိ စောင့်ကြည့် စစ်ဆေးခြင်းဖြင့်သာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။

ကျောက်ကပ်အလုပ်လုပ်ပုံကြောင့် ဒီသွေးတိုးရောဂါက မကုပဲထားလျှင် ပိုဆိုးစေနိုင်ပါတယ်။

အကြောင်းရင်းများ

Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အလယ်အလတ်အရွယ်အစားရှိတဲ့ ကျောက်ကပ်သွေးကြောတွေက ကျောက်ကပ်ကို သွေးပုံမှန်စီးဆင်းစေပြီး စစ်ထုတ်ပေးခြင်းဖြင့် ခန္ဒါကိုယ်တွင်းသို့ ပြန်လည်ပတ်စေပါတယ်။ ကျောက်ကပ်ရဲ့စစ်ထုတ်ပေးခြင်းအလုပ်ကို သွေးပေါင်ချိန်က စွမ်းအင်ပေးတာကြောင့် ကျောက်ကပ်ဟာ သွေးပေါင်ချိန်အပြောင်းအလဲဖြစ်တာကို ကောင်းစွာ သိရှိပါတယ်။ အကယ်၍ ကျောက်ကပ်က သွေးပေါင်ချိန်ကျနေတယ်လို့ သတိထားမိတာနဲ့ သွေးပေါင်ပြန်တက်အောင် ဟော်မုန်းတွေထုတ်ပေးပါတယ်။

ကျောက်ကပ်သွေးကြောတွေထဲက သွေးဆင်းမှုဟာ အကြောင်းအမျိုးမျိုးကြောင့် စီးဆင်းတာ နည်းသွားလျှင် ကျောက်ကပ်က သွေးပေါင်ကျတယ်လို့ အထင်မှားသွားနိုင်ပါတယ်။ ဥပမာ- ကျောက်ကပ်သွေးကြောကျဉ်းရောဂါလို့ခေါ်တဲ့ ရောဂါက ကျောက်ကပ်သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး ကျောက်ကပ်သို့သွေးရောက်မှုနည်းစေပါတယ်။

ဒါကို သိသွားတဲ့ကျောက်ကပ်က ရီနင် (Renin) လို့ခေါ်တဲ့ ဟော်မုန်းတွေထုတ်ပြီး သွေးပေါင်မြင့်တက်စေကာ ပုံမှန်သွေးဆင်းမှုကို ပြန်ရစေပါတယ်။

ပြသနာက ကျောက်ကပ်သွေးကြောကျဉ်းရောဂါမှာ သွေးစီးဆင်းမှူနည်းခြင်းက တကယ်တော့ သွေးပေါင်ကျတာကြောင့်မဟုတ်ပါဘူး။

ဒီအခြေအနေမှာ ကျောက်ကပ်က ကျဉ်းနေတဲ့ကျောက်ကပ်သွေးကြောတွေထဲက သွေးကိုအတင်းတွန်းဖြတ်နိုင်ရန် သွေးပေါင်တိုးပေးခြင်းဖြင့် ကျန်ခဲ့ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကျောက်ကပ်ရောဂါသည် သို့ သွေးကြောပိုင်းဆိုင်ရာရောဂါရှိနေတဲ့ လူနာတွေမှာ သွေးတိုးနေခြင်းဟာ renuvascular hypertension ကြောင့်လို့ပဲ အပြစ်တင်ရပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ သတိထားစုံစမ်းလေ့လာခြင်းနှင့် စစ်ဆေးမှုအမျိုးမျိုးလုပ်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။

