brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကျယ်နေတဲ့ ချွေးပေါက်တွေကို ဘယ်လိုကျဉ်းအောင်လုပ်မလဲ

လှပတဲ့ အသားအရေကို ရရှိဖို့ သင့်အိပ်မက်တွေကို ချွေးပေါက်ကျယ်ခြင်းက အနှောင့်အယှက်ဖြစ်နေပါသလား။ တကယ်တော့ ချွေးပေါက်ကျယ်ခြင်းဟာ လူအတော်များများကို သက်ရောက်မှုရှိပြီး အရေပြားကို ရုပ်ဆိုးစေပါတယ်။ မိတ်ကပ်ဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို ဖုံးကွယ်ပေးနိုင်သော်လည်း ချွေးပေါက်ကျဉ်းအောင် ပြုလုပ်သင့်ပါတယ်။

ကျယ်နေတဲ့ ချွေးပေါက်တွေကို ဘယ်လိုကျဉ်းအောင်လုပ်မလဲ

ချွေးပေါက်ကျယ်ခြင်းကို ထိရောက်စွာ ကျဉ်းစေတဲ့ ထိရောက်တဲ့ နည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘယ်အရာတွေက ချွေးပေါက်ကျယ်စေပါသလဲ။

ချွေးပေါက်ကျယ်ခြင်းဟာ သင့်အရေပြားမှ အဆီပိုတွေ စွန့်ထုတ်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါက အဆီတွေ အလွန်ထုတ်တဲ့အခါမှာ အဆီလုံလောက်တဲ့ပမာဏထွက်စေဖို့ ချွေးပေါက်တွေကို ကျယ်လိုက်ရတာကြောင့် ချွေးပေါက်ကျယ်ခြင်း ဖြစ်တာ ဖြစ်ပါတယ်။

ဒါ့ပြင် ချွေးပေါက်ကျယ်ခြင်းကို ပိုဆိုးစေတဲ့ အချက်တွေ ရှိပါတယ်။

ညစ်ညမ်းသော အရေပြား – ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေ ချွေးပေါက်အတွင်း ပိတ်နေခြင်းကလည်း ချွေးပေါက်ကျယ်စေပါတယ်။

နေပူလောင်ခြင်း – နေပူဒဏ် ခံရလွန်းတဲ့ အရေပြားဟာ ထူလာပြီး ချွေးပေါက်တွေ မြင်ရစေပါတယ်။

အသက် – အသက်ကြီးလာတာနဲ့ အမျှ အရေပြားမှာ collagen နဲ့ elastine နည်းပါးလာကြပါတယ်။ ရလဒ်အနေနဲ့ ချွေးပေါက်ကျယ်တွေဟာ ပုံမှန်အရွယ်အစားကို ပြန်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။

မျိုးရိုးဗီဇ – ချွေးပေါက်ကြီးခြင်းဟာ မိသားစုအတွင်းမှာလည်း ဖြစ်နိုင်ပါတယ်။ သင့်မိသားစုဝင် တစ်ဦးဦးက ချွေးပေါက်ကျယ်ရင် သင့်မှာလည်းချွေးပေါက်ကျယ်နိုင်ပါတယ်။

ချွေးပေါက်ကျယ်ခြင်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

နေ့စဉ်ဘဝပြောင်းလဲမှုတွေ ပြုလုပ်ပြီး ချွေးပေါက်ကျယ်ခြင်းကို ဖြေရှင်းနိုင်ပါတယ်။

သန့်ရှင်းစွာထားပါ။

နေ့စဉ် မျက်နှာသစ်သင့်ပြီး တစ်ပတ်မှာ နှစ်ကြိမ် မှ သုံးကြိမ်အထိ exfoliate ပြုလုပ်ပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်သင့်ပါတယ်။ အထူးသဖြင့် မိတ်ကပ်မဖျက်ပဲ မအိပ်သင့်ပါဘူး။

နေပူခံလိမ်းဆေးကို လိမ်းပါ

အင်္ကျီရှည်၊ နားပန်းအကြီးပါတဲ့ ဦးထုတ်၊ နေပူခံလိမ်းဆေးတွေကို နေပူထဲသွားတိုင်း အသုံးပြုသင့်ပါတယ်။ သင့်လျော်တဲ့SPF နဲ့ PA ပါတဲ့ နေပူခံလိမ်းဆေးတွေဟာ UV rays တွေကြောင့် ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ရေဓါတ်ဖြည့်တင်းပါ

