brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရည်အိတ်များဖြစ်ခြင်း

Ganglion cyst (အရည်လုံးများ) ဟာ အထူးသဖြင့် လက်နှင့် လက်ကောက်ဝတ်အရေပြားမှာဖြစ်ပေါ်တတ်သော အရည်များပြည့်နေသည့် အဖုများဖြစ်တယ်။ ပျော့ပျောင်းလုံးဝန်းပြီး အထိမခံသောအဖုများဖြစ်ပါတယ်။ အသက်အန္တရာယ်ခြိမ်းခြောက်မှုမရှိသော်လည်း ဖြစ်ပေါ်သည့်နေရာပေါ်မူတည်ပြီး စိတ်ကသိကအောက်ဖြစ်စေကာ ကုသဖို့လိုနိုင်ပါတယ်။ များသောအားဖြင့်အမျိုးသမီးတွေမှာ အဖြစ်များပြီး အသက် ၂၀၊ ၃၀၊ ၄၀ ဝန်းကျင်တွေမှာအဖြစ်များပါတယ်။

အရည်အိတ်များဖြစ်ခြင်း

Ganglion cyst ဆိုတာဘာလဲ

ခန္ဓါကိုယ်ရှိအဆစ်များ၊ အထူးသဖြင့် လက်ကောက်ဝတ်၊ လက်နှင့် လက်ချောင်းများမှာ ဖြစ်ပေါ်တတ်တဲ့ အဖုတစ်မျိုးဖြစ်တယ်။ အဆစ်များလှုပ်ရှားရလွယ်ကူပြီး နာကျင်မှုမရှိစေရန် ခံထားသည့် Synovial fluid ဆိုသောအရည်တစ်မျိုး ပါဝင်ပါတယ်။ အရွယ်အမျိုးမျိုးရှိပေမယ့် တစ်လက်မထက်ပိုမကြီးပါဘူး။ ရုတ်တရတ်ဖြစ်ပေါ်လာပြီး တဖြေးဖြေးမှပျောက်ကာ တခါတရံလ၊ နှစ်ချီပြီးကြာနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိသလို ကင်ဆာလည်းမဟုတ်ပါဘူး။ တကယ်လို့ နာကျင်မှု၊ ကသိကအောက်ဖြစ်စေမှုမရှိဘူးဆိုရင်တော့ ပျောက်ဖို့နှစ်အနည်းငယ်ထိကြာနိုင်ပေမယ့် ကုသစရာမလိုပဲ သူ့အလိုလို ရှုံ့သွား၊ ပေါက်သွားပါလိမ့်မယ်။

Ganglion cyst လက္ခဏာတွေ

လ၊ နှစ်ချီအောင် မည့်သည့်လက္ခဏာမှမရှိဘဲ ရုတ်တရတ်ကြီး ကသိကအောက်ဖြစ်လာစေတာမျိုးလည်း ရှိတတ်ပါတယ်။ တခါတရံကြည့်မကောင်းလောက်သည်ထိ ကြီးလာတတ်တာမျိုးလည်းရှိပေမယ့် တခြားလက္ခဏာတွေတော့မရှိပါဘူး။

လက်မောင်းနဲ့ လက်ကောက်ဝတ်ရှိ Ganglion cyst တွေဟာ ထိုနေရာမှာရှိသော အာရုံကြောများကို ဖိမိနေနိုင်တာကြောင့် လက်သန်းထုံခြင်း၊ လှုပ်ရှားမှုလျော့ကျခြင်း၊ ဆုပ်ကိုင်မှုအားနည်းခြင်းတွေဖြစ်စေနိုင်ပါတယ်။ Median အာရုံကြောကိုဖိမိပါက လက်မ၊ လက်ခလယ်နှင့် လက်သန်းတွေမှာ တူညီတဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး လှုပ်ရှားမှု၊ ဖိအားများရှိပါက နာကျင်နိုင်ပါတယ်။

ဘာကြောင့် Ganglion cyst ဖြစ်ရသလဲ

အကြောင်းအရင်းကိုသေချာမသိရပါဘူး။ အဆစ် သို့မဟုတ် အရွတ်တစ်ခုခုမှ ထိုးထွက်လာတတ်ပြီး ထိုအဆစ်၊ အရွတ်ကိုအုပ်ထားသော တစ်သျှူးရောင်ရမ်းလာခြင်းဖြစ်တယ်လို့ ထင်နိုင်ဖွယ်ရှိပါတယ်။ အဆစ်ရောင်ရမ်းတတ်သူတွေမှာ Mucous cyst ganglion ဟုခေါ်သော လက်သည်းအောက်ရှိအဆစ်မှာဖြစ်တတ်သည့် ganglion cyst ဖြစ်နိုင်ချေများပါတယ်။ လှုပ်ရှားမှုများသောအခါမှာလည်း ganglion cyst ဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr.Aye Myat Myat Noe · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။