backup og meta

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာက ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေ၊ ဆားတွေ စုပုံပြီး အစိုင်အခဲ ဖြစ်လာတာပါ။ ဒီအစိုင်အခဲလေးတွေကို ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်တဲ့အခါ နာကျင်မှုကို ခံစားရပါတယ်။

များသောအားဖြင့်ကတော့ ဆီးထဲမှာပါတဲ့ အရည်ဓာတ်က စွန့်ထုတ်လိုက်တဲ့အရာတွေကို တစ်ခုနဲ့တစ်ခု ပေါင်းပြီး အစိုင်အခဲ ဖြစ်မသွားစေဖို့ ကာကွယ်ပေးပါတယ်။

ကျောက်တည်တာက ဆီးလမ်းကျောက်တည်တယ်လို့ ပြောကြပေမယ့် များသောအားဖြင့်ကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါ။ ဆီးလမ်းကြောင်း တလျှောက်မှာလည်း ဖြစ်နိုင်ပါတယ်။

ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်တည်ရခြင်း အဓိက ပြဿနာက ရေသောက်နည်းတာကနေ စတာပါ။ ဒါ​ကြောင့် ကျောက်ကပ် ကျောက်မတည်စေဖို့ဆိုရင်

ဆီးထဲမှာ ရေဓာတ် များများပါတာက ဆီးထဲက သတ္တုဓာတ်တွေနဲ့ ဆားဓာတ်တွေကို  စုပုံတာမျိုး ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားတဲ့အခါတိုင်း ဆီးအရောင်ကို ကြည့်ပါ။

ဆီးအရောင်က အရောင်ဖျော်ဖျော့လေးဖြစ်နေတဲ့အထိ ရေကို များများသောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်တာက ကျောက်ကပ်မှာ ကျောက်မတည်စေဖို့ ကာကွယ်ရာရောက်ပါတယ်။

ဆိုဒီယမ်၊ ဆား အစားများတာက ရေတွေစုပြီး ဖောတာရောင်တာကို ဖြစ်စေနိုင်သလို၊ ရေဓာတ် ကုန်ခမ်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာမှာ ဆားပမာဏ များများ စားသုံးတာက ကိုယ်တွင်းရေဓာတ်ကို ကျစေပြီး ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။

ဒါ​ကြောင့် တတ်နိုင်သမျှ ဆားလျှော့စားပါ။ အငန်ကဲတဲ့ အစားအစာတွေကို လျှော့စားပါ။

အဝလွန်တာက ကျောက်ကပ်ကို ဝန်ပိစေနိုင်တာကြောင့် ကျောက်ကပ်လေး ကျန်းမာစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းဖို့ လိုပါမယ်။

ကိုယ်အလေးချိန်များနေလို့ ဝိတ်ချမယ်ဆိုရင်လည်း အစားလုံးဝဖြတ်လိုက်တာမျိုး မလုပ်ဘဲ နည်းနည်းချင်းစီ လျှော့ပါ။ ကိုယ်အလေးချိန်ကို အပြင်းအထန်လျှော့ချတာကလည်း ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ အသားတွေကို သင့်တင့်တဲ့ ပမာဏပဲ စားပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါ။

  • Calcium oxalateပါတဲ့ အစားအစာတွေကို အလွန်အကျွံ မစားပါနဲ့။

ဒီဓာတ် ၂ ခုက သီးသန့်စားရင် ကျန်းမာစေတယ်ဆိုပေမယ့် ဒီဓာတ်နှစ်ခုတွဲစပ်ပြီးတဲ့အနေအထားနဲ့ ပါဝင်နေတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

ဒါကြောင့် ဂရိတ်ဖရု၊ ခရင်မ်ဘယ်ရီ၊ အာလူး၊ ပဲပိစပ်၊ဟင်းနုနွယ်၊ မြေပဲ၊ သီဟိုဠ်စေ့၊ ချောကလက်၊ ကညွတ်၊ ဘယ်ရီသီးတွေစတာတွေကို လျှော့စားပါ။

ကဖင်း အများကြီးသောက်တာ၊ စားတာက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကိုယ်တွင်း ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ကဖင်းပမာဏ ၄၀၀ မီဘီဂရမ်သာ စားသုံးပေးဖို့ လိုပါမယ်။

ကဖင်းဆိုတဲ့နေရာမှာ ကော်ဖီအပြင် ဆိုဒါ၊ ချောကလက်၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် စတာတွေကို လျှော့ဖို့ လိုပါမယ်။

အချိုကဲတဲ့ အချိုရည်တွေက ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။ ဒါကြောင့် ရေအစား အချိုရည်သောက်တာ၊ အချိုရည်တွေကို အတိုင်းထက်အလွန် သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What are Kidney Stones? https://www.urologyhealth.org/urology-a-z/k/kidney-stones Accessed Date 10 Deceber 2020

Kidney Stones (nephrolithiasis) https://www.medicinenet.com/kidney_stones/article.htm Accessed Date 10 Deceber 2020

ယခုပုံစံ

03/09/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