brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်ချစ်တဲ့သူဟာ အရေပြားပင့်တင် ကုသမှု ပြုလုပ် ပြီးတဲ့နောက် ဂရုစိုက်ဖို့ နည်းလမ်းများ

လူတိုင်းဟာ သူတို့ရဲ့ အသားအရေနှင့် အသက်ကြီးတဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်မှုတွေကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒါကြောင့် လူအများစုဟာ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာတွင် ကြည့်ရကောင်းပြီး အသားအရေတင်းရင်း လှပစေဖို့အတွက် အသုံးဝင်ပြီး အန္တရာယ်ကင်းတဲ့ နည်းလမ်းအချို့ ကို ရှာဖွေလျက်ရှိပါတယ်။ သူတို့ထဲက ကုသမှု တစ်ခုကတော့ Threat lift ခေါ်တဲ့ အလှအပရေးရာ မျက်နှာအရေပြား ပင့်တင်ကုသမှု တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့သူငယ်ချင်း သို့မဟုတ် သင့်ရဲ့ ဆွေမျိုးတစ်ဦးဟာ ဒီကုသမှုကို ခံယူမယ်လို့ စဉ်းစားနေရင် သူတို့အတွက် သင်လုပ်ပေးနိုင်တဲ့ ဂရုစိုက်မှုတွေက ဘာတွေလဲ။ အောက်ဖော်ပြပါ နည်းလမ်းတွေဟာ သင်ချစ်ခင်ရသူအတွက် ထောက်ပံ့ပေးနိုင်တဲ့ အန္တရာယ်မရှိတဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးထားပါတယ်။

သင်ချစ်တဲ့သူဟာ အရေပြားပင့်တင် ကုသမှု ပြုလုပ် ပြီးတဲ့နောက် ဂရုစိုက်ဖို့ နည်းလမ်းများ

သွေးခြည်ဥခြင်းနှင့် အသားအရေ မညီမျှခြင်း

Thread lift အရေပြားပင့်တင်ကုသမှုဟာ များသောအားဖြင့်တော့ အန္တရာယ် ကင်းပါတယ်။ သို့သော် ကုသမှု ခံယူပြီးရက်အနည်းငယ်မှာ သွေးခြည်ဥ ကွက်အသေးစားလေးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အရေပြား၌ အပေါက်သေးသေးလေးတွေ စုစည်းနေခြင်း သို့မဟုတ် အရေပြားအရောင် မညီမျှခြင်း စတာတွေကို သူတို့ရဲ့ အသားအရေမှာ တွေ့နိုင်ပါတယ်။ သို့သော် စိုးရိမ်ဖို့မလိုပါဘူး။ ယာယီပဲ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Threat lift အရေပြားပင့်တင်ကုသမှုဟာ ပြင်းထန်တဲ့ ပိုးဝင်ခြင်းကို ဖြစ်စေတာ ရှားပါတယ်။ သို့သော် ကုသမှု ခံယူသူတွေဟာ အထူးသဖြင့် အပ်ချည်မျှင်များစွာ သုံးပြီး ပင့်တင်ကုသမှု ခံယူထားသူ ဆိုရင်တော့ ပင့်တင်ထားတဲ့ နေရာအချို့မှာ အနည်းငယ် ရောင်ရမ်းခြင်းနှင့် အနည်းငယ်တင်းရင်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကိုတော့ ပိုးဝင်ခြင်းကို ကာကွယ်ရန် ဆရာဝန်က ပိုးသတ်ဆေးကို တိုက်နိုင်ပါတယ်။

ဓါတ်မတည့်မှုများ ဖြစ်ပေါ်ခြင်း

ရှားပါးပြီး အဖြစ်နည်းတဲ့အန္တရာယ် အချို့တော့ရှိပါတယ်။ သို့သော် ဒီလိုဖြစ်တတ်တယ်ဆိုတာ သင်သတိပြုမိရင်ရပါပြီ။ တကယ်လို့ သင့်ရဲ့ သက်ဆိုင်သူဟာ ဒီလိုအလှပဆိုင်ရာ ကုသမှုနဲ့ ဓါတ်မတည့်ဘူးဆိုရင်တော့ သူတို့မှာ ဓါတ်မတည့်မှု ဖြစ်စဉ်အချို့ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အပ်ချည်မျှင် ထည့်တဲ့ အခါ ၎င်းထည့်တဲ့နေရာမှာ အနည်းငယ် ပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ အပ်ချည်မျှင်ဟာ သင့်အသားအရေပေါ်မှာ အဖုအထစ် အဖောင်းဖြစ်လာပြီဆိုရင်တော့ ၎င်းကို ကိုယ်တိုင် ပြန်ပြီးထည့်ဖို့ မကြိုးစားသင့်ပဲ ဆရာဝန်ရဲ့ကုသမှုကိုသာ ခံယူသင့်ပါတယ်။

