၁။ အကြည့်ရဆိုးသော အဆီခဲ (cellulite) ဆိုသည်မှာ အဘယ်နည်း
၁။ အကြည့်ရဆိုးသော အဆီခဲ (cellulite) ဆိုသည်မှာ အဘယ်နည်း

အဆီခဲဆိုသည်မှာ ကျန်းမာရေးအခြေအနေရောဂါတစ်ခု မဟုတ်ပါ။ အရေပြားအောက်မှ အဆီသာဖြစ်ပါသည်။ အရေပြားအောက်မှအဆီများ အပေါ်ယံအရေပြားကို ဆန့်ကျင်ကာ တိုးထွက်လာခြင်းကို ခေါ်ပါသည်။
အန္တရာယ်မဖြစ်စေနိုင်သော်လည်း စိတ်မသက်မသာခံစားရနိုင်ပါသည်။ ခြေထောက်၊ ပေါင်၊ တင်ပါး၊ ဗိုက်စသည့်နေရာများတွင် ရုပ်ဆိုးသော အဆီခဲဖြစ်နိုင်ခြေများပြားပါသည်။
အဆိုပါအဆီခဲများသည် အဝလွန်သောလူများတွင်သာ ဖြစ်ပွားခြင်းမဟုတ်ပါ။ အဆီခဲသည် အသက်အရွယ်မျိုးစုံ ကျားမ မရွေး ဖြစ်ပေါ်တတ်ပါသည်။ သို့သော် မိန်းကလေးများသည် ယောက်ျားလေးများထက် ဖြစ်ပွားနှုန်းများသည်ကို မြင်တွေ့ရပါသည်။
၂။ ဘာတွေက အဆီခဲဖြစ်ပေါ်စေနိုင်သလဲ။
အဆီခဲဖြစ်ပေါ်နိုင်သော အချက်အလက်များစွာရှိပါသည်။ အောက်ပါတို့မှာ အဖြစ်အများဆုံးကိစ္စရပ်များဖြစ်သည်။
၃။ အဆီခဲ၏ ကုသမှုများ
နေထိုင်မှုပုံစံပြောင်းလဲခြင်း
ယခု နည်းလမ်းသည် အစားအသောက်မမှန်သောလူများနှင့် လေ့ကျင့်ခန်းမှန်မှန်မလုပ်သော လူများတွင် အကျိုးသက်ရောက်မှုရှိပါသည်။ မိမိ၏အစားအသောက်ပုံစံသည် နည်းလမ်းမမှန်ပါက နောက်နည်းလမ်းတစ်မျိုးကို ပြောင်းလဲသင့်ပါသည်။ ကာဗိုဟိုက်ဒရိတ်ပါဝင်သော အစားအစာများသည် အဆီပိုများကိုဖြစ်စေနိုင်သည့်အတွက် ရှောင်ကျဉ်ရပါမည်။ ထို့ကြောင့် ဗီတာမင်နှင့် သက်စောင့်ဓါတ်ပါဝင်သော အစားအစာများကို စားသုံးရပါမည်။ အစားအသောက်ထိန်းသိမ်းခြင်းနှင့်အတူ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ခြင်းအားဖြင့် ကောင်းမွန်သော ရလဒ်ကိုရရှိနိုင်ပါသည်။
နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မိမိ၏ကြွက်သားများကို တောင့်တင်းစေသည့်အပြင် အဆီခဲများကိုလည်းလျော့ကျစေပါသည်။
လိမ်းဆေးများသုံးခြင်း
လိမ်းဆေးများသည် အဆီခဲလုံးဝပျောက်ကင်းအောင်ကုသမရပါ။ မိမိအသားအရည်ကိုသာ အနည်းငယ် ချောမွေ့ရန်အသုံးပြုပါသည်။ ထိခိုက်လွယ်သော အသားအရည် ရှိသူများအတွက် လိမ်းဆေးသုံးခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ လိမ်းဆေးမသုံးမီ ဆရာဝန် နှင့် အလျင်တိုင်ပင်သင့်ပါသည်။
အရေပြားထဲသို့ဆေးထိုးသွင်း၍ အဆီခဲချေဖျက်ခြင်း
ထိုနည်းလမ်းသည် ခွဲစိတ်စရာမလိုဘဲ အဆီခဲကို ကုသနည်းဖြစ်ပါသည်။ အနောက်နိုင်ငံများတွင် အလွန်ခေတ်စားသော ကုထုံးဖြစ်ပါသည်။ အဆီခဲချေဖျက်ပေးနိုင်သော ဗီတာမင် သက်စောင့်ဓါတ် အမိုင်နိုအက်ဆစ်နှင့် အင်ဇိုင်းများထည့်ပေး၍ကုသသော ကုထုံးဖြစ်ပါသည်။ ထိုကုထုံးသည် အလွန်လျင်မြန်၍ နာကျင်ခြင်းမရှိ ဘေးထွက်ဆိုးကျိုးနည်းသော ကုထုံးဖြစ်ပါသည်။
လေဆာနှင့် ကုသခြင်း
လေဆာနှင့် ကုသခြင်းသည် အမေရိကနိုင်ငံ အစားအသောက်နှင့် ဆေးဝါးဌာနမှထောက်ခံထားသော ကုသနည်းဖြစ်ပါသည်။ လေဆာနှင့်ကုသခြင်းဖြင့် အရေပြားအောက်မှ အဆီခဲများကို အရည်ပျော်၊ အမျှင်ဓါတ်များကို ချေဖျက်ပြီး ကော်လဂျင်ဓါတ်ကို လှုံ့ဆော်ပေးပါသည်။ ယခုနည်းသည် အဆီခဲကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော နေရာများကို သက်သာစေပြီး ထိုကုသမှုသည် ၆လ ခံပါသည်။
Z Wave
Z Wave သည် အဆီခဲကုသခြင်းအတွက် အမေရိကနိုင်ငံ အစားအသောက်နှင့် ဆေးဝါးဌာနမှထောက်ခံထားသော နည်းလမ်းသစ်တစ်ခုဖြစ်ပါသည်။ မညီမညာသောနေရာများကို ရောင်ခြည်ဖြင့် ချေဖျက်သောနည်းဖြစ်ပါသည်။ ထိုကုသမှုမှာ လူနာ၏အခြေအနေပေါ်မူတည်၍ အနည်းဆုံး ၁၀ကြိမ်ပြုလုပ်ရန် လိုပါသည်။
ယခုခေတ်ပေါ်နည်းလမ်းများသည် အဆီခဲများကြောင့် ဖြစ်ပေါ်သော ပုံပျက်မှုများကို တိုးတက်စေပါသည်။ အရေပြားဆရာဝန်နှင့် တိုင်ပင်၍ အကောင်းဆုံးနည်းလမ်းရွေးချယ်နိုင်ပါသည်။