အသားအရေက ဝက်ခြံတော့ မရှိဘူး။ အဆီနည်းနည်း ပြန်တယ်။ ဝက်ခြံ အမာရွတ်လေးတွေ အမည်းစက် လေးတွေ ရှိတယ်။ ဒီလို အသားအရေမျိုးကို ကျန်းမာနေအောင် ဘယ်လို ထိန်းသိမ်းရမလဲဆိုပြီး စိတ်ပူနေပြီလား…… ဒါဆိုရင်တော့ စိတ်ပူမနေပါနဲ့တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။
အမည်းစက်တွေက အထပ်ထပ် ကုတ်ဖဲ့မခံရဘူးဆိုရင် အချိန် ၃ လကနေ ၆ လလောက်အတွင်းမှာ လုံးဝ အရှင်း သက်သာသွားနိုင်ပါတယ်။ ဒီလို သက်သာစေတာကို အချိန် တိုတိုနဲ့ လိုချင်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
အရေပြားဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းအောင် လုပ်ဆောင်ပေးတာ၊ အစိုဓာတ် ထိန်းပေးတာ၊ ဆဲလ်သေတွေ ဖယ်ရှားပေးတာက အရေပြားပေါ်က အမည်းစက်တွေကို ထိထိရောက်ရောက် သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေပါ။
နောက်တစ်ချက်က ရေများများသောက်ပါ။ အသီးအရွက် များများစားပါ။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဆောင်ပေးဖို့ပါ။
အမည်းစက် ရှိတဲ့ အရေပြားကို ကျန်းမာအောင် ဘယ်လို ထိန်းသိမ်းမလဲ …….

အမည်းစက် ရှိတဲ့ အရေပြားကို ကျန်းမာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်စေမှာပါ။
အသားအရေကို ကြည်လင်စေတဲ့ မျက်နှာသစ်ဆေး သုံးပါ
ဝက်ခြံရှိတဲ့သူတွေအနေနဲ့ အသားဖြူစေတယ်ဆိုတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုလို့ အဆင်မပြေပေမယ့် ဝက်ခြံ မရှိဘူး။ ဝက်ခြံ အမာရွတ်ပဲ ကျန်တယ်ဆိုတဲ့သူတွေကတော့ အသားအရေကို ကြည်လင်စေတယ်ဆိုတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပေးလို့ ရပါတယ်။
ဒီအချက်ကို မျက်နှာသစ်ဆေး ဝယ်ကတည်းက သတိထားရွေးချယ်ဖို့ လိုပါမယ်။ ဒီလို အသုံးပြုပေးတဲ့အခါ နည်းစနစ် မှန်မှန် အသုံးပြုပေးဖို့လည်း လိုပါမယ်။ အသုံးပြုနည်း မှန်မှလည်း ထိရောက်မှု အားကောင်းမှာပါ။
Toner က အရေပြားကို သန့်စင်ပြီးချိန်မှာ ချွေးပေါက်တွေထဲမှာ ကျန်ခဲ့တဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကိုတင် သန့်စင်ပေးတာ မဟုတ်ပါဘူး။ ချွေးပေါက်တွေ ကျဉ်းစေပြီး အရေပြားရဲ့ pH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
Toner ပုံမှန် သုံးပေးတာက အရေပြားကို ကျန်းမာစေပြီး အမည်းစက်တွေကို လျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် အမည်းစက်တွေ ရှိမယ်ဆိုရင် Toner သုံးတဲ့အဆင့်ကို ကျော်သွားလို့ မရပါဘူး။
အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေဖို့ဆိုရင် Serum သုံးဖို့ကို မေ့ထားလို့ မရပါဘူး။ Serum ကအသားအရောင် မညီတာတွေကို ညီအောင် ညှိပေးပြီး အမာရွတ်တွေ၊ အမည်းစက်တွေကို လျော့ပါ သက်သာစေနိုင်ပါတယ်။
အသားအရေကို ကြည်လင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
အသားအရေခြောက်သွေ့တာကလည်း အရေပြားပေါ်မှာ အမည်းစက်ဖြစ်စေနိုင်သလို ရှိရင်းစွဲ အမည်းစက်တွေကိုလည်း ပိုထင်းစေပါတယ်။ အရေပြား ခြောက်သွေ့ကွဲအက်တာ၊ အဖက်လန်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အမည်းစက်တွေကို သက်သာချင်တယ်ဆိုရင် နေ့စဉ် အသားအရေ ထိန်းသိမ်းတဲ့အခါ moisturiser ကို အသုံးပြုပေးဖို့ လိုပါမယ်။ moisturiser က အရေပြားကို အစိုဓာတ် ထိန်းပေးသလို အာဟာရဖြည့်ပေးပြီး အမာရွတ်နဲ့ အမည်းစက် ကင်းစင်စေနိုင်ပါတယ်။
နေရောင်က ဗီတာမင် D ကို ရရှိစေနိုင်တယ် ဆိုပေမယ့် အရမ်းများတာက အရေပြားကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် အရေပြားကို အမည်းစက်တွေ ဖြစ်စေတာမျိုးကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ နေ့စဉ် အသားအရေ ထိန်းသိမ်းမှုမှာ နေလောင်ကာခရင်မ် လိမ်းတာကို မမေ့မလျော့ ထည့်ဖို့ လိုပါမယ်။
ကဲ …… ဝက်ခြံတော့မရှိတော့ဘူး။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမည်းစက်တွေ၊ အမာရွတ်တွေကြောင့် စိတ်ညစ်နေသူလေးတွေအနေနဲ့ အခုပြောခဲ့တဲ့ အသားအရေ ထိန်းပစ္စည်းလေးတွေကို အစဉ်လိုက် လိမ်းပေးရင်း အသားအရေကို ထိန်းသိမ်းလိုက်ပါ။