
ဆီးသွားရတာခက်တာ၊ ဆီးကျန်နေတယ်လို့ ခံစားရတာတွေ၊ ဆီးအိမ်ကြီးတင်းနေပေမယ့် ဆီးသွားလို့ မရတာမျိုးတွေကို တော်တော်များများ ကြုံဖူးကြားဖူးကြမှာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဆီးမထိန်းနိုင်တာကပြဿနာတစ်ခုဆိုပေမယ့် ဆီးသွားချင်ရက်နဲ့ ဆီးပေါက်လို့ မရတဲ့ ပြဿနာက ပိုဆိုးပါတယ်။
ယောက်ျားမှာဆီး မိန်းမမှာမီးဆိုတဲ့အတိုင်း ဆီးနဲ့ပက်သက်တဲ့ ပြဿနာတွေက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆီးပြဿနာတွေက အသက် ၄၀ကျော်ကနေ အသက် ၈၀ ကြားထဲရှိတဲ့ အမျိုးသား ၁၀၀၀ မှာ ၅ ယောက် ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သူ့မှာ
ဆီးသွားချင်နေပြီး လုံးဝပေါက်လို့မရဘူးဆိုတော့ တကယ်ကို နာကျင်ပြီး ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ acute urinary retention ဆို ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုအပ်ပါတယ်။
ဒီပြဿာနာမှာတော့ ဆီးက ရုတ်တရက်ကြီးလုံးဝ ပေါက်လို့ မရတာမျိုး မဟုတ်ဘဲ ဆီးနည်းနည်းသာသွာပြီး ဆီးကျန် နေတယ်လို့ ခံစားနေရတာမျိုးဖြစ်ပါတယ်။ ဒီနာတာရှည်ဆီးမသွားနိုင်တဲ့ ပြဿနာဟာ နောက်ဆက်တွဲဆိုးကျိုးတွေ များတဲ့အတွက် ခုအောက်မှာ ပြောပြမယ့်လက္ခဏာ ၁ခုထက်ပိုပြီးရှိနေရင် ဆရာဝန်ဆီ ချက်ချင်းသွားသင့်ပါတယ်။
ဆီးသွားရခက်တာ၊ ဆီးမပေါက်နိုင်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဆီးလမ်းကြောင်း ပိတ်တာနဲ့ ဆီးလမ်းကြောင်းမပိတ်တာဆိုပြီး အဓိက ၂ ခု ခွဲလို့ရပါတယ်။
ဆီးလမ်းကြောင်းကို ပိတ်စေတဲ့ အကြောင်းအရင်းများ ။ ။
ဆီးလမ်းကြောင်း မပိတ်ဘဲ ဆီးသွားရခက်စေတဲ့ ပြဿနာတွေကတော့
ဆီးသွားရခက်တာကို အကောင်းဆုံးဖြေရှင်းနိုင်တာက ဆရာဝန်ဆီသွားပြတာပဲ ဖြစ်ပါတယ်။ ကုသမှုပုံစံနဲ့ ကြာချိန်ကတော့ သင့်ဖြစ်နေတဲ့ ပြဿာနာပေါ်မှာပဲ မူတည်ပါတယ်။ ဆရာဝန်ကနေပြီးတော့မှ ကိုယ့်ရောဂါနဲ့ ကိုက်ညီတဲ့ ကုသမှုတွေ ဖြစ်တဲ့
ဆီးသွားရခက်တဲ့ ပြဿနာဆိုတာကလည်း အင်မတန်မှ ခံစားရခက်တဲ့ ပြဿနာဖြစ်တဲ့ပြင် နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိပြီး ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေတာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြတာကသာ အကောင်းဆုံးပါ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။