brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Psoriasis အရေပြားရောဂါအတွက် ရောင်ခြည်ပြကုသမှု

Psoriasis သည် အရေပြား ယားယံပြီး အင်ပြင်ထကာ အရေပြား တွင် အဖြူရောင် သို့မဟုတ် ငွေရောင် အနာဖေးများ ဖြစ်လာသည့် အရေပြား ရောဂါဖြစ်ပါသည်။ နာတာရှည်ရောဂါ ဖြစ်ပြီး ရောဂါ လက္ခဏာများမှာ ပျောက်လိုက်ပေါ်လိုက်နှင့် တသက်လုံး ဖြစ် သည့် ရောဂါဖြစ်ပါသည်။ ထို့ကြောင့် ရောဂါစဖြစ်သည်နှင့် နောက် တစ်ကြိမ်ဖြစ်လာမည်ကို တွေးထားရမည်ဖြစ်ပြီး သင့်အနေဖြင့် ရောင်ခြည်ပြ ကုသမှု့ကို စဉ်းစားနိုင်ပါသည်။ ဤဆောင်းပါး သည် သင့်ကို phototherapy ဟုခေါ်သော ရောင်ခြည်ပြ ကုသမှု့ အကြောင်းကို တင်ပြပါမည်။

Psoriasis အရေပြားရောဂါအတွက် ရောင်ခြည်ပြကုသမှု

Psoriasis အရေပြား ရောဂါအတွက် ဓါတ်ရောင်ခြည် ကုသမှု့ သည် မည်သို့ အသုံးဝင်သနည်း။

Psoriasis အရေပြား ရောဂါသည် သင်၏ ကိုယ်ခံအားစနစ်တွင် ပြ ဿနာဖြစ်သောကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။ Psoriasis အရေပြား ရောဂါသည် သင့်၏ အရေပြား ဆဲလ်လေးများ ကြီးထွား လာစဉ်တွင် ပုံစံ မမှန်ဘဲ အရေပြားထူလာပြီး ဗြုတ်ထလာပါသည်။

Phototherapy ဟုခေါ်သော ရောင်ခြည်ပြ ကုသမှု့ကို Psoriasis အရေပြား ရောဂါကုသမှု့တွင် သုံးနိုင်ပါသည်။ Phototherapy တွင် ပါဝင်သော UV အလင်းရောင်သည် ရောဂါဖြစ်နေသော အရေပြား ဆဲလ်များ ကြီးထွားမှု့ကို လျော့ကျစေပါသည်။ ထိုကြောင့် ရောင် ခြည်ပြ ကုသမှု့သည် အရေပြားကို ပြန်ပါးစေပြီး လက္ခဏာများကို သက်သာစေပါသည်။ UVB ကို သီးသန့်သုံးစွဲသော်လည်း UVA အတွက်မူ သီးသန့် ဓါတုပစ္စည်းများ လိုအပ်ပါသည်။ ရောဂါရှင်ကို ပေါင်းချောင်ထဲ ထည့်၍ ရောင်ခြည်ပြမည် ဖြစ်ပြီး ပေါင်းချောင်ပုံစံ ပေါ် မူတည်ပြီး လဲလျောင်း၍ သို့မဟုတ် မတ်ရပ်ရပ်၍ နေရမည် ဖြစ်ပါသည်။ ထိုပေါင်းချောင်များသည် သင်ခံယူရမည့် UV ပမာဏ ကို မှတ်တမ်းတင် ထားမည်ဖြစ်ပါသည်။ သင့်တစ်ကိုယ်လုံးကို ရောင်ခြည်သက်ရောက်မည် ဖြစ်သဖြင့် မျက်စိကို ကာကွယ်ရန် နေကာမျက်မှန် ဝတ်ဆင်ရမည်ဖြစ်ပါသည်။ အကယ်၍ အမျိုးသား ဖြစ်ပါက မျက်စိအပြင် လိင်အင်္ဂါကိုပါ ရောင်ခြည်ကြောင့် ကင်ဆာ မဖြစ်စေရန် ကာထားရပါမည်။

UVB phototherapy

UVB ဖြင့် ကုသမှု့ ခံယူရမည် ဆိုပါက သင့်အနေဖြင့် ကုသမှု့ ခံယူ ရမည့် အရေပြားနေရာကို ပန်းရောင်သန်းလာသည် အထိ ရောင် ခြည်ပေးထားရမည် ဖြစ်ပါသည်။ ရောင်ခြည်ပေးကုသမှု့သည် အလင်း၏ လှိုင်းအလျား အတိုင်းပေးထားမည် ဖြစ်ပါသည်။ သင့် အနေဖြင့် တစ်ပတ်အတွင်း အကြိမ်များစွာ ရောင်ခြည်ကုသမှု့ ခံယူရမည် ဖြစ်ပါသည်။ သို့မှသာ Psoriasis အရေပြား ရောဂါ သက်သာမည် ဖြစ်ပါသည်။ သင်၏ အရေပြား အထူးကု အနေဖြင့် UVB သီးသန့်သော် လည်းကောင်း tar products သို့မဟုတ် anthralin နှင့် တွဲ၍ သော်လည်းကောင်း အသုံးပြုပြီး ကုသမှု့ ပေး ပါမည်။

