မျက်နှာ၊ ရင်ဘတ်၊ ပခုံးသို့ ကျောဘက်တွေမှာ ပေါက်လေ့ရှိတဲ့ အညိုရောင် အနက်ရောင်အဖုလေးတွေ ဖြစ်ပါတယ်။ ပျော့ပြီး အကြေးခွံလိုအဖတ်ဖတ်လေးတွေဖြစ်နေတဲ့အဖုလေးတွေဖြစ်ပါတယ်။ ကင်ဆာဖြစ်လာနိင် ခြင်းမရှိပါဘူး။ နေရောင်ထိတွေ့မှုနဲ့လည်း မဆက်နွှယ်ပါဘူး။ အရေပြားကင်ဆာနဲ့ ပုံစံချင်းတုူနိုင်ပါတယ်။
သာမန်မှာဆိုရင် နာကျင်မှုမရှိတတ်ပါဘူး။ ကုသမှုပေးဖို့လည်း မလိုပါဘူး။ အဝတ်အစား ဒါမှမဟုတ် အလှကုန်တစ်ခုခုနဲ့မတည့်ခြင်းကြောင့် ဖြစ်မယ်ဆိုတော့ ဖယ်ရှားဖို့ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်ပါတယ်။
အသက်ကြီးသူတွေမှာ အဖြစ်အများဆုံးကင်ဆာမဟုတ်တဲ့အရေပြားအဖုအကျိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လူကြီးကြွက်နို့ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-
ဖယောင်းခဲ အဆီခဲနဲ့တူလေ့ရှိပါတယ်။ မျက်နှာ၊ ရင်ဘတ်၊ ပခုံးနဲ့ နောက်ကျောတွေမှာ ပေါက်လေ့ရှိပါတယ်။ တစ်လုံးတည်းဒါမှတဟုတ် အစုလိုက်ပေါက်လေ့ရှိပါတယ်။ အရောင်ကွဲပြားမှုတွေရှိနိုင်ပါတယ်။ သားရေရောင်ကနေ အညိုရောင်အနက်ရောင် ဖြစ်နိုင်ပါတယ်။ လုံးဝန်းတယ်ဒါမှမဟုတ် ဘဲဥပုံစံရှိပါတယ်။
အရေပြားပေါ်မှာ အပြားလိုက်ကပ်နေပြိးဒါမှမဟုတ် အကြေးခွံလိုမျိုးအဖတ်တွေနဲ့ အနည်းငယ်ဖောင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ အလွန်အမင်းသေးငယ်တဲ့အနေအထားကနေ ၁လက်မအထက်ထိ အရွယ်အစားအမျိုးမျိုး ရှိနိုင်ပါတယ်။ ယားယံခြင်းဖြစ်နိင်ပါတယ်။ နာကျင်လေ့မရှိပေမယ့် အရွယ်အစားနဲ့ဖြစ်တဲ့နေရာပေါ်မူတည်ပြီး စိတ်အနှောင့်အယှက်ပေးနိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းပွတ်ခြင်း၊ ကုတ်ဖဲ့ခြင်းလိုမျိုး မလုပ်သင့်ပါဘူး။ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်နိုင်ပြီး တချိုအခြေအနေတွေမှာ ကူးစက်ပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
အချိန်တိုအတွင်း ကြီးထွားမှုပျံ့နှံလာခဲ့မယ်ဆိုရင် ဖြစ်ပါတယ်။ အဝတ်နဲ့ပွတ်မိတဲ့အခါမျိုးမှာ အထိမခံနိုင်ဖြစ်မယ်ဒါမှမဟုတ် သွေးထွက်မယ်ဆိုရင် အဲံဒီအဖုတွေကို ဖယ်ရှားပစ်ချင်စိတ်ပေါ်လာပါလိမ်မယ်။ သင့်အရေပြားမှာ အနာတွေလိုမျိုး သံသယဝင်ဖွယ်ပြောင်းလဲမှုတွေကိုသတိထားမိရင် အဖုတွေကလျင်လျင်မြန်မြန်ကြီးထွားလာမယ်ဆိုရင် သွေးထွက်မယ်သို့မဟုတ် အနာမကျက်ဘူးဆိုရင် ဖြစ်ပါတယ်။ အရေပြားကင်ဆာလက္ခဏာတွေဖြစ်နိုင်ပါတယ်။
ဖြစ်ရခြင်းအကြောင်းအရင်းကို တိတိကျကျမသိရသေးပါဘူး။ အလွန်အဖြစ်များပြီး အသက်ကြီးလာလေဖြစ်နှုန်းများလာလေဖြစ်ပါတယ်။ လူတစ်ယောက်ကနေတစ်ယောက်ကို မကူးစက်နိုင်ပါဘူး။ အချို့မိသားစုဝင်တွေကြားမှာ တွေ့ရတာမို့ မျိုရိုးလိုက်ခြင်းက အဓိကကျပါတယ်။
ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
အသက်ကြီးခြင်း
သတ်လက်ပိုင်းတွေမှာ အဖြစ်များလေ့ရှိပါတယ်။ အသက်ကြီးလာလေ ဖြစ်နိုင်ချေများလေဖြစ်ပါတယ်။
မိသားစုဝင်အတွင်းခံစားနေရခြင်း
ဒီအရေပြားပြဿနာက မိသားစုတွေထဲမှာဖြစ်လေ့ရှိပါတယ်။ ဆွေမျိုသားချင်းတွေထဲမှာ ဖြစ်တဲ့သူများလေ ဖြစ်နိုင်ချေများလေဖြစ်ပါတယ်။
နေရောင်ခြည်နဲ့မကြာခဏထိတွေ့ရခြင်း
အရေပြားနဲ့နေရောင်ခြည်ထိတွေ့ခြင်းက ဖြစ်နိုငချေပိုများစေပါတယ်။ အချို့အဖုတွေက အပြင်ထွက်တြ့အအခါမှာ ဖုံးအုပ်ထားတဲ့အရေပြားပေါ်မှာလည်း ဖြစ်တတ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အရေပြားဆရာဝန်က ကြည့်လိုက်ရုံနဲ့ လူကြီးကြွက်နို့ မှန်း အတည်ပြုနိုင်ပါတယ်။ သိပ်မသေချာဘူးဆိုရင် အဖုတစ်ခုလုံးကိုဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖယ်ထုတ်ပစ်လိုက်ပါလိမ်မ့မယ်။ အရေပြားအသားစနမူနာယူတယ်လို့ ခေါ်ပါတယ်။ ဒီနမူနာကို ကျွမ်းကျင်တဲ့ရောဂါဗေဒပညာရှင်က အနုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ပါလိမ်မ့ယ။် ဆရာဝန်က လူကြီးကြွက်နို့ လား ကင်ဆာလားဆိုတာကို ခွဲခြာ်းအတည်ပြုနိုင်အောင် ကူညီပေးနိုင်ပါတယ်။
ကုသမှုက အများအားဖြင့်မလိုတတ်ပါဘူး။ အထိမခံနိုင်ဘူးဖြစ်နေရင် ။ အဝတ်အစားနဲ့ပွတ်မိတဲ့အခါ သွေးထွက်တာမျိုးရှိရင်၊ အဖုရဲ့ပုံပန်းသွင်ပြင် သို့ သင်ခံစားနေရတာမကောင်းဘူး မကြိုက်ဘူးဆိုရင် ဖယ်ရှားပစ်နိုင်ပါတယ်။
ဆရာဝန်က အောက်ပါနည်းလမ်းတွေသုံးပြီး ဖယ်ရှားပေးပါလိမ့်မယ်။
နိုက်ထရိုဂျင်အရည်နဲ့ခဲစေခြင်း– ခရိုင်ယိုဆာဂျရီက လူကြီးကြွက်နို့ ကိုဖယ်ရှားရာမှာ ထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဖောင်းနေတဲ့အဖုအကျိတ်တွေကို အမြဲတော့မဖယ်ရှားပေးနိုင်ပါဘူး။ ခရိုင်ယိုဆာဂျရီ သက်ရောက်ခံရတဲ့အရေပြားကို ပါးသွားစေပါတယ်။ ခွဲစိတ်ရာတွင် သုံးတဲ့ခြစ်ထုတ်တဲ့ကိရိယာလေးကိုသုံးပြီး အရေပြားမျက်နှာပြင်ကိုခြစ်ထုတ်ပစ်ခြင်း၊ အရေပြားမှာကပ်နေတဲ့အမျိုးအစားတွေအတွက်ဆို ခရိုင်ယိုဆာဂျရီနဲ့တွဲပြီး သုံးလေ့ရှိပါတယ်။ လျှပ်စစ်စီးကြောင်းကို အသုံးပြုပါတယ်။
လျှပ်စီးကြောင်းပေးပြီး လောင်ကျွမ်းစေခြင်း– လူကြီးကြွက်နို့ ကိုဖယ်ရှားရာမှာ အကျိုးသက်ရောက်မှုရှိပါတယ်။ သူ့ချည်းသက်သာက် ဒါမှမဟုတ် ခွဲစိတ်ခြစ်ထုတ်ကိရိယာနဲ့တွဲပြီး အသုံးပြုပါတယ်။ ဒီဖြစ်စဉ်မှာ သေချာမပြုလုပ်ဘူးဆိုရင် အမာရွတ်ကျန်နိုင်ပြီး အခြားနည်းလမ်းတွေထက် အချိန်ပိုကြာနိုင်ပါတယ်။
လေဆာနဲ့ဖယ်ရှားခြင်း– လေဆာကုထုံးအမျိုးမျိုးကို လူကြီးကြွက်နို့ ကိုကုသရာမှာ အသုံးပြုနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။