brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ကဘာလဲ။

ကျောက်ကပ်ထဲမှာ အရည်တွေပြည့်နေတဲ့ အိတ်များ ကြီးထွားလာခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအိတ်များဟာ ကျောက်ကပ်များကို ပုံမှန်အလုပ်လုပ်နိုင်တဲ့ အခြေအနေမှ ပျက်ယွင်းစေပါတယ်။ သွေးတိုးခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကျောက်တည်ခြင်း စတဲ့ပြသနာတွေ ဖြစ်စေပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းလည်း ဖြစ်စေနိုင်ပါတယ် (လူတိုင်းမှာတော့ မဖြစ်တတ်ပါဘူး)

Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်းတွေထဲမှာမှ တွေ့ရအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းက လူမျိုးပေါင်းစုံမှာ ဖြစ်တတ်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကတွေ့ရတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဝမ်းဗိုက်၊ ခါး အောင့်ခြင်း
  • သွေးထဲတွင် ဆီးပါခြင်း
  • သွေးတိုးခြင်း
  • ကျောက်ကပ်တွင် ကျောက်တည်ခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်မှု မကြာခဏ ဖြစ်ခြင်း
  • နောက်ဆုံးတွင် ကျောက်ကပ်လုပ်ငန်းများ ရပ်တန့်ခြင်း (နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ခြင်း)
  • အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    အကြောင်းရင်းများ

    Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

    ဒီအန်အေမှာရှိတဲ့ PKD1 (သို့) PKD2 ဗီဇတမျိုးမျိုး ချို့ယွင်းရင် ဖြစ်တတ်ပါတယ်။ အဲဒီဗီဇတွေဟာ ကျောက်ကပ်ဆဲလ်တွေက ပရိုတိန်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီတမျိုးမျိုးမှာ ပြသနာရှိရင် ကျောက်ကပ်ဆဲလ်တွေကို ပုံစံမမှန်ဘဲ ကြီးထွားစေပြီး အရည်အိတ်တွေ ဖြစ်ပေါ်စေပါတယ်။

    မျိုးရိုးဗီဇရောဂါများဟာ မိဘနှစ်ပါးလုံးဆီက ချို့ယွင်းတဲ့ ဗီဇတွေကို ရရှိရင် ဖြစ်တတ်ပေမယ့် ဒီရောဂါမှာတော့ တမျိုးချို့ယွင်းရုံနဲ့ ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လွှမ်းမိုးဗီဇလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ သဘောကတော့ ဗီဇတခုမှာ ပြသနာရှိရုံနဲ့ ဖြစ်စေပါတယ်။

    မိဘတယောက်မှာ ရောဂါရှိရင် ကလေးတွေမှာ ဖြစ်နိုင်ခြေ ၅၀-၅၀ ရှိပါတယ်။

    မိဘနှစ်ပါးစလုံးမှာ ရောဂါမရှိလည်း ဖြစ်တတ်ပါတယ်။ ကလေးကိုယ်တိုင်ရဲ့ ဗီချို့ယွင်းနေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာ ရှားပါတယ်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

    • မိသားစုရာဇဝင်ရှိခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဒီရောဂါရှိတယ်လို့ သံသယရှိရင် ကျောက်ကပ်အထူးကု ဆရာဝန်ဆီ လွဲပါလိမ့်မယ်။ အောက်ပါအချက်တွေ မေးပါလိမ့်မယ်။

    • ဘယ်လိုလက္ခဏာတွေ ဖြစ်လဲ၊ ဘယ်တုန်းကစဖြစ်လဲ
    • ဘယ်လောက်ဖြစ်တတ်လဲ
    • သွေးပေါင်ချိန်ကို သိလား
    • နာသလား၊ ဘယ်နေရာမှာ နာတတ်လဲ
    • ကျောက်ကပ်မှာ ကျောက်တည်ဖူးလား
    • မိသားစုဝင်ထဲမှာ ကျောက်ကပ်ရောဂါဖြစ်ဖူးလား
    • မျိုးရိုးဗီဇစစ်ဆေးမှုအကြောင်း ကြားဖူးလား စတာတွေ ဖြစ်ပါတယ်။