Combination therapy (တွဲဖက်ကုသမှု့)

တွဲဖက်ကုသမှု့တွင် ရောင်ခြည်ပေးကုခြင်းနှင့် ဆေးဝါးပေး ကုသခြင်းကို ပေါင်း၍ ကုသပေးပါမည်။ ရောင်ခြည်ပေး ကုသမှု့ မခံယူမိ ဆေးလိမ်းခြင်း၊ သောက်ဆေးေသောက်ခြင်း၊ ဆေးရည် ထည့်ထားသော ရေတွင်စိမ်ခြင်းတို့ဖြင့် ကုသနိုင်ပါသည်။ အသုံးအ များဆုံး ကုသနည်းများမှာ

  • Psoralen နှင့် UVA ရောင်ခြည်နှင့် တွဲဖက်ကုသသည့် (PUVA) ကုသမှု့တွင် psoralen ကို လိမ်းဆေးအနေဖြင့် လည်းကောင်း သောက်ဆေးအနေဖြင့် လည်းကောင်း သုံးစွဲ ခြင်းဖြင့် UVA ရောင်ခြည်ကို ပို၍ တုံ့ပြန်စေပါသည်။
  • Tar products၊ anthralin နှင့် UVB ရောင်ခြည်ကို တွဲ၍ သုံးစွဲခြင်း
  • Tar products နှင့် UVB ရောင်ခြည်ကို တွဲ၍သုံးစွဲခြင်း

အဘယ်ကြောင့် တွဲဖက်ကုသမှု့ကို အသုံးပြုသနည်း။

PUVA ကုသမှု့ကို Psoriasis အရေပြား ရောဂါကြောင့် မသန်စွမ်း ဖြစ်သူများ၊ ဆေးဝါးပေးကုသမှု့ အပေါ် တုန့်ပြန်မှု့ မရှိသူများတွင် အသုံးပြုပါသည်။

Psoriasis အရေပြား ရောဂါ၏ အဓိကမျိုးကွဲ ၂ မျိုး ဖြစ်သော plaque psoriasis နှင့် guttate psoriasis ၂ မျိုးလုံး၏ ပျံနှံနှုန်းကို UVA တစ်မျိုးတည်း သီးသန့်ပေး၍ ကုသနိုင် ပါသည်။

ဆိုးကျိုးများ

ရောင်ခြည်ပေး ကုသမှု့တွင် အောက်ပါဆိုးကျိုးများ ရှိပါသည်။

  • ပျို့အန်ခြင်း – နို့၊ ဂျင်း ဘီယာ သို့မဟုတ် ဂျင်း ဖြည့်စွက်စာ များ စားသုံးခြင်းဖြင့် ပျို့ခြင်းကို တားဆီးနိုင်ပါသည်။ သို့သော် သင်၏ ကုသမှု့အပေါ် သက်ရောက်မှု့ ရှိမရှိ အရေပြား ဆရာဝန်ကို မေးမြန်းပါ။
  • အရေပြား ပျက်စီးခြင်း – သင့်အနေဖြင့် ယားယံခြင်း၊ နီရဲခြင်း နှင့် အရေပြား အိုမင်းခြင်းကို ခံစားရနိုင်ပါသည်။ ပြင်းထန်သော အခြေအနေတွင် အရေပြား ကင်ဆာ အထိဖြစ်နိုင်ပါသည်။
  • မျက်စိတိမ်စွဲခြင်း – သင်၏ မျက်စိမှန်ဘီလူးနားတွင် တိမ်ကဲ့ သို့ အဖြူရောင် အစက်ရှိနေပြီး သင်၏အမြင် အာရုံကို ထိခိုက်စေပါမည်။ မျက်စိတိမ်စွဲခြင်းကို ရောင်ခြည်ခံနေချိန် တွင် နေကာမျက်မှန် တပ်ဆင်ထားရပါမည်။
  • လိင်အင်္ဂါ ကင်ဆာရောဂါ – UV ရောင်ခြည်သည် အမျိုးသာ လိင်အင်္ဂါကင်ဆာ ဖြစ်နှုန်းက်ု မြင့်တက်စေပါသည်။

ရောင်ခြည်ပေးကုသမှု့သည် Psoriasis အရေပြား ရောဂါအတွက် အထိရောက်ဆုံး ကုသမှု့ပင် ဖြစ်ပါသည်။ ဤကုသမှု့တွင် UV ရောင်ခြည်များသည် အရေပြားဆဲလ် အသစ်များ၏ ပွားများမှု့ ကို တားဆီးနိုင်ပြီး အရေပြား ထူလာခြင်းကိုပါ သက်သာစေ ပါသည်။ သို့သော်လည်း ရောင်ခြည်ကုသမှု့သည် ဆိုးကျိုးများ ရှိတတ်သဖြင့် သင်အနေဖြင့် ကုသမှု့ ခံယူရန် အရေပြားဆရာဝန် နှင့် တိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Ye Mhan Linn · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။