ပယ်လာဂရာရောဂါသည် ဝမ်းပျက်ခြင်း၊အရေအပြားများရောင်ရမ်းခြင်း၊နှင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း တို့ပေါင်းစုနေသော ရောဂါဖြစ်သည်။ မကုသပဲထားပါက အသက်သေဆုံးနိုင်ပါသည်။ နိုက်ယာစင် ဟုခေါ်သော ဗီတာမင် ဘီ3 ချို့တဲ့ နည်းပါးနေ၍ဖြစ်ပွားရခြင်းဖြစ်သည်။ ထိုဗီတာမင်သည် ဆဲလ်များ၏လုပ်ငန်းဆောင်တာအများစုဆောင်ရွက်ရန်အတွက်လိုအပ်သည်။ အမိုင်နိုအက်စက်တမျိုးဖြစ်သော ထရစ်တိုဖန်သည် အစားအစာများတွင်ပါလာပြီး ခန္ဓါကိုယ်တွင်းတွင် နိုက်ယာစင်အဖြစ်ပြောင်းလဲသည်။ ထို့ကြောင့်ထိုဓါတ်နှစ်မျိုးလုံးချို့တဲ့ပါက ပယ်လာဂရာဖြစ်ပေါ်လာသည်။
သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
အဖြစ်များသောလက္ခဏာများမှာ
အထက်ပါလက္ခဏာများအပြင်ထပ်မံရှိနိုင်သေး၍ စိုးရိမ်ရပါက ဆရာဝန်နှင့် တွေ့ဆုံပြသပါ။
အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
ပယ်လာဂရာသည် နိုက်ယာစင် ချို့တဲ့နေမှုကြောင့်ဖြစ်ရပြီး ထိုချို့တဲ့မှုမှာ အောက်ပါအကြောင်းအရင်းများကြောင့်ဖြစ်သည်။
ပထမအကြောင်းအရင်း မှာ စားသောက်သောအစားအစာများတွင် ထရစ်တိုဖန်နှင့် နိုက်ယာစင်ဓါတ်တို့နည်းပါးချို့တဲ့နေခြင်းဖြစ်သည်။
ဒုတိယအကြောင်းအရင်းမှာ စားသုံးရာတွင် နိုက်ယာစင်ဓါတ်များလုံလောက်စွာ ပါသော်လည်း
အကြောင်းအရာတစုံတခုကြောင့် နိုက်ယာစင်အား အူများမှ စုပ်ယူခြင်းနှင့် ထုတ်လုပ်ခြင်းတို့တွင် ဟန့်တားမှုဖြစ်နေခြင်းဖြစ်သည်။ ဒုတိယအကြောင်းအရင်းအားဖြစ်စေနိုင်သောအခြေအနေများမှာ – နှစ်လကြာရှည်စွာအရက်သောက်သုံးခြင်း
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
နိုက်ယာစင်ဓါတ်ကို ခန္ဓါကိုယ်မှ ဆီး ထဲသို့ပုံမှန် စွန့်ထုတ်လေ့ရှိသည်။ ဆီး ရည်ထဲတွင် စမ်းသပ်တွေ့ရှိနိုင်သောပစ္စည်းများမှာ နီကိုတင်းအက်စစ်၊နိုက်ယာစင်အောက်ဆိုဒ်၊နှင့်အခြားသောပစ္စည်းများ စသည်ဖြင့်
2-ပိုင်ရီဒုန်း၊2-မီသိုင်းနီကိုတင်းနမိုဒ် တို့ဖြစ်သည်။ ထို 2-ပိုင်ရီဒုန်း၊2-မီသိုင်းနီကိုတင်းနမိုဒ် စသောဓါတ်တို့၏ ဆီးထဲရှိ ပမာဏနည်းနေပါက နိုက်ယာစင်ဓါတ်နည်းပါးနေကြောင်းသိရှိနိုင်သည်။
ပယ်လာဂရာရောဂါ အား နိုက်ယာစင်(သို့)နီကိုတင်းနမိုဒ် သောက်ဆေးဖြင့်ဖြစ်စေ အကြောထိုးဆေးဖြင့်ဖြစ်စေ ကုသနိုင်သည်။ ဒုတိယအကြောင်းအရင်းကြောင့်ဖြစ်ပွားသော ပယ်လာဂရာအား ကုသရန်လိုအပ်သည့် ပမာဏကား နယူးဇီလန်တွင်ရရှိကုသရန်ခက်ခဲကြောင်းသိရှိရသည်။
ပထမအကြောင်းအရင်းကြောင့်ဖြစ်ပွားသော ပယ်လာဂရာအား ကုသမှုစတင်ပြီး နှစ်ရက်အကြာတွင်ပင် ရလဒ်ကောင်းများတိုးတက်ဖြစ်ပေါ်စေနိုင်သည်။ အရှင်းပျောက်ကင်းရန် ပရိုတင်းဓါတ်များစွာစားသောက်ခြင်းနှင့်အတူ ဗီတာမင်ဘီ3 အားသောက်သုံးရန်လိုအပ်သည်။
