brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Recovery Beauty Infusion Drip မှာ ပါဝင်တဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ

ယခုခေတ်မှာ အကြောဆေးတွေဟာ ဆေးပညာ ကုသမှုမှာ အသုံးဝင်လာကြပါတယ်။ တကယ်တမ်းတော့ beauty drip infusion တွေဟာလည်း ကမ္ဘာတစ်လွှားမှ အလှအပရပ်ဝန်းမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ ဒါဆို ဒီလို beauty infusion မှာ ဘာတွေ ပါဝင်ပါသလဲ။

Recovery Beauty Infusion Drip မှာ ပါဝင်တဲ့ အရေးကြီးသော ပါဝင်ပစ္စည်းများ

Recovery beauty infusion drips တွေမှာ ကျန်းမာရေးကောင်းမွန်စေသော၊ ရေဓါတ်ဖြည့်တင်းပေးသော ပါဝင်ပစ္စည်းတွေနဲ့ လူနာရဲ့ ပုံစံနဲ့ အားအင်ကို တိုးတက်စေသော ဗီတာမင်တွေပါဝင်ပါတယ်။ အကြောဆေးတွေကို အသုံးပြုခြင်းဟာ လုံးလုံးလျားလျား စုပ်ယူမှုကြောင့် သိသာတဲ့ အာနိသင်တွေ ပြနိုင်ပါတယ်။

သုတေသနတွေအရ Recovery beauty infusion drips တွေမှာ အတွေ့များတဲ့ ပါဝင်ပစ္စည်း ၈ မျိုးရှိပါတယ်။

၁။ ဗီတာမင် B complex

Vitamin B complex မှာ ဗီတာမင် B ရှစ်မျိုး (B1, B2, B3, B5, B7, B9 နဲ့ B12) ပါဝင်ပြီး ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေ ချောမွေ့စွာ လုပ်ဆောင်စေနိုင်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ အစားအသောက်တွေကို အားအင်အဖြစ်ပြောင်းလိုက်ပြီး တစ်နေကုန် အားအင်ပြည့်ဝနေစေဖို့ ကူညီပေးပါတယ်။ B complex ဗီတာမင်တွေဟာ အသားအရေ လှပရန်၊ ဆံပင်၊ မျက်လုံးနဲ့ အသည်းကျန်းမာရေးတွေအတွက်လည်း လိုအပ်ပါတယ်။ သူတို့ဟာ အာရုံကြောစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။

၂။ Glutathione

သူဟာ အသည်းက သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ သူ့ကို အသီးအရွက်နဲ့ အသားတွေမှာ တွေ့နိုင်ပါတယ်။ Glutathione ကို တစ်ရှူး တည်ဆောက်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ခြင်းအပါအဝင် ကိုယ်ခန္ဓါ ဖြစ်စဉ်အတော်များများမှာ တွေ့ရပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဓါတုပစ္စည်းတွေနဲ့ ပရိုတင်းဓါတ်တွေ ပြုလုပ်ရာမှာ အသုံးဝင်ပါတယ်။

ကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ Glutathione ပမာဏဟာ အသက်ကြီးလာတာနဲ့ အမျှ ကျဆင်းလာတတ်ပါတယ်။ Glutathione ထိုးဆေး အသုံးပြုခြင်းဟာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ glutathione ပမာဏကို ကျဆင်းစေပါတယ်။

၃။ ဗီတာမင် စီ

ဗီတာမင်စီဟာ ပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဟာ အကျန်တွေရှိခဲ့ရင် ဆီးအတွင်းပါသွားနိုင်တာကြောင့် အစားအသောက်ကနေ ဗီတာမင်စီ များစွာ ရရှိဖို့ လိုအပ်ပါတယ်။

အလှအပဆိုင်ရာ မှာတော့ ဗီတာမင်စီကို အသက်အရွယ်ကြီးခြင်းကို တားမြစ်ဖို့နဲ့ ခံနိုင်ရည်အားတိုးမြင့်စေဖို့ အသုံးပြုကြပါတယ်။ တခါတရံမှာ လူတွေဟာ အရေပြားပေါ် ဗီတာမင်စီကို လိမ်းပြီး နေရောင်၊ ညစ်ညမ်းစေတဲ့အရာနဲ့ အခြား ပတ်ဝန်းကျင် အန္တရာယ်တွေမှ ကာကွယ်ကြပါတယ်။ ဗီတာမင်ကို ဓါတ်ရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှုကို ကာကွယ်ဖို့လည်း အသုံးပြုကြပါတယ်။

၄။ Biotin

Biotin ဟာ coenzyme တစ်ခုဖြစ်ပြီး B vitamin ဖြစ်ပါတယ်။ သူ့ကို ဗီတာမင် H လို့ အသိများပါတယ်။ Biotin ကို ဖြည့်စွက်စာအဖြစ် ဆီးချို၊ လက်သည်းကျိုးခြင်း၊ အခြားအခြေအနေတွေအတွက် အသုံးပြုကြပါတယ်။

Biotin ဟာ ဆံပင်၊ အရေပြား၊ လက်သည်းခြေသည်းတွေကို ပြုလုပ်တဲ့ အခြေခံပရိုတင်းဓါတ်ကို တိုးတက်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီအခြေခံ ပရိုတင်းကို keratin လို့ ခေါ်ပါတယ်။

