brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေးအကြောင်းများဘယ်လိုပေါ်ပေါက်လာသလဲ

အသက်ကြီးလာခြင်းရဲ့ အချက်တစ်ချက်ကတော့ အရေးအကြောင်းများပေါ်လာခြင်းဖြစ်တယ်။ အရေးအကြောင်းများပေါ်လာပါက ပိုရင့်ဟန်ပေါ်သလို ဆွဲဆောင်မှုလည်းအားနည်းလာပြီဖြစ်တယ်။ အရေးအကြောင်းတွေဘယ်လိုဖြစ်လာလဲ သိထားခြင်းဖြင့် အရေးအကြောင်းတွေရဲ့ သင့်ရုပ်ရည်အပေါ်သက်ရောက်မှုကို လျှော့ချနိုင်