အသားအရေထိန်းသိမ်းစောင့်ရှောက်ခြင်းဟုဆိုလိုက်သည်နှင့်လူတွေကဈေးကြီးတဲ့နာမည်ကြီးတဲ့အလှကုန်တွေကိုပဲအာရုံရောက်ကြပါတယ်။ ဒါပေမယ့်ကျွန်တော်တို့သတိမထားမိတဲ့အကျိုးသက်ရောက်လှတဲ့အခြေခံအသုံးအဆောင်ပစ္စည်းတွေရှိနေပါတယ်။ ဒါကြောင့်အသားအရေကြည်လင်လှပအောင်လုပ်ပေးမယ့်အခြေခံပစ္စည်း(၅)မျိုးအကြောင်းကို မျှဝေပေးချင်ပါတယ်။
၁။ သင်ဘယ်သွားသွားပါတဲ့သင်ကြိုက်နှစ်သက်သောဦးထုပ်တစ်လုံး
အကယ်လို့သင်သာနေပူထဲကိုရောက်နေပြီဆိုရင်ဆောင်းရမယ့်ဦးထုပ်ဟာဘေ့စ်ဘောဦးထုပ်ပင်ဖြစ်နေပါစေသင့်ရဲ့ဦးခေါင်းကိုတော့နေရောင်ခြည်နဲ့မထိမိအောင် ကာကွယ်ထားဖို့အရမ်းအရေးကြီးပါတယ်။ ဘေ့စ်ဘောဦးထုပ်ဟာဆိုရင်နှာဖူးနဲ့ခေါင်းကိုနေရောင်ခြည်ကြောင့်ဖြစ်စေတဲ့အညိုအစက်အပျောက်တွေအရေပြားကင်ဆာတွေကနေကာကွယ်ပေးနိုင်ပါတယ်။ ဦးထုပ်ကီးကြီးဝိုင်းဝိုင်းပုံစံမျိုးဆိုရင် မျက်နှာတခုလုံးနဲ့လည်ပင်းကိုပါနေရောင်ခြည်ဒဏ်ကနေကာကွယ်ဖို့ပိုတောင်ကောင်းပါသေးတယ်။ ဒါကြောင့်မို့ခုပဲဆိုင်ကိုသွားပြီးသင်ကြိုက်နှစ်သက်ပြီးတကယ်ဆောင်းမယ့်ဦးထုပ်တလုံးကိုရွေးပြီးဝယ်လိုက်ပါ။
၂။ ဇင့်ဓါတ်ပါဝင်မှုနှုန်းမြင့်သောနေကာခရမ်
သင်ရဲ့အသားအရေကိုကာကွယ်ဖို့သင်လုပ်နိုင်တာတစ်ခုပဲရှိခဲ့လျှင်အဲ့ဒါဟာsuncreamပဖြစ်ပါတယ်။ ဘာလို့ပါလဲ။ ခရမ်းလွန်ရောင်ခြည်ကတိမ်ထူတဲ့နေ့မျိုးတောင်မချန်ပဲနေ့တိုင်းနေ့တိုင်းမှာရှိနေလို့ပါပဲ။ အဲ့ဒီခရမ်းလွန်ရောင်ခြည်ဟာသင့်ရဲ့ကားမှန်ပြူတင်းပေါက်မှန်တွေကနေဖြတ်ပြီးဝင်လာပါတယ်။ နေကာခရမ်တော်တော်များများဟာခရမ်းလွန်ရောင်ခြည်ကိုသေချာမကာကွယ်နိုင်ပါဘူး။ ဘူးမှာရေးထားတာကိုလည်းသေချာဖတ်ဖို့လိုပါတယ်။ ဥပမာ broad spectrumလိုစာပါတဲ့ဟာမျိုးမှာတောင် ခရမ်းလွန်ရောင်ခြည်ကိုမကာကွယ်နိုင်ပါဘူး။ ဇင့်ဓါတ်ဟာခရမ်းလွန်ရောင်ခြည်ကိုအပြည့်အဝကာကွယ်ပေးနိုင်ပြီး နေကာခရမ်တွေရဲ့အဓိကပါဝင်ပစ္စည်းပဲဖြစ်ပါတယ်။ ဒါကြောင့်နေကာခရမ်တွေကိုဝ်တဲ့အခါ သင်နေထိုင်တဲ့နေရာသင်ရဲ့ကားအတွင်းနဲ့အပြင် ခရမ်းလွန်ရောင်ခြည်ရရှိမှုကို မူတည်ပြီးဇင့်ဓါတ်၇ရာခိုင်နှုန်းကနေ၂၀ရာခိုင်နှုန်းအထိပါတဲ့ နေကာခရမ်မျိုးကိုဝယ်သင့်ပါတယ်။