အပ်ချည်မျှင်ရဲ့ အန္တရာယ်များ၊ ပြဿနာများ

ဒီလိုအသားအရေ တင်းရင်းဖို့အတွက် အပ်ချည်မျှင်နှင့် ပင့်တင်ကုသခြင်းဟာ ကံမကောင်းရင် မျက်နှာပေါ်မှာ အမာရွတ်များ ကျန်နိုင်ပါတယ်။ ဒီကုသမှု ခံယူထားသော လူနာတွေကို နေလောင်ခံခရင်မ် ပုံမှန်လိမ်းပေးသင့်ပြီး အသားအရေညိုမည်းခြင်းကို ကာကွယ်ဖို့ရာအတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဟာ အမာရွတ်များ ဖြစ်စေနိုင်တဲ့ အတွက် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီကုသမှု ခံယူပြီး ပထမအပတ် အနည်းငယ်အတွင်းမှာ ကုသမှု ခံယူထားတဲ့ နေရာတွေဟာ ပုံမှန်အားဖြင့် အနည်းငယ် လှုပ်ရှားရခက်နိုင်ပါတယ်။ သင့်ရဲ့ ခန္ဓါကိုယ်ကို ပေါ့ပေါ့ပါးပါးထားပြီး အနာကျပ်မြန်စေရန်အတွက် အေးမြစွာ နေထိုင်ပါ။

ပြန်လည်ကောင်းမွန်လာသော အချိန်

ဘယ်လိုကုသမှုမှာမဆို ဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်သော လက္ခဏာတွေတိုင်းကို ဆရာဝန်ထံ အကျိုးအကြောင်းပြောပြပြီး တိုင်ပင်သင့်ပါတယ်။ စိတ်မပူပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ Threat lift မျက်နှာအရေပြား ပင့်တင်ကုသမှုခံယူပြီး ပြန်ကောင်းဖို့ ကြာတဲ့အချိန်ဟာ ခဏပဲ ဖြစ်ပါတယ်။ အနားယူဖို့ရာ ရက်အနည်းငယ်သာ လိုအပ်ပါတယ်။ သို့သော် အချိန်အတိအကျကိုတော့ ကျွမ်းကျင်သူနဲ့ တိုင်ပင်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

ကုသမှုခံယူထား သူတို့ကို ပို၍ ကြည့်ကောင်းသော လူအသစ်တစ်ယောက် အသွင်နဲ့ ဆက်ဆံပါ။

ကုသမှု ခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ ချစ်ခင်နှစ်သက်ရသူဟာ သူတို့ရဲ့ ပုံစံသစ်နှင့် ပတ်သက်ပြီး ထူးဆန်းတဲ့ ခံစားမှုတွေ ခံစားရပါလိမ့်မယ်။ သူတို့ရဲ့ ပုံပန်းသွင်ပြင်ဟာ ဘယ်လိုပဲ ဖြစ်နေပါစေ ကုသမှု ခံယူပြီးတဲ့နောက် ဘယ်ပြဿနာကို မဆို အဖြေရှာရန် နည်းလမ်းများ အမြဲရှိတယ်ဆိုတာ သူတို့ကို သိပါစေ။ သူတို့ဘေးမှာအမြဲ ရှိနေပေးပါ။ မိမိကိုယ်ကို အကောင်းမြင်ခြင်းဟာဆိုရင် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ကောင်းမွန် တက်ကြွနေ ခြင်းဟာဆိုရင် ကုသမှု တစ်ခုရဲ့ ပြန်ကောင်းမှုရလဒ်ကို သိသိသာသာ တိုးတက်စေတာကြောင့် ဖြစ်ပါတယ်။

ဘယ်လိုကုသမှုမျိုးမှာ မဆို ချက်ချင်းရလဒ်ကို သိသိသာသာ ရရှိစေဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ တကယ်လို့ ကုသမှုလုပ်ပြီးတဲ့အခါ မျက်နှာပေါ်မှာ မလိုလားအပ်တဲ့ အရေးအကြောင်းတွေ အမှတ်တွေ ရှိလာပြီဆိုရင်တော့ သင့်အတွက်ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီ Threat lift ကုသမှုရဲ့ အန္တရာယ်တွေ အကြောင်းကို အခြေခံမှစ၍ နားလည်အောင် လေ့လာ ခြင်းအားဖြင့် သင့်ကိုယ်သင်ပြင်ဆင်ဖို့ရာလည်း လိုအပ်ပါတယ်။ ဒါမှသာ သင်ချစ်ခင် နှစ်သက်ရသူကိုလည်း သူဆန္ဒရှိတဲ့ ပုံစံရရှိအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
မှ ရေးသားသည်။ Dr. Khin Yin Kyay · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။