ချွေးပေါက်ကျဉ်းစေတဲ့ ဂုဏ်သတ္တိရှိတဲ့ ရှားစောင်းလက်ပတ်ပါတဲ့ moisturizers တွေ အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် အဆီကင်းမဲ့တဲ့ ထုတ်ကုန်တွေဟာ သင့်အတွက် ပိုမို သင့်လျော်ပါတယ်။

အလှအပဆိုင်ရာ ကုသမှုယူပါ။

နည်းလမ်းအတော်များများကို ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုမယူခင်မှာ ခွဲစိတ်ဆရာဝန်၊ အရေပြားဆရာဝန်တွေနဲ့ ဆွေးနွေးဖို့ အရေးကြီးပါတယ်။

ချွေးပေါက်ကျယ်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းများ

Mesotherapy

Mesotherapy မှာ အပ်သုံးရတဲ့နည်းလမ်းနဲ့ အပ်မပါတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ Mesotherapy ဟာ အရေပြားကို amino acids, vitamins, minerals နဲ့ အခြားဆေးတွေ ဖြည့်တင်းပေးပါတယ်။ အာဟာရဓါတ်ကို ပစ်မှတ်ထားတဲ့ တစ်ရှူးတွေအတွင်းထည့်ပေးတာမို့ အသားအရေကို ပိုမိုလှပစေပါတယ်။ Mesotherapy သာ ချွေးပေါက်ကျယ်ခြင်းကို အတွင်းပိုင်းကနေ သက်သာစေပြီး အသားအရေကို ထိရောက်စွာ လှပစေပါတယ်။

Chemical peels

Chemical Peel ဟာ အက်ဆစ်ပါတဲ့ အရည်ကို အသုံးပြုပြီး အရေပြား ဆဲလ်အသေတွေပါတဲ့ အပေါ်ယံအလွှာကို ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ Peel အမျိုးအစား တစ်ခုစီမှာ သင်နဲ့ သင့်လျော်တဲ့ အက်ဆစ်ဓါတ်ပါဝင်ပါတယ်။ ဒီနည်းလမ်းကို အရေပြား ပုံစံ တိုးတက်စေဖို့ အသုံးပြုပြီး ချွေးပေါက်ကျယ်ခြင်းဟာ အရင်ကထက်ပိုပြီး သက်သာလာမှာဖြစ်ပါတယ်။

လေဆာအသုံးပြုကာ ကုသခြင်း

Chemical peels တွေလိုပဲ Laser skin resurfacing ဟာ လေဆာရောင်ခြည်ကို အသုံးပြုပြီး ဆဲလ်အသေတွေကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ လေဆာ ကုသမှုဟာ collagen ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။

Intense Pulsed Light (IPL)

ပစ်မှတ်ထားတဲ့ နေရာတွေကို အလင်းရောင်ပေးပြီး collagen ထုတ်လုပ်မှုကို တိုးတက်စေခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့အတွက် ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး အပေါ်ယံအလွှာကို မထိခိုက်စေပဲ အရေပြားရဲ့ အတွင်းဆုံးအလွှာအထိ ထိုးဖေါက် ဝင်ရောက်နိုင်စွမ်းရှိပါတယ်။

Isolaz Lazr Deep Pore Therapy

ဒီနည်းလမ်းဟာ အသိမများပေမယ့် US FDA ရဲ့ ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ IPL လိုမျိုးပဲ သူဟာ အလင်းရောင်ကို အသုံးပြုကာ ဘက်တီးရီးယားတွေကို သတ်ပစ်ခြင်း၊ ဆဲလ်အသေတွေကို ဖယ်ရှားခြင်း၊ အဆီပိုတွေကို ဖယ်ရှားခြင်း၊ collagen ကို လှုံ့ဆော်ပေးခြင်းတွေ ပြုလုပ်ပါတယ်။

Microdermabrasion

ဒီနည်းလမ်းဟာ အရေပြားမျက်နှာပြင်ကနေ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ ကြမ်းတမ်းတဲ့ အစေ့သေးသေးလေးတွေကို အသုံးပြုခြင်း ဖြစ်ကာ အရေပြားကို ချောမွေ့စေပါတယ်။ Microdermabrasion ဟာ သင့်ကို radical treatment မပေးနိုင်ပေမယ့် ချွေးပေါက်ကျယ်ခြင်းကို ခဏတာ သက်သာစေပါတယ်။

ချွေးပေါက်ကျယ်ခြင်းကို ဘယ်အရာတွေက ဖြစ်စေလဲဆိုတာ သိရှိခြင်းဟာ အကောင်းဆုံးအဖြေကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr . Phyu Mon Latt · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။