မျက်နှာအဆီပြန်သောကြောင့်သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကိုဖြေရှင်းမည်ဆိုလျှင် အဆီပြန်သောအသား အရေဆိုတာဘာလဲ၊ ဘယ်အရာတွေကအဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာသင့်ပုံစံကိုဘယ်လိုပြောင်းလဲစေသလဲ စသည်ကိုနားလည်ရန်လိုအပ်ပါလိမ့်မယ်။
မျက်နှာအဆီပြန်သောကြောင့်သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကိုဖြေရှင်းမည်ဆိုလျှင် အဆီပြန်သောအသား အရေဆိုတာဘာလဲ၊ ဘယ်အရာတွေကအဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာသင့်ပုံစံကိုဘယ်လိုပြောင်းလဲစေသလဲ စသည်ကိုနားလည်ရန်လိုအပ်ပါလိမ့်မယ်။

အဆီပြန်သောအသားအရေဆိုသည်မှာ နဖူး၊ ပါး၊ နှာခေါင်း နှင့်မေးစေ့တွင် အဆီပြန်ခြင်းကိုဆိုလိုပါတယ်။ မျက်နှာသစ် ပြီးမကြာမီအဆီပြန်ကာ လက်ဖြင့်ကိုင်လိုက်သောအခါတွင် စေးကပ်ကပ်ခံစားမှုမျိုးခံစားရမှာပါ။
အဆီပြန်သောအသားအရေသည်အထူးသဖြင့်အမျိုးသမီး ငယ်များတွင်အဖြစ်များပြီး အရေပြားထိန်းသိမ်းရာတွင်အ ခက်အခဲဖြစ်နိုင်ပါတယ်။
အဆီကိုအရေပြားထဲရှိအဆီဂလန်းမှထုတ်လုပ်ပေးပါတယ်။ အရေပြားကိုမခြောက်သွေ့အောင်နှင့် ပျော့ပျောင်းစေရန် ခန္ဓါကိုယ်မှပြုလုပ်ပေးသောပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ သို့သော်လည်းအဆီဂလန်းကလိုအပ်တာထက်ပိုအဆီပို ထုတ်လုပ်မိပါကအဆီပြန်ခြင်းကိုဖြစ်စေပါတယ်။
လေ့လာမှုများအရအဆီဘယ်လောက်ထုတ်မည်ကိုမျိုးရိုးက အဓိကဆုံးဖြတ်ပါတယ်။ ကျွန်ုပ်တို၏့အသားအရေအမျိုးအ စားသည်မိဘမျိုးရိုးနှင့်တူနေတတ်ပါတယ်။
ထို့ပြင်အဆီထုတ်လုပ်မှုကိုပြောင်းလဲစေနိုင်သောအကြောင်း အရာများစွာရှိပါတယ်။ ၎င်းတို့မှာ-
လူပျို၊ အပျိုဖော်ဝင်ချိန်တွင် အသားအရေသိသိသာသာ ပြောင်းလဲသွားသည်ကိုသင်သိပါသလား။ ယင်းအချိန်တွင် ဟော်မုန်းအပြောင်းအလဲကြောင့်အဆီထုတ်လုပ်မှု ကိုမထိန်းချုပ်နိုင်ဘဲအဆီပြန်စေပါတယ်။ ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန် နှင့် ရာသီလာချိန်တွင်လည်းဖြစ်ပေါ်နိုင်ပါ တယ်။
အစားအစာများကလည်းသင့်အသားအရေကိုကောင်းကျိုး ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ junk food၊ သကြား စသည်တို့စားသုံးမည့်အစား အဆီထုတ်လုပ်မှုနည်းစေသော ဗီတာမင် B2နှင့် B5လုံလောက်စွာပါဝင်သောအစားအစာကို စားသုံးသင့်ပါတယ်။
စိတ်ဖိစီးမှုများပါက androgen ဟော်မုန်းကိုအများအပြား ထွက်စေပြီးအဆီကိုပိုထုတ်စေပါတယ်။
ပူ၍စိုထိုင်းသောရာသီဥတုတွင်အဆီကိုပိုထုတ်စေပြီးအဆီ ပြန်စေပါတယ်။
တားဆေးများ၊ ဟော်မုန်းအစားထိုးဆေးများနှင့် ဆီးဆေး များသည်အဆီထုတ်လုပ်မှုကိုပြောင်းလဲစေနိုင်ပါတယ်။
အထက်တွင်ဖော်ပြထားသည့်အတိုင်းအဆီအသင့်အတင့် ရှိပါကအသားအရေကိုပျော့ပြောင်း၍ချောမွေ့စေပါတယ်။ သို့သော်လည်းလိုအပ်တာထက်ပိုပါကသင့်အသားအရေကို သက်ရောက်မှုများစွာရှိပါတယ်။
ပိုလာသောအဆီများကိုနေရာပေးရန်ချွေးပေါက်များကျယ် လာပါတယ်။
စေးကပ်၍ပြောင်နေသောအသားအရေကြောင့်မိတ်ကပ်သုံး ရန်အခက်အခဲရှိခြင်း
အဆီပိုများ၊ ပိုးမွှားများနှင့် ဆဲလ်အသေများစုပေါင်းကာဝက် ခြံဖြစ်လာပါတယ်။
အဆီထုတ်လုပ်မှုသည်မျိုးရိုးနှင့်သက်ဆိုင်သောကြောင့်သင့် အရေပြားအမျိုးအစားကိုပြောင်းလဲဖို့တော့မဖြစ်နိုင်ပါဘူး။ သင်လုပ်နိုင်သည်မှာ အဆီပြန်ခြင်းကြောင့်ဖြစ်လာမည့်အ ကျိုးဆက်များကိုဖြေရှင်းရန်သာဖြစ်ပါတယ်။
မျက်နှာသစ်ခြင်းဖြင့်မသန့်သောအညစ်အကြေးများစုပုံခြင်း မှကာကွယ်နိုင်ပါတယ်။ သို့သော်လည်း ၁ရက်ကို၃ကြိမ် ထက်ပို၍မသစ်ပါနှင့်။ အကြိမ်များများသစ်ခြင်းကလည်းမ ကောင်းပါဘူး။
အဆီမပါဝင်သော မိတ်ကပ်နှင့် cleanser များကိုရွေးချယ် အသုံးပြုသင့်ပါတယ်။
အဆီပြန်၍ဝက်ခြံရှိပါကမျက်နှာကိုမကိုင်သင့်ပါဘူး။ ဝက်ခြံ ကိုပိုထွက်စေပြီး ပျောက်ကင်းဖို့ကြာရှည်ပါလိမ့်မည်။
အဆီပမာဏကိုထိန်းညှိပေးသောဆေးဝါးများရှိပါတယ်။ ထိရောက်ဘေးကင်စွာအသုံးပြုနိုင်ရန်ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။