ရေကူးအင်္ကျီတွေဟာချစ်စရာကောင်းပါတယ်။ နေရောင်အောက်မှာရေကူးအင်္ကျီဝတ်ထားတဲ့ပုံစံဟာလုံးဝရိုးရှင်းတဲ့ဘဝကိုထင်ဟပ်စေပါတယ်။ သင်အဲ့ဒါကိုဝတ်ဆက်လိုက်ပြီဆိုတာနဲ့မျက်နှာလည်ပင်းနဲ့ခြေထောက်တွေကိုသာနေရောင်ခြည်ဒဏ်ကကာကွယ်ဖို့လိုပါတော့တယ်။ ထို့အပြင်ရေကူးအင်္ကျီဟာသင်ရေအောက်ရောက်သွားတဲ့အခုမှာလည်းရေကာခရမ်တွေလိုပျက်သွားမှာကိုမစိုးရိမ်ရပါဘူး။
၄။ ကောင်းမွန်တဲ့ခန္ဓါကိုယ်ဂျီးချွတ်ခြင်း။
လူတော်တော်များများဟာသူတို့်ခန္ဓါကိုယ်ပေါ်ကအရေပြားကိုလျစ်လျူရှုတက်ကြပါတယ်။ ဒါပေမယ့်သင်ဟာသင့်ရဲ့မျက်နှာကိုဂရုစိုက်သလိုပဲ ခန္ဓါကိုယ်ကိုလည်းဂရုစိုက်သင့်ပါတယ်။ ရေချိုးပြီးတိုင်းမှာသင့်ရဲ့ခန္ဓါကိုယ်ကိုအစိုဓါတ်ရှိနေအောင်ထိန်းသိမ်းထားရပါမယ်။ ဒါ့အပြင်ကျွန်ုပ်တို့အသက်ကြီးလာနဲ့အမျှဆဲလ်တွေဟာ ပျက်စီးကုန်ကြတဲ့အတွက်ခန္ဓါကိုယ်ဂျီးချွတ်ခြင်းကို တစ်လတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။ epsom saltနဲ့အရင်၁၀မိနစ်ရေချိုးလိုက်ခြင်းဟာပို၍ပင်ကောင်းစေပါသည်။ ထို့နောက်ကျောကုန်းကိုbrushနဲ့တိုက်ချရမှာဖြစ်ပါတယ်။ မကြာခဏဂျီးချွတ်ပေးခြင်းဟာသင့်ရဲ့အရေပြားကိုပိုမိုနူးညံ့စေပြီးယားယံခြင်းတွေကိုလည်းသက်သာစေပါတယ်။
ကျွန်တော်တို့တွေနေကိုတည့်တည့်မကြည့်ကြပါဘူး။ နေနဲ့ဝေးရာကိုပဲကြည့်လေ့ရှိကြပါတယ်။ ဒါကြောင့်နေရောင်ခြည်ဟာကျွန်ုပ်တို့မျက်နှာဘေးဘက်ကိုပုံမှန်ထိလေ့ရှိပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှနေရောင်ခြည်ရဲ့ထိခိုက်မှုတွေရယ်မောခြင်းတွေအရိုး၊အဆီနဲ့အရေပြားတွေကထောက်ပံ့မှုအားနည်းလာတာတွေပေါင်းစပ်ပြီးမျက်လုံးတစ်ဝိုက်မှာအရေးအကြောင်းတွေဖြစ်ပေါ်လာရပါတယ်။ သင်ဟာမျက်လုံးဘေးဘက်တွေပါအုပ်မိတဲ့နေကာမျက်မှန်မျိုးတပ်ခြင်းဖြင့်နေရောင်ခြည်ရဲ့အန္တရာယ်ကနေကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်မျက်လုံးပတ်လည်အသားအရေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့နေကာခရမ်မျိုးကိုလည်းလိမ်းသင့်ပါတယ်။