Biotin ချို့ယွင်းခြင်းဟာ ဆံပင်တွေကို ကျိုးကြေစေပြီး ဆံပင်ကျွတ်စေပါတယ်။ ဖြည့်စွက်စာ အတော်များများနဲ့ ဗီတာမင်တွေဟာ ပါးစပ်မှသောက်ရုံနဲ့ ကိုယ်ခန္ဓါအတွင်းကို အလုံးစုံစုပ်ယူနိုင်ခြင်းမရှိတာကြောင့် ထိုးဆေးအသုံးပြုခြင်းဟာ biotin ပမာဏ မြှင့်တင်ရာမှာ လွန်စွာ အသုံးဝင်ပါတယ်။

Biotin ဖြည့်စွက်စာကို မှန်ကန်တဲ့ပမာဏ အသုံးပြုခြင်းဟာ ဆံပင်ရှည်ခြင်း၊ ဆံပင်တည်ဆောက်ပုံနဲ့ အထူတွေကို တိုးတက်စေပြီး ဆံပင်ကျွတ်ခြင်းကို ကျဆင်းစေပါတယ်။

၅။ Coenzyme Q10 (CoQ10)

CoQ10 ဟာ ကိုယ်ခန္ဓါအတွင်းမှာ ပြုလုပ်တဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ CoQ10 ဟာ အခြေခံဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အသုံးဝင်ပါတယ်။ CoQ10 ဟာ အသက်ကြီးလာတာနဲ့ အမျှ လျော့နည်းလာတတ်ပြီး ကင်ဆာ၊ မျိုးရိုးလိုက်သောရောဂါများ၊ ဆီးချို၊ နှလုံးရောဂါ၊ HIV/AIDS၊ ကြွက်သားချို့ယွင်းခြင်းနဲ့ Parkinson’s ရောဂါတွေမှာ နည်းပါးနိုင်ပါတယ်။

CoQ10 ဟာ ရောဂါကို တိုက်ဖျက်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး အာရုံကြောဆိုင်ရာ ရောဂါတွေကုသမှုမှာအသုံးပြုပြီး ကင်ဆာ၊ နှလုံးရောဂါ၊ သွေးပေါင်တက်ခြင်း၊ ခေါင်းကိုက်ခြင်းအတွက် ကုသမှုတွေမှာလည်း အကျိုးရှိနိုင်ပါတယ်။

၆။ Hyaluronic acid

Hyaluronic acid ဟာ ပုံမှန်အသက်ကြီးလာခြင်းလာခြင်းကြောင့် ပမာဏနဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း ကျဆင်းခြင်းကြောင့် ဖြစ်တဲ့ မျက်နှာ တည်ဆောက်ပုံနဲ့ တစ်ရှူးတွေကို ထောက်ပံ့ပေးဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သူဟာ ရေဓါတ်ကိုဖြည့်တင်းပေးပြီး ကြည်လင်တောက်ပစေနိုင်ပါတယ်။

Hyaluronic acid ဟာ ကူရှင်အဖြစ်၊ ချောဆီအဖြစ် အဆစ်နဲ့ အခြားတစ်ရှူးတွေအတွင်းမှာ အလုပ်လုပ်ပါတယ်။ ဒါ့ပြင် သူဟာ ကိုယ်ခန္ဓါမှ ထိခိုက်ဒဏ်ရာရရှိမှု ကို တုန့်ပြန်ပုံကိုလည်း သက်ရောက်မှုရှိပါတယ်။

၇။ ဆားရည်

ဆားရည်ဟာ ပျော်ဝင်နိုင်တဲ့ ဆားတွေ ပါဝင်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ဆားရည်ထိုးသွင်းခြင်းကို ကိုယ်ခန္ဓါ ပြောင်းလဲမှုတွေဖြစ်တဲ့ ဝက်ခြံအမာရွတ်ကုသခြင်း၊ ပင့်ကူပုံ သွေးပြန်ကြောကုသခြင်းနဲ့ အခြားကုသနည်းတွေအဖြစ် အသုံးပြုကြပါတယ်။

ဒီဆားရည်ရဲ့ အသုံးအများဆုံး ကုသမှုတစ်ခုကတော့ လူနာတွေကို ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ဆားရည် ထိုးသွင်းခြင်းပဲ ဖြစ်ပါတယ်။ ဆားရည် အရောတွေကို နှာခေါင်းဖြန်းဆေးအဖြစ်၊ မျက်ကပ်မှန်ဆေးရည်အဖြစ် ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

၈။ L-lysine

သူဟာ တစ်စိတ်တစ်ပိုင်း (သို့) လုံးဝ ထိပ်ပြောင်ခြင်းတွေအတွက် အဓိက အသုံးပြုနိုင်တဲ့ essential amino acid တစ်မျိုးဖြစ်ပါတယ်။ L-lysine ဟာ ဆံပင် သန်မာမှုကို မြှင့်တင်ပေးနိုင်တဲ့ ဆံပင်ကို အားရှိစေတဲ့ collagen synthesis ကို အားပေးပါတယ်။ ဒါ့ပြင် lysine ဟာ ဆံပင်ရဲ့ ပြန်ကောင်းမှု ဖြစ်စဉ်ကို တုးတက်စေပြီး နေ့စဉ် ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါတယ်။

Drip infusion therapy ဟာ ယေဘုယျကျန်းမာရေး၊ အလှအပ ဆိုင်ရာ ကောင်းကျိုးတွေရှိပြီး အာနိသင်ပြမှု မြန်ဆန်တာကြောင့် ပိုမိုလူကြိုက်များလာကြပါတယ်။ သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေကို သိထားခြင်းဟာ သင့်ရုပ်ရည်နဲ့ ယေဘုယျကျန်းမာရေးကို တိုးတက်စေရာမှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr . Phyu Mon Latt · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။