brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ

အရေပြားကို ပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ပြဿနာတွေ များသလို အရေပြားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကလည်း ဒုနဲ့ဒေးပါ။

စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ

ဒီထဲမှာမှ လေဒီလေးတွေကို အသားအရေ အထိခိုက်စေဆုံး အကြောင်းအရာက စတီးရွိုက်ပါပဲ။ စတီးရွိုက်ပါတဲ့ အလှကုန်တွေက ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ ရောက်ရှိနေပြီး လူးစမှာ သက်သာလာတာကြောင့် ဆက်တိုက်လူးရင်းက နောက်ဆုံးမှာ အသားအရေ ပျက်စီးတာပါ။ နောက်တစ်ချက်က စတီးရွိုက်ပါတဲ့ အလှကုန် အများစုက ပါဝင်ပစ္စည်းနေရာမှာ စတီးရွိုက်လို့ ထည့်မရေးထားတာကြောင့်လည်း ပါတာပေါ့။

အချိုဆို ဝက်ခြံတွေ ထိန်းမနိုင်အောင် ထွက်လာမှ စတီးရွိုက်ထိထားတာထင်တယ်ဆိုတာမျိုးတောင် ရှိပါတယ်။ ဒီတော့ စတီးရွီုက်ထိရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

အရေပြားက စတီးရွိုက် ထိထားတာလား။

အရေပြားက စတီးရွိုက်ထိတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာချင်းတော့ မတူနိုင်ဘူးပေါ့။

စတီးရွိုက်​ကြောင့် အသားအရေ ထိခိုက်တဲ့အခါ သက်သာစေဖို့

စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာက စောစောသိလေ ပိုကောင်းလေပါ။ ဒါမှလည်း အသားအရေ ထိခိုက်မှု နည်းတော့မှာပေါ့။

ဒါကြောင့် အပေါ်မှာ ပြောတဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင်

စတီးရွိုက်ပါတဲ့ အလှကုန် သုံးနေတာကို ချက်ချင်း ရပ်ပါ။

စတီးရွိုက် ပါတဲ့ဆေးကို ရပ်လိုက်တဲ့အခါ မျက်နှာပေါ်က အဖုအပိမ့်တွေက ကန်ထွက်လာသလို အများကြီး ထွက်လနိုင်ပါတယ်။ ဒါပေမယ့် အသားအရေကို ထပ်မပျက်စီးစေဖို့တော့ ရပ်လိုက်နိုင်ပါပြီ။ ဒါကြောင့် ဆေးရပ်လိုက်လို့ ဖြစ်မယ် ဆက်သုံးမယ်ဆိုတာမျိုး မလုပ်ဘဲ။ ချက်ချင်း ရပ်လိုက်ပါ။

ချက်ချင်းရပ်လိုက်တာကြောင့် အရေပြားမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်ဆိုပေမယ့် လေ့လာမှုတွေအရကတော့ စတီးရွိုက်ကို ဖြည့်းဖြည်းချင်း ရပ်လိုက်လည်းပဲ အခုလိုပဲ ခံစားရမှာပါ။ ထူးခြားသွားတာမျိုး မရှိပါဘူးလို့ သိရပါတယ်။

ရေခဲ ကပ်ပေးပါ။

ရေခဲ ကပ်ပေးတာ၊ ရေအေးဝတ်ကပ်ပေးတာက စတီးရွိုက်ကြောင့် အရေပြား ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။

Antihistamine ဆေးဝါးများ

စတီးရွိုက်ကောင့် အသားအ​ရေ ထိခိုက်တဲ့ လက္ခဏာတွေကို သက်သာစေဖို့ဆိုရင်Antihistamine ဆေးဝါးတွေကို အသုံးပြုရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကတော့ ဆရာဝန်က ညွှန်းပေးပါလိမ့်မယ်။

Antibiotics

antibiotic ဆေးဝါးတွေကလည်း စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ အဓိကကတော့ အဖုအပိမ့်တွေကို သက်သာစေတာပါ။

စတီးရွိုက်ဆေးဝါးတွေ

အချို့ အရေပြားဆရာဝန်တွေကတော့ စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်တဲ့အခါ သက်သာစေဖို့ဆိုရင် စတီးရွိုက် သောက်ဆေးကို ကာလတို တစ်ခုအထိ သောက်သုံးစေပါတယ်။ ဒီလို သောက်သုံးမှုက လက္ခဏာတွေကို ပိုမဆိုးစေဘဲ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေတာကြောင့်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။