brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကျန်းမာသော အသားအရေ ရဖို့အတွက် စားသောက်စရာများ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ ကျန်းမာလှပတဲ့ အသားအရည်ကို ရရှိဖို့အတွက် အရေးကြီးပါတယ်။ အောက်ဖေါ်ပြပါအရာတွေကတော့ အစာအသောက်တွေထဲမှာ ထည့်သွင်းစားသောက်သင့်တဲ့ အရေပြားအတွက် အကျိုးရှိတဲ့ အစာတွေပဲဖြစ်ပါတယ်။

ကျန်းမာသော အသားအရေ ရဖို့အတွက် စားသောက်စရာများ

လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ အစွမ်းထက်တဲ့ antioxidant EGCG ပါဝင်ပြီး အရေပြားကို UV rays တွေကနေ ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းကို မျက်နှာပေါ် ပုတ်ပေးခြင်း (သို့) သောက်သုံးခြင်းအားဖြင့် အကျိုး ရှိနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ နေလောင်ဒဏ်ကို ကာကွယ်ပေးရုံသာမက ပျက်စီးသွားတဲ့ အရေပြားတွေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းသောက်သုံးခြင်းဟာ အရေပြားကို ရေဓါတ်ဖြည့်တင်းပေးပြီး နုပျိုစေပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာ ပါတဲ့ vitamin A ဟာ collagen ထုတ်လုပ်မှုမှာ အလွန်အရေးပါပါတယ်။ အရေပြားဟာ collagen မရှိရင် ကျုံ့နိုင်ဆန့်နိုင်စွမ်းပျောက်ဆုံးပြီး ထူထဲထဲဖြစ်လာပါ လိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးအာနိသင်ကိုရရှိဖု့ိ အဆီဓါတ်နည်းတဲ့ ဒိန်ချဉ်ကိုသာ စားသုံးသင့်ပါတယ်။

အနက်ရောင်ချောကလက်

လူအတော်များများက ချောကလက်ဟာ ဝက်ခြံပေါက်စေတယ်လို့ ယုံကြည်ကြပေမယ့် ဒါဟာ ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ Dark chocolate နဲ့ သူ့ရဲ့ antioxidants တွေဟာ အရေပြားအတွက် ကောင်းမွန်ပါတယ်။ လေ့လာမှုတွေက နှလုံးနဲ့ သွေးကြောအတွက်သာမက သူဟာ အရေပြားကို UV rays တွေကနေ ကာကွယ်ပေးတယ်လို့ဆိုပါတယ်။။ သဘာဝ cocoa butter ကို အရေပြားပေါ်လိမ်းပေးခြင်းဟာ အရေပြားရဲ့ ရေဓါတ်ကိုထိန်းသိမ်းပေးပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

အစေ့အဆံများ

Whole grains တွေဟာ carbohydrates တွေအဖြစ်သာမက ပုံစံအမျိုးမျိုးနဲ့ လာကြပါတယ်။ Whole grains တွေမှာ niacin, folate, zine နဲ့ magnesium တွေပါဝင်ပြီး သူတို့တွေ အကုန်လုံးဟာ အရေပြားအတွက် ကောင်းမာန်ပါတယ်။ zinc ဟာ ကိုယ်ခံအားကိုလည်း တက်စေပါတယ်။

နနွမ်း

Canned mustards တွေနဲ့ ဟင်းတွေထဲမှာ ထည့်ထားတဲ့ ဆနွမ်းမှုန့်ကို မြင်ဖူးမှာပါ။ ဆနွမ်းဟာ curcumin တစ်မျိုးဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက curcumin ဟာ အရေပြားကင်ဆာရဲ့ ရန်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် curcumin ဟာ အရေပြားရောင်ရမ်းခြင်းနဲ့ ပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။

ကီဝီသီး

Vitamin C အကြောင်းပြောမယ်ဆိုရင် သံပုယိုသီးတွေ၊ လိမ္မော်သီးတွေကိုပဲ တွေးမိကြပါလိမ့်မယ်။ တကယ်တော့ သိပ္ပံပညာအရ vitamin C အကြွယ်ဝဆုံးဟာ ကီဝီသီးပဲဖြစ်ပါတယ်။ Vitamin C ဟာ connective tissue တွေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ Vitamin C ချို့တဲ့ခြင်းဟာ အရေပြားအပါအဝင် ကိုယ်ခန္ဓါအတွင်းက ကိုယ်အင်္ဂါတွေမှာ ပြဿနာတွေကို ဖြစ်စေပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ ကျန်းမာတဲ့အဆီတွေနဲ့ antioxidant phytochemicals တွေ ပါဝင်ပါတယ်။ နှစ်ပေါင်းများစွာက တည်းက Mediterranean region က လူတွေဟာ သံလွင်ဆီကို အရေပြားထိန်းသိမ်းမှု အပါအဝင် အကြောင်းအရာ အတော်များများအတွက် အသုံးပြုခဲ့ကြပါတယ်။ သံလွင်ဆီကို အရေပြားပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပြီး အစားအသောက်တွေမှာလဲ ထည့်သွင်းစားသောက်နိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ ရယူနိုင်ပါတယ်။ သံလွင်ဆီကို atopic dermatitis ကို ကုသဖို့အတွက်လည်း အသုံးပြုကြပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr . Phyu Mon Latt · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။