ခန္ဓါကိုယ်က အစိတ်အပိုင်းတွေ အားလုံးကျန်းမာနေမှနေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာလှုပ်ရှားနိုင်မှာပါ။ အစိတ်အပိုင်းတိုင်း ကသူ့အခန်းကဏ္ဍကို အကောင်းဆုံး ထမ်းဆောင်နေလို့သာ စိတ်သွားတိုင်း ကိုယ်ပါနေရတာပါ။ တကယ်လို့များ ခန္ဓါကိုယ် အစိတ်အပိုင်းတစ်ခုခု ကအလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ နာမကျန်းဖြစ်မှုတွေက စလာတော့မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနေတဲ့ ကိုယ်တွင်းအင်္ဂါလေးတစ်ခုအကြောင်းဆွေးနွေးချင်ပါတယ်။
ကျောက်ကပ်
နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းပါ။ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။
ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓါကိုယ်တွင်း ကအညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓါကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တါင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုသွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် Dဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။
ဒီလောက်တာဝန်အများကြီးကို ယူထားမှတော့ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာဖို့အတွက်ကျောက်ကပ်ကျန်းမာဖို့က မရှိမဖြစ်လိုအပ်မယ်ဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။
ခန္ဓါကိုယ်အတွက် အရေးကြီးတဲ့ကျောက်ကပ်လေးတွေ ကျန်းမာနေစေဖို့ ဘာတွေလုပ်ရမလဲ………..
ကျောက်ကပ်လေးတွေ ကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေးတွကို သတိထားလုပ်ဆောင်ပေးသင့်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
နေ့စဉ်ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်ကို ကျစ်လျစ်စေရုံတင်မဟုတ်ဘဲ နာတာရှည်ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်လို့ နှလုံးကျန်းမာစေနိုင်သလို နာတာရှည်ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။
ဒါကြောင့်နေ့စဉ် အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ယောဂကစားတာ၊ ကတာတွေကို လုပ်ပေးသင့်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်တာကကျောက်ကပ်လေးတွေကို ကျန်းမာစေနိုင်မှာပါ။
ဆီးချိုရောဂါရှိသူတွေနဲ့ ပုံမှန်ထက်သွေးတွင်းသကြားဓါတ်မြင့်နေသူတွေကကျောက်ကပ်ထိခိုက်နိုင်ခြေ ပိုများနေကြပါတယ်။သွေးတွင်းသကြားဓါတ်က ခန္ဓါကိုယ်ဆဲလ်တွေလိုအပ်တဲ့ ပမာဏထက်ပိုများနေတဲ့အခါကျောက်ကပ်ကသွေးတွေကို စစ်ထုတ်ဖို့ အလုပ်ပိုလုပ်ရပါတယ်။ ဒီအခြေအနေကရေရှည်ဖြစ်လာတဲ့အခါကျောက်ကပ်ကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။
တစ်နေ့ကိုရေ ၈ ခွက်သောက်တာကကျောက်ကပ်ကျန်းမာရေးကိုဂရုစိုက်နေတာပါပဲ။ ဒါကြောင့်နေ့စဉ်တိုင်းမှာရေသောက်မပျင်းပါနဲ့။ရေကို လုံလောက်တဲ့ ပမာဏဖြစ်အောင်သောက်သုံးပေးပါ။ရေသာက်တာကကျောက်ကပ်ထဲက အဆိပ်အတောက်တေါကို အထိရောက်ဆုံးဖယ်ရှားပစ်နိုင်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါခံစားရနိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။
ကျောက်ကပ်ကျန်းမာဖို့ ဘာတွေစားမလဲ………
အစားအသောက်တိင်းကကျောက်ကပ်ကို မကျန်းမာစေနိုင်ပါဘူး။ အချို့အစားအစာတွေဆိုရ်ငကျောက်ကပ်ကိုတော်တော်လေးထိခိုက်စေနိုင်တာပါ။ ဒါကြောင့်ကျောက်ကပ်ကျန်းမာနေစေဖို့ဆိုရင်
- ပန်းဂေါ်ဖီ
- ဘလူးဘယ်ရီ
- ငါး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ဂေါ်ဖီထုတ်
- ပန်းငရုတ်ပွ
- ပန်းသီး စတာတွေကို စားသုံးပေးလို့ရပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့ အစားအစာတွေကိုတော့ရှောင်သင့်ပါတယ်။

