ဒုတိယအကြောင်းအရင်းကြောင့်ဖြစ်ပွားသော ပယ်လာဂရာအား ဖြစ်နိုင်သည့်အကြောင်းအရင်းများစွာရှိ၍ ကုသရန်ခက်ခဲကောင်းခက်ခဲနိုင်သည်။
အရေအပြားရှိအနာများနှင့် အနီစက်များအား အရောင်ကျစေသည့် လိမ်းဆေးများနှင့်ကုသနိုင်သည်။ ကုသပျောက်ကင်းရန် နေရာင်ခြည် သည်အရေးတကြီး လိုအပ်ပြီး ပိုးသတ်ဆေးပါသည့်လိမ်းဆေးများကိုလည်း နေ့စဉ် အရေပြားအား လိမ်းကာကုသနိုင်ပါသည်။
အောက်ပါအပြုအမူအနေအထိုင်များက အထောက်အကူပြုနိုင်ပါသည်
ယောင်္ကျားများအတွက်တနေ့တာလိုအပ်သော ဗီတာမင်ဘီ 3 ပမာဏမှာ 16 မီလီဂရမ်ဖြစ်ပြီး
အမျိုးသမီးများအတွက် 14မီလီဂရမ်လိုအပ်သည်။ နိုက်ယာစင်ဓါတ်များစွာရရှိနိုင်သောအစားအသောက်များမှာ အနီရောင်အသားများ၊ကြက်၊ဝက်နှင့်အသားငါးများ၊အထားခံအောင်ပြုလုပ်ထားသောပေါင်မုန့်များနှင့်မုယောစပါးများ၊ပဲအမျိုးမျိုးပဲတောင့်အမျိုးမျိုးစသည်ဖြင့်ဖြစ်သည်။ ထိုအစားအသောက်
များကိုမစားသောက်နိုင်သည်ဖြစ်စေ နိုက်ယာစင်ဓါတ်အား မစုပ်ခြင်း၊မထုတ်လုပ်ခြင်းတို့ဖြစ်
စေနိုင်သည့်ရောဂါများရှိသည်ဖြစ်စေ ဆရာဝန်နှင့်တိုင်ပင်ပြသပါ။ နိုက်ယာစင်ဓါတ်20မီလီဂရမ်ပါဝင်သော အားဆေးများသောက်သုံးခြင်းဖြင့်လည်း ပယ်လာဂရာအားကာကွယ်နိုင်သည်။
နီကိုတင်းနမိုဒ်နှင့် နီကိုတင်းနစ်အက်စစ်ဖြည့်စွက်အားဆေးများသည် FDA အသိမှတ်ပြုဖြစ်ပြီး ဆရာဝန်၏ညွှန်ကြားချက်ဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ကာ သွေးတွင်းကိုလက်စထရောများ
ခြင်းနှင့်အဆီဓါတ်များနေခြင်းတို့ကိုကုသရာတွင်လည်းအသုံးပြုနိုင်သည်။ အဖြစ်အများဆုံးသော ဘေးထွက်ဆိုးကျိုးမှာ အသားအရေများနီရဲလာခြင်းဖြစ်သည်။ အခြားသောဘေးထွက်ဆိုး
ကျိုးများမှာ ပျို့ခြင်း၊အန်ခြင်း၊ယားယံခြင်း၊အင်ပျင်များထွက်ခြင်း၊သွေးထဲတွင်အသည်းအင်ဇိုင်းများအလွန်
အမင်းမြင့်တက်နေခြင်း၊ဝမ်းချုပ်ခြင်း စသည်ဖြင့်ဖြစ်သည်။ သို့သော် အလွန်အမင်းနိုက်ယာစင်
အားသောက်သုံးမိပါကလည်းအန္တာရယ်များသောကြောင့် ဆရာဝန်ညွှန်ကြားကြည့်အတိုင်းသာသောက်သုံးသင့်ပါသည်။ အကယ်၍ 100မီလီဂရမ်အထက်နေ့စဉ်သောက်သုံးနေပါက ဆရာဝန်မှ
နိုက်ယာစင်ဓါတ်ကြောင့် အသည်းအား ထိခိုက်ပျက်စီး
သွားခြင်းရှိမရှိစစ်ဆေးမှုများရံဖန်ရံခါပြုလုပ်ခိုင်းတတ်သည်။ အကယ်၍ဂေါက်ရောဂါရှိပါက
လည်း နိုက်ယာစင်မည်မျှသောက်သုံးသင့်သည်ကို သိရှိရန်အလွန်အရေးကြီးသည်။ အဘယ်
ကြောင့်ဆိုသော် နိုက်ယာစင်ဓါတ်သည် ယူးရစ်အက်စစ်ပမာဏအား သွေးကြောထဲတွင်မြှင့်
တက်စေနိုင်၍ဖြစ်သည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