backup og meta

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

ရာသီဥတုတွေကြောင့် အသားအရေ ပျက်စီးမှုက အနည်းနဲ့အများတော့ ရှိကြပါတယ်။ အေးလွန်းတဲ့ ဆောင်းရာသီမှာဆိုရင်တော့ အသားခြောက်တာ၊ အသားပတ်တာနဲ့ အသားအရေ အက်ကွဲတာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေ ထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အရေပြားအပေါ်ကို နေရောင်ခြည်ထိတွေ့တာကြောင့်ပါ။ ခုဆိုရင်နွေရာသီက တော်တော်လေး ပူလာပြီဆိုတော့ အသားအရေ မပျက်စီးဖို့အတွက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ ဘယ်လိုတွေ ထိန်းသိမ်းရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

(၁) ရေအဝသောက်ပါ

နွေရာသီမှာ အသားအရေခြောက်သွေ့တာတွေကို ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းတဲ့ရေ များများ သောက်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်။ ရေက အစိုဓါတ်ပေးစွမ်းနိုင်တာမို့ အသားအရေ ကြည်လင်နေစေမှာပါ။ ရေဓါတ်များများ ပါဝင်တဲ့ အသီးအနှံစားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာ- ဖရဲသီး။

(၂) သန့်စင်ပါ

နွေရာသီဟာ တခြားရာသီတွေထက် ဖုန်၊ သဲ ပိုပြီး ထူပါတယ်။ ပြီးတော့ ချွေးထွက်လည်း များစေပါတယ်။ ကိုယ့်ရဲ့ မျက်နှာမှာ ဖုန်၊ သဲတွေ ကပ်ပြီး ချွေးပေါက်တွေကျယ်ကာ အဆီတွေ ပြန်နေတယ်ဆိုရင်တော့ သေသေချာချာလေး သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ်။ တစ်နေ့လုံး နေရောင်ခြည်နဲ့ ထိတွေ့ ပင်ပန်းထားတဲ့ မျက်နှာလေးကို သခွားသီးကပ်တာ၊ ရှားစောင်းလက်ပပ်ဂျယ်လ်လေး လိမ်းတာမျိုး လုပ်ပါ။ နောက်တော့မှ သုံးနေကျ မျက်နှာသစ်ဆေးသုံးပြီး မျက်နှာသစ်လိုက်ပါ။

(၃) ညလိမ်းခရင်မ်

နွေရာသီမှာ ညလိမ်းခရင်မ်တွေ ပိုလိမ်းဖို့လိုပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာကြောင့် အသားအရေခြောက်သွေ့ပြီး အရောင်လည်းဖျော့နေမှာပါ။ ဒီလိုတွေ သက်သာဖို့ ညဘက်မှာ အစိုဓါတ်များများ ပါဝင်ပြီး အသားအရေကြည်လင်တောက်ပစေမယ့် အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးပါ။

(၄) နေရောင်ကာခရင်မ်

UV ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါမှာ နေရောင်ကာခရင်မ်လေးတွေ လိမ်းပေးဖို့ လိုတယ်နော်။ နေရောင်ခြည် များများထိမယ်ဆိုရင် အရေးအကြောင်းနဲ့ တင်းတိပ်တွေ ထွက်လာနိုင်စေတာကြောင့်ပါ။

(၅) အကာအကွယ်ယူပါ

အပြင်ထွက်တဲ့အခါတိုင်းမှာ ကိုယ့်အသားအရေကို ဂရုစိုက်တဲ့အနေနဲ့ ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်လေးတွေ ဝတ်ပြီးမှ သွားပါ။ နေပူဒဏ်ကို တတ်နိုင်သလောက် ရှောင်ပါ။

(၆) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က ရေဓါတ်ဖြည့်ပေးနိုင်တဲ့အပြင် အသားအရေခြောက်သွေ့ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးပြီး အတွင်းသားဂျယ်လ်လေးတွေကို ပါးပါးလှီးပြီး မျက်နှာမှာ ကပ်ထားပေးပါ။ အဖတ်လေးတွေ ပူပြီးပျော့လာတယ်ဆိုရင် ခွာလိုက်လို့ ရပါပြီ။

(၇) အုန်းဆီ

နေရောင်ခြည်ပြင်းပြင်းထန်ထန် ထိခိုက်တာကြောင့် အသားအရေ နီရဲခြင်း၊ခြောက်သွေ့ခြင်းတွေကို သက်သာစေနိုင်ဖို့အတွက် အုန်းဆီလေး လိမ်းပါ။ အုန်းဆီက လွယ်လင့်တကူ ဝယ်ယူလို့ ရနိုင်တာမို့ အဆင်ပြေ လွယ်ကူစေမှာနော်

နွေရာသီ အပူဒဏ်ကြောင့် အသားအရေ မထိခိုက်ရအောင် ထိန်းသိမ်းနည်းလေးတွေ ပြောပြပြီးပြီဆိုတော့ မမေ့မလျော့လေး လိုက်လုပ်မယ်ဆိုရင် နွေရာသီမှာတောင် လှနေနိုင်မှာပါနော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.stylecraze.com/articles/home-remedies-for-flawless-skin/#gref

12 Summer Face Care Tips For Glowing Skin

http://www.stylecraze.com/articles/simple-tricks-to-get-glowing-skin-in-summer-arshi/#gref

ယခုပုံစံ

26/04/2022

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေရာသီတွင် အရေပြားခြောက်သွေ့ခြင်းနှင့် အသားပက်ခြင်းတို့ကို ကာကွယ်ရန် အရေပြားထိန်းသိမ်းနည်း ၅ ချက်

နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Eaindray Kha မှ ရေးသားသည်။ · 26/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။