တင်းတိပ်တွေကြောင့် စိတ်ညစ်နေပြီလား။ ဆေးတွေ လိမ်းတယ်။ အမျိုးမျိုး အသားအရေ ထိန်းသိမ်းနည်းတွေကို လိုက်လုပ်ပေမယ့်လည်း တင်းတိပ်တွေက သက်သာသွားတာမျိုး မရှိဘူးဆိုပြီး စိတ်ညစ်နေပြီလား ……. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ တင်းတိပ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေနဲ့ တင်းတိပ် သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
တင်းတိပ် ဆိုတာ
တင်းတိပ် ဆိုတာက အသားအရေ အရောင်ပြောင်းလဲသွားတာပါ။ နေရောင်နဲ့ ထိတွေ့မှု များတဲ့ မျက်နှာ အစိတ်အပိုင်းတွေမှာ မီးခိုးရောင် ဒါမှမဟုတ် အညိုရောင်အကွက်တွေ ဖြစ်လာတာပါ။ အရေပြားပြဿနာ တစ်မျိုးပေါ့။ ထိခိုက်အန္တရာယ်ဖြစ်စေတာမျိုးတော့ မရှိပါဘူး။
တင်းတိပ်တွေက မျက်နှာပေါ်က
တင်းတိပ်က လူတိုင်းမှာ ဖြစ်နိုင်ပြီး အသားညိုတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ တင်းတိပ်ဖြစ်ရတာက မ ဟော်မုန်းတွေကြောင့် ဖြစ်ရတာမို့လို့ပါ။
တင်းတိပ်က များသောအားဖြင့်တော့
ဘာတွေကများ တင်းတိပ် ဖြစ်စေတာလဲ
တင်းတိပ်ဖြစ်စေတဲ့ အကြောင်းအရင်း တိတိကျကျကို အခုထိတော့ မသိရသေးပါဘူး။ အဖြစ်များတယ်လို့ ယူဆရတဲ့ အကြောင်းအရင်းတွေကတော့

တင်းတိပ် သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့
ရှားစောင်းလက်ပပ် ဂျယ်လီသားက ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး အရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ တင်းတိပ် သက်သာစေဖို့ ထောက်ကူပေးနိုင်သလို အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပြီး အရေပြားအတွင်းပိုင်းအထိ အားဖြည့်ပေးနိုင်ပါတယ်။
နနွင်းမှာပါတဲ့ Curcumin က အရောင်ကျစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အသားအရေ ကျန်းမာစေပြီး တင်းတိပ်သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။
ခရမ်းလွန်ရောင်ခြည်ကြောင့် မယ်လ်လာနင်ထွက်ရှိတာကိုလည်း ဟန့်တားပေးပြီး အရေပြားမှာ တင်းတိပ် အပါအဝင် အရေပြားပြဿနာ တော်တော်များများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
လက်ဖက်စိမ်း ရေနွေးကြမ်း၊ ရေနွေးကြမ်းတွေက အရေပြားကို ကြည်လင်စေနိုင်ပါတယ်။ အရောင်ကျစေပြီး အစိုဓာတ်လည်း ထိန်းပေးပါတယ်။ အအေးခံထားတဲ့ ရေနွေးကြမ်းကို ဂွမ်းလုံးလေးနဲ့ယူပြီး တင်းတိပ်ဖြစ်တဲ့နေရာမှာ လိမ်းပေးတာက တင်းတိပ် သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးဖို့ လိုပါမယ်။
ပဲနီလေးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် တင်းတိပ် သက်သာစေဖို့ ထောက်ကူပေးသလို အသားအရေကို ကြည်လင် လှပစေမှာပါ။ ပဲနီလေးကို တစ်ညတာ ရေစိမ်ပြီး နောက်နေ့မနက်မှာ အနှစ်ဖြစ်အောင် ကြိတ်လိုက်ပါ။
ရလာတဲ့အနှစ်ကို တင်းတိပ်ပေါ်မှာ လိမ်းပြီး မိနစ် ၂၀ ကြာ ထားပေးပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ အရေပြား ခြောက်သွေ့မှု ကင်းပြီး တင်းတိပ် သက်သာစေမှာပါ။
ခရမ်းချဉ်သီး အနှစ်ကလည်း နေရောင်ထိတွေ့မှုကြောင့် ဖြစ်တဲ့ တင်းတိပ်တွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ Lycopene ဒြပ်ပေါင်းက အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး အနှစ်ကို သံလွင်ဆီနဲ့ ရောစပ်ပြီး တစ်ပတ်ကို ၂ ကြိမ်လောက် ခပ်ဖွဖွလေး လိမ်းပေးရုံပါ။
သံပုရာရည်
သံပုရာရည်က အရောင်ကျစေတာကြောင့် တင်းတိပ်သက်သာစေဖို့ ထောက်ကူပေးပါတယ်။ သံပုရာရည်ကို ရေနဲ့ဆတူရောပြီး တင်းတိပ်ဖြစ်တဲ့နေရာကို လိမ်းပေးရမှာပါ။ အရေပြားက ထိခိုက်လွယ်မယ်ဆိုရင်တော့ ဒီနည်းက အဆင်မပြေပါဘူး။