လူကြားထဲဖြစ်စေ၊ ရုံးမှာဖြစ်စေ မကြာခဏ အိမ်သာပြေးရသူတွေ တွေ့ဖူးကြပါလိမ့်မယ်။ သူများထက်ပိုပြီး မကြာခဏဆီးသွား လေ့ရှိသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ အရှက်ရစရာနဲ့ ကြုံရလေ့ရှိသလို လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ယခုဆောင်းပါးလေးမှာတော့ ဒီလိုဆီးရွှင်လေ့ရှိသူတွေအတွက် ရှောင်ရန်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မကြာခဏဆီးသွား နေတတ်သူများအတွက် နည်းလမ်းကောင်းများ
(၁) ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဆေးလိပ်တို့ကို ဝေးဝေးရှောင်ပါ။
ကော်ဖီနဲ့ ဆိုဒါများများသောက်သူများ၊ ဆေးလိပ် အသောက်များသူများ၊ ရေနွေးကြမ်းကို နှစ်ခြိုက်စွာသောက်သုံးလေ့ရှိသူများဟာ အခြားသူတွေထက်စာရင် ဆီးရွှင်လေ့ရှိပါတယ်။ အရည်တွေကြောင့် ဆီးသွားချင်တဲ့အပြင် ကဖိန်းဓာတ်နဲ့ နီကိုတင်းဓာတ်တို့ကလည်း ဆီးသွားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။
(၂) တက်ကြွစွာနေထိုင်ပါ။
အဝလွန်ခြင်းနဲ့ ဇိမ်အပြည့်နဲ့ အထိုင်များတဲ့ပုံစံတွေကက ဆီးကို ပိုရွှင်စေတယ်ဆိုတာ သိပါသလား။ ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေက ဆီးအိမ်ကြွက်သားကို ဖိမိစေပြီး အားနည်းစေနိုင်ပါတယ်။ ဒီကနေတဆင့် ဆီးယိုစေပြီး ဆီးသွားချင်စိတ်ကို ဖြစ်စေတာပါ။ ဒီလိုလူမျိူးတွေအနေနဲ့ ဆက်တိုက်ထိုင်နေတာကို ရှောင်ပြီး လှုပ်လှုပ်ရှားရှားနေပေးဖို့ လိုပါတယ်၊၊
(၃) စိတ်ဖိစီးမှုတွေကို အဝေးသို့ ကန်ထုတ်ပါ။
စိတ်ဖိစီးမှုနဲ့ ဆီးမကြာခဏသွားခြင်းဟာ ခွဲခြားမရပါဘူး။ ဆီးရွှင်သူများအနေနဲ့ လူကြားသူကြားထဲ ဆီးထသွားရမှာ စိုးရိမ်ပူပန်တတ်ကြသလို ဒီစိုးရိမ်ပူပန်မှုကပဲ ဆီးသွားချင်စိတ်ကို ပိုမိုလှုံ့ဆော်ပေးပါတယ်။
တစ်နေ့ကို အချိန်နည်းနည်းစီပေးပြီး ဆီးသွားလိုစိတ်မဖြစ်မီ ကြိုတင်သွားထားပါ။ ဒီလိုအကျင့်လုပ်ပေးခြင်းဖြင့် ဆီးအိမ်ရဲ့ စွမ်းရည်ကို တိုးစေပြီး မကြာခဏဆီးသွား လိုစိတ်ကို သက်သာစေနိုင်ပါတယ်။
(၅) အိပ်ရာဝင်ခါနီး အရည်များများသောက်ခြင်းကို ရှောင်ပါ။
ညနက်သန်းခေါင် ဆီးထသွားရခြင်းဘေးမှ ကင်းဝေးစေဖို့ အိပ်ခါနီးမှာ ကော်ဖီနဲ့ ရေများများသောက်ခြင်းကို ရှောင်ပါ။ ညနေ၆နာရီနောက်ပိုင်းမှာ အရည်များများမသောက်မိအောင် ကြိုးစားပါ။ မအိပ်ခင် ဆီးသွားခြင်းဟာလည်း ကောင်းသောအလေ့အထတစ်ခုပါပဲ။
(၆) Kegel လေ့ကျင့်ခန်းပြုလုပ်ပါ။
Kegelလေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။ ထို့ပြင် ဆီးအိမ်ကြွက်သားတွေကိုပါ ကြံ့ခိုင်စေလို့ ဆီးမထိန်းနိုင်သောသူများ ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။
Kegalလေ့ကျင့်ခန်းကို ပြုလုပ်ဖို့အတွက် ကြမ်းပြင်ပေါ်လှဲပါ။ မိန်းမကိုယ်နဲ့ တင်ပါးဆုံကြမ်းပြင်ရှိ ကြွက်သားများကို ညှစ်ထားသောအနေအထားဖြင့် ၅စက္ကန့်ကနေ ၁၀စက္ကန့်နေပါ။ ထို့နောက် ညှစ်ထားတာကို ဖြေလျှော့ပါ။ တစ်ခါလုပ် ဆယ်ကြိမ်နဲ့ ၃ကျော့လောက် ပြုလုပ်ပါ။ နေ့စဉ်ပြုလုပ်ခြင်းဖြင့် တင်ပါးဆုံကြမ်းခင်းကြွက်သားတွေ သန်မာလာစေပြီး မကြာခဏဆီးသွား လိုခြင်းကို ထိန်းချူပ်လာနိုင်ပါလိမ့်မယ်။
ရေးသားသူ -Dr. Rose