brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကံ့ကော်ပန်းလေးက ပေးတဲ့ အသားအရေ လှပမှု

ကံ့ကော်ပန်း လို့ဆိုလိုက်ရင် ထွေထွေထူးထူး ရှင်းပြစရာ မလိုဘဲ လူတိုင်းရဲ့ မျက်လုံးထဲမှာ ရိုးတံနဲ့ အရွက် စိမ်းစိမ်းရှည်ရှည်၊ ပွင့်ဖတ် ဖြူဖြူလေးတွေနဲ့ ဝတ်ဆံ ဝါဝါလေးနဲ့ ရနံ့ မွှေးမွှေး ပန်းလေးကို ပြေးမြင်မယ် ထင်ပါတယ်။ ငယ်ငယ်က သနပ်ခါးလူးတဲ့အခါ ဖွားဖွားက ကံ့ကော်ဝတ်ဆံခြောက်လေးတွေကို ထည့်သွေးပေးပြီး လူးပေးတာကိုလည်း လိမ်းဖူးကြမယ် ထင်ပါတယ်။

ကံ့ကော်ပန်းလေးက ပေးတဲ့ အသားအရေ လှပမှု

ဒီလို လိမ်းပေးတဲ့အခါ အဖွားဘာလို့ အဲ့လို ထည့်လိမ်းပေးတာလဲလို့ မေးလိုက်တိုင်း အသားလှအောင်လို့လေဆိုတာကို ကြားဖူးမယ် ထင်ပါတယ်နော်။ ဒီလိုမျိုး ဖွားဖွားက အသားလှအောင်ဆိုပြီး ထည့်ထည့်လိမ်းပေးတဲ့ ကံ့ကော်ပန်းလေးက အသားအရေကို ဖွားဖွားပြောသလို တကယ်လှစေလား။ အခြားရော အသားအရေကို ဘယ်လိုတွေ ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကံ့ကော်ပန်းဆိုတာ

ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပင်ရဲ့ ပန်းပွင့်ပါ။ ကံ့ကော်ပင်က အပင်ကြီး တစ်မျိုးဖြစ်ပြီး သစ်မာပင်တစ်မျိုးပါ။ အရှေ့တိုင်းဒေသတွေဖြစ်ကြတဲ့ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဆူမာတြား ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အမြဲစိမ်းပင်မျိုးဖြစ်ပြီး အရိပ်ရပင်မျိုးပါ။

ကံ့ကော်ပင်က လေထုကို သန့်စင်ပေးသလို ကံ့ကော်ပန်း၊ အရွက်နဲ့ အခေါက်အားလုံးလိုလိုက ဆေးဖက်ဝင်ပါတယ်။

ကံ့ကော်ပန်းမှာ အရေပြား လှပမှုကို ထောက်ကူပေးဖို့ ဘာတွေ ပါသလဲ။

ကံ့ကော်ပန်းမှာ အရေပြား ကျန်းမာလှပမှုကို ထောက်ကူပေးနိုင်တဲ့ ဗီတာမင်တွေ များစွာ ပါဝင်နေပါတယ်။ ဘာတွေများဖြစ်မလဲ …….

အရေပြားပေါ်မှာဖြစ်တဲ့ အနာတွေကို သက်သာစေပြီး အမာရွတ်တွေကို လျော့ပါးစေနိုင်တဲ့

အရေ​ပြားကို တင်းရင်းစေပြီး ကော်လာဂျင် ထုတ်လုပ်မှုကောင်းအောင် လှုံ့ဆော်ပေးနိုင်မယ့်

ကံ့ကော်ပန်းလေးက ပေးတဲ့ အသားအရေ လှပမှု

ကံ့ကော်ပန်းလေးက ပေးတဲ့ အသားအရေ လှပမှု

အဆင်းရော အချင်းပါပြည့်စုံတဲ့ ကံ့ကော်ပန်းလေးက အသားအရေ လှပစေဖို့ အခုလိုလေး ထောက်ကူပေးပါတယ်။

အသားအရေ ချောမွတ်စေတယ်။

ကံ့ကော်ပန်းလေးက အသားအရေကို ကျန်းမာစေပြီး အရေပြားကို ထိခိခုက်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ ဝက်ခြံလိုမျိုး လေထု ညစ်ညမ်းမှုတွေကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ ဓာတုပစ္စည်းတွေကြောင့် ဖြစ်တဲ့ အရေပြား ဓာတ်မတည့်မှုတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ဝက်ခြံ အထွက်များတာကို သက်သာစေဖို့လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။

ကံ့ကော်ပန်းက အရေပြား ပိုးဝင်တာကြောင့် ဖြစ်တဲ့ ပွေး၊ ဝဲတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ ကူးစက်တတ်တဲ့ အရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သတ္တုရည်ကို အသုံးပြုပေးလို့ရသလို ကံ့ကော်ပန်းကို ကြိတ်ပြီးရလာတဲ့ အနှစ်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

အနာပိုးမဝင်အောင် ကာကွယ်ပေးတယ်။

ကံ့ကော်ပန်းလေးက ထိခိုက်ရှနာလိုမျိုး အနာတွေကို ပိုးမဝင်စေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရွက်ပြုတ်ရည်၊ ပန်းပြုတ်ရည်တွေကို အနာဆေးပေးလို့ ရသလို အခြောက်ခံ အမှုန့်ကြိတ်ထားတဲ့ ကံ့ကော်ပန်း အမှုန့်ကို သနပ်ခါးရေကျဲလေးနဲ့ လိမ်းပေးလို့လည်း ရပါတယ်။

ဝက်ခြံ အမာရွတ်တွေ သက်သာစေနိုင်တယ်။

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ သက်သာစေဖို့လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ငယ်ငယ်က မေမေတို့ ဖွားဖွားတို့ လိမ်းပေးသလို ကံ့ကော်ဝတ်ဆံလေးကို သနပ်ခါးထဲ ထည့်ကြိတ်ပြီး လိမ်းပေးလို့ ရပါတယ်။

အသားအရေ လှပစေတယ်။

Glow skin လေးရစေဖို့ ကံ့ကော်ပန်းလေးက လုပ်ဆောင်ပေးနိုင်ပါတယ်။ ကံ့ကော်ပန်းကို နေရိပ်ထဲ အခြောက်ခံပြီး အမှုန့်ကြိတ်လိုက်ပါ။ အရေပြားပေါ်မှာ ပုံမှန်လေး လိမ်းပေးတာက အရေပြားကို အရေးအကြောင်းကင်းပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးနိုင်သလို သဘာဝအတိုင်း ကြည်လင်ဝင်းပနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကဲ …… ကံ့ကော်ပန်းလေးက အနာအဆာကင်းပြီး ဝင်းမွတ်လှပတဲ့ အရေပြားလေး ရရှိစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီးတွေက ကံ့ကော်ပန်းလေးတွေကို သနပ်ခါးထဲ ထည့်လိမ်းခဲ့ကြတာ ထင်ပါရဲ့။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။