renovascular hypertension ကိုပြတဲ့ တချို့သောလက္ခဏာတွေကတော့

• အသက်၃၀ အောက်လူတွေမှာ သွေးအလွန်တိုးနေခြင်း

• အသက် ၅၅ နှစ်အထက်လူကြီးတွေမှာ ရုတ်တရက် သွေးအလွန်တိုးခြင်း

• ဆေးသောက်ခြင်းဖြင့် မပျောက်သော သွေးတိုးခြင်း

• ယခင်သွေးကျဆေးတွေကို တုံ့ပြန်မှုမရှိတော့တဲ့ သွေးတိုးခြင်း

သွေးစစ်ခြင်းတွေကို renovascular hypertension လို့ သံသယဝင်တဲ့အခြေအနေတွေမှာ ပြုလုပ်သော်လည်း အသေချာဆုံးသောနည်းလမ်းက သွေးကြောတကယ်ကျဉ်းမကျဉ်းကြည့်ရှုခြင်းပင်ဖြစ်ပါတယ်။ ဒါကိုတော့ ဖောက်ထွင်းစစ်ဆေးခြင်းတွေမဟုတ်တဲ့ သံလိုက်ဓါတ်မှန် သို့ ကွန်ပြူတာဓါတ်မှန်တွေစစ်ဆေးခြင်းဖြင့်သိနိုင်သော်လည်း တခါတရံ ဖောက်ထွင်းစစ်ဆေးနည်းတွေလည်းလိုအပ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ပေါင်ကြားတွင်းမှ ပိုက်သေးတစ်ချောင်းကို ကျောက်ကပ်သွေးကြောထဲထိ ထည့်ပြီး ဆိုးဆေးအနည်းငယ်ကို ပြိက်ထိပ်မှ ထည့်ပါတယ်။ ပြီးတော့ ဆိုးဆေးသွားရာလမ်းကြောင်းတစ်လျှောက်ကို ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် ထွက်လာသောပုံတွေမှာ ဘယ်နေရာမှာ သွေးကြောကျဉ်းနေလဲဆိုတာ သိနိုင်ပါတယ်။

Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

Renovascular hypertension ကို ကုသခြင်းဟာ ပုံမှန်သွေးတိုးကုသခြင်းနှင့် မတူပါဘူး။ ဘာဖြစ်လို့လဲဆိုလျှင် ဒီရောဂါရဲ့ထူးခြားချက်က ပုံမှန်သွေးကျဆေးတွေကို မတုံ့ပြန်နိုင်ခြင်း နှင့် ပုံမှန်ကုသနည်းတွေက မထိရောက်နိုင်ခြင်းပဲဖြစ်ပါတယ်။

renovascular hypertension ရဲ့ သွေးတိုးများနေခြင်းက အမှန်တော့ ပုန်းကွယ်နေတဲ့ရောဂါဖြစ်တဲ့ ကျောက်ကပ်သွေးကြောကျဉ်းနေခြင်းရဲ့ လက္ခဏာတစ်ခုသာ ဖြစ်သောကြောင့် ၎င်းသွေးကြောကျဉ်းရောဂါကို သာကုသရာမှာ ဖြစ်ပါတယ်။

ကျောက်ကပ်သွေးကြောကို ဘယ်အရာကကျဉ်းနေစေလဲဆိုတာပေါ်မူတည်ပြီး ကုသမှုနည်းတွေ အမျိုးမျိုးပြောင်းလဲနိုင်သော်လည်း အဓိကရည်ရွယ်ချက်ကတော့ သွေးကြောကျယ်စေပြီး ကျောက်ကပ်ကို သွေးပုံမှန်ပြန်လျှောက်စေတာခြင်းတူပါတယ်။

သက်ကြီးရွယ်အိုတွေမှာ ရုတ်တရက် နှလုံးဖောက်ခြင်း ဖြစ်သလိုမျိုးပဲ အဆီဖတ်တွေကြောင့် သွေးကြောကျဉ်းခြင်းဖြစ်ပေါ်ပါတယ်။ ပထမဆုံးကုထုံးကတော့ ၎င်းအဆီတွေကို ပျော်ဝင်စေဖို့ဆေးတွေပေးရမှာဖြစ်ပါတယ်။ အကယ်၍ ဒီနည်းနှင့် မအောင်မြင်လျှင်တော့ ပိုပြီးဖောက်ထွင်းကုသရတဲ့ သွေးကြောကိုနဂိုအရွယ်အစားပြန်ဖြစ်အောင် ခွဲစိတ်နည်းဖြစ်တဲ့ stent (ပိုက်) ထည့်ခြင်းပြုလုပ်ရပါလိမ့်မယ်။

တချို့အခြေအနေတွေမှာ ဒီကျဉ်းမြောင်းခြင်းတွေက ကုသဖို့ ခက်ခဲစေနိုင်ပါတယ်။ တချို့ရောဂါတွေက သွေးကြောနံရံတွေကို ထူလာစေပြီးတော့လည်း ကျဉ်းမြောင်းစေနိုင်ပါတယ်။ ဒီလိုမျိုးတွေမှာ သောက်ဆေးနှင့် မရပဲ stent ထည့်တာ သို့ ဒီထက်ပိုပြီးခွဲစိတ်မှုတွေ ပြုလုပ်ရလာနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေမှာတော့ လူနာတစ်ယောက်နှင့် တစ်ယောက် ရောဂါအခြေအနေတွေအပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။

Renovascular hypertension တွေကို ကုသရတာဟာ တခြားပုံမှန်သွေးတိုးရောဂါတွေကုတာထက် ပိုခက်ခဲပြီး အောင်မြင်မှုတွေ ရှိသော်လည်း အန္တရာယ်များပြီး နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများနိုင်ပါတယ်။ ဒီရောဂါကို တိုက်ခိုက်ဖိုပအတွက် အရေးကြီးဆံးခြေလှမ်းကတော့ သင့်တော်တဲ့ ကုသမှုတွေပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်နှင့် အတူလက်တွဲဖြေရှင်းခြင်းပဲဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Kaung Thar · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။