    ကျောက်ကပ်ပုံရိပ်တွေကို ပုံဖော်ပြီး အရည်အိတ်များကို စစ်ဆေးပါလိမ့်မယ်။ အာထရာဆောင်း ရိုက်နိုင်ပါတယ်။ အရည်အိတ်အရွယ်အစားတွေ သေးငယ်နေလို့ အာထရာဆောင်းမှာ မတွေ့ရင် အောက်ပါနည်းလမ်းတွေ သုံးနိုင်ပါတယ်။

    • MRI။ သံလိုက်စက်ကွင်းနဲ့ ရေဒီယိုလှိုင်းတွေ သုံးပြီး ကိုယ်တွင်းအင်္ဂါတွေကို ပုံဖော်ခြင်း ဖြစ်ပါတယ်။
    • CT scan။ စွမ်းအားမြင့်ဓါတ်မှန်ပုံရိပ်တွေဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အသေးစိတ် မြင်နိုင်ပါတယ်။

    PKD1, PKD2 စတဲ့ ဗီဇတွေအတွက် မျိုးရိုးဗီဇ စစ်ဆေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်တွေတော့ ရှိပါတယ်။ ဗီဇရှိကြောင်းကိုသာ သိနိုင်ပြီး ရောဂါဖြစ်သလား၊ ဘယ်လောက်ဆိုးသလဲ မသိနိုင်ပါဘူး။

    Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

    ကုသနည်း မရှိပါဘူး။ ဒါပေမယ့် ရောဂါကြောင့်ဖြစ်တဲ့ ပြသနာတွေကိုကုသနိုင်ပြီး ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

    • သွေးကျဆေးများ
    • ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးများ
    • အကိုက်အခဲပျောက်ဆေး

    ကျောက်ကပ်ပျက်စီးရင် စက်အသုံးပြုပြီး သွေးသန့်စင်ဖို့ လိုအပ်ပါတယ်။ အဲဒီစက်ဟာ အညစ်အကြေး၊ ဆား၊ ပိုနေတဲ့ရေနဲ့ ဓါတုပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    ကျောက်ကပ်လှူဒါန်းသူရှိရင် ကျောက်ကပ်အစားထိုးခြင်း ပြုလုပ်နိုင်ပါတယ်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ် ဖြစ်ခြင်းအတွက် အထောက်အကူ ပြုသလဲ

    အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

    • အစားအသောက်မှန်မှန်စားခြင်း။ အဆီဓါတ်နဲ့ ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်တွေဟာ အထောက်အကူ ပြုပါတယ်။ ဆားဟာလည်း သွေးတိုးစေတာမို့ လျှော့စားပါ။
    • တက်ကြွစွာနေထိုင်ခြင်း။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ကိုယ်အလေးချိန်နဲ့ သွေးတိုးကို ထိန်းနိုင်ပါတယ်။ ကျောက်ကပ်ကို ထိခိုက်နိုင်တဲ့ အားကစားတွေတော့ ရှောင်ပါ။
    • ဆေးလိပ်ဖြတ်ခြင်း။ ဆေးလိပ်သောက်ခြင်းဟာ ကျောက်ကပ်ရဲ့ သွေးကြောတွေကို ထိခိုက်စေပါတယ်။ အရည်အိတ်တွေ ပိုဖြစ်စေနိုင်ပါတယ်။
    • ရေများများသောက်ခြင်း။ ရေဓါတ်ခန်းခြောက်ခြင်းဟာ အရည်အိတ်တွေ ပိုဖြစ်စေပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Dr. Thant Zin
    Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/12/2019 ဖြစ်ပါသည်။