brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ညဘက်မှာရော နေလောင်ကာခရင်မ် လိမ်းမလား...မလိမ်းဘူးလား.....

နေလောင်ကာခရင်မ် ကို နေ့ဘက်မှာ နေရာင်ဒဏ်ကနေ ကာကွယ်ဖို့ လိမ်းတာက သဘာဝကျပါတယ်။ ညဘက်မှာတော့ နေရောင်မရှိလို့ လူးစရာလိုမယ်မထင်ပါဘူးဆိုတာ အများက လက်ခံထားတဲ့အချက်တစ်ခုပါ။ ဒီတစ်ခေါက်တော့ ညဘက်မှာရော နေလောင်ကာခရင်မ် လူးဖို့လိုမလား… ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ…ဆိုတာတွေကို ပြောပြပေးချင်ပါတယ်။

ညဘက်မှာရော နေလောင်ကာခရင်မ် လိမ်းမလား...မလိမ်းဘူးလား.....

နေလောင်ကာခရင်မ် ရဲ့ အဓိကတာဝန်က ဘာလဲ………

ဒါကတော့ ရှင်းပါတယ်။ နေလောင်ကာခရင်မ် ဆိုမှတော့ အသားအရေကို နေရောင်ဒဏ်ကနေ ကာကွယ်ပေးတာပေါ့။ နေရောင်ကြောင့်

နေလောင်ကာခရမ် ကို ညဘက်လိမ်းဖို့လိုမလား……….

နေလောင်ကာခရင်မ်က နေရောင်ဒဏ်ကနေ အသားအရေကို ကာကွယ်ပေးတယ်ဆိုမှတော့ ညဘက်လူးဖို့လိုပါ့မလား……. လို့မေးစရာ အကြောင်းရှိပါမယ်။ ညဘက်မှာ နေလောင်ကာခရင်မ်ကိုလိမ်းပြီး အိပ်မယ်ဆိုရင် ချွေးပေါက်တွေပိတ်ဆို့လို့ ဝက်ခြံတွေထွက်မယ်၊ အသားအရေကို ထိခိုက်စေမယ်လို့ ယူဆစရာရှိပါတယ်။ ဒါက မမှန်ဘူးလားဆိုတော့ ထိုက်သင့်သလောက်တော့ မှန်ပါတယ်။

ဒီလိုဖြစ်ရတာရဲ့ အဓိကအကြောင်းအရင်းက နေလောင်ကာခရင်မ်မှာပါတဲ့ ပါဝင်ပစ္စည်းကြောင့်ပါ။ နေလောင်ကာခရင်မ်က အဆီပါဝင်မှုများမယ်၊ အရမ်းပျစ်နေမယ်ဆိုရင်တော့ ညဘက်လိမ်းအိပ်တာက အသားအရေက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တာကြောင့် ဝက်ခြံထွက်တာ၊ အဆီဖုဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။ နေလောင်ကာခရင်မ်က ဒီလိုအမျိုးအစားဆိုရင် ညဘက်မှာ လိမ်းအိပ်တာက အသားအရေကို အာဟာရဖြည့်ပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။

နေလောင်ကာခရင်မ် (အထူးသဖြင့် ဝက်ခြံထွက်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ နေလောင်ကာခရင်မ်) က ချွေးပေါက်ပိတ်ဆို့မှုမရှိဘဲ ဝက်ခြံတွေကိုသက်သာစေနိုင်တဲ့ အာနိသင်တောင်ရှိတယ်၊လို့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒါကြောင့် ညဘက်အိပ်ခါနီးမှာ water-base အမျိုးအစားဖြစ်ပြီး non – comedogenic ဆိုတဲ့ စာတန်းပါတာမျိုးကိုရွေးချယ်ပါ။ ဒီလိုအမျိုးအစား နေလောင်ကာခရင်မ်က ချွေးပေါက်ပိတ်ဆို့မှုကင်းစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာပါ။

ညဘက်အိပ်တဲ့အခါ နေလောင်ကာခရင်မ်လူးပေးတာက အသားအရေအတွက် အကျိုးရှိတယ်ဆိုတာနဲ့ တစ်နေကုန်လိမ်းထားတဲ့ နေလောင်ကာခရင်မ်ကို မသန့်စင်ဘဲ အိပ်လိုက်လို့ရတယ်လို့ အတွေးမမှားစေချင်ပါဘူး။ ဒါက မျက်နှာအသားအရေကို ထိခိုက်စေပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာတစ်နေကုန်လိမ်းထားတဲ့ ပြင်ဆင်ခြယ်သမှုတွေနဲ့ နေလောင်ကာခရင်မ်တို့ကို သန့်စင်ပြီးမှာ သန့်စင်ခြောက်သွေ့နေတဲ့ မျက်နှာပေါ်မှာ နေလောင်ကာခရင်မ်ကို လိမ်းပေးပါ။ ဒါက အသားအရေကို ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ paranoid ကိုတော့ရှောင်ပါ။ ဒါက နေရောင်ဒဏ်က ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ညဘက်လိမ်းမိရင်တော့ ချွေးပေါက်ပိတ်ဆို့မှုကြောင့် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

ညဘက်မှာ နေလောင်ကာခရင်မ်လူးပေးသင့်တယ်လို့ ပြောရတဲ့အကြောင်းအရင်း

ညဘက်က နေရောင်နဲ့မှမထိတာ နေလောင်ကာခရင်မ် လိမ်းဖို့မလိုဘူးဆိုတဲ့ အယူအဆက မှားတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အလုံးစုံမှန်တယ်လို့လည်း မဆိုသာပါဘူး။ အကြောင်းက ညဘက်မှာ နေရောင်နဲ့ မထိတွေ့ပေမယ့် မီးအလင်းရောင်၊ တီဗွီဖန်သားပြင်က အလင်းရောင်၊ ဖုန်းမျက်နှာပြင်က အလင်းရောင်။ ကွန်ပျူတာမျက်နှာပြင်က အလင်းရောင်တွေနဲ့ ထိတွေ့မိနေနိုင်ဆဲပါ။ ဒီအလင်းရောင်တွေက နေရောင်လောက်မဟုတ်ဘူးဆိုပေမယ့် အသားအရေကို အထိုက်အလျောက် ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် နေရောင်ကရော စခရင်မ်တွေကနေထွက်တဲ့ အလင်း​ရောင်တွေကြောင့်ပါ အသားအရေထိခိုက်မှုကင်းစေဖို့ ညဘက်တွေမှာလည်း မျက်နှာကို သန့်စင်ပြီးရင် နေလောင်ကာခရင်မ်ခပ်ပါးပါးလေးလိမ်းပေးသင့်ပါတယ်။ ညမအိပ်ခင် ဖေ့ဘုတ်ခ်သုံးတယ်။ ဂိမ်းဆော့တယ်ဆိုတဲ့ လေဒီလေးတို့ရေ စခရင်မ်က အလင်းရောင်တွေကြောင့် အသားအရေထိခိုက်မှုကင်းစေဖို့ ညအိပ်ရာမဝင်ခင် နေလောင်ကာခရင်မ်လေးလိမ်းပေးနော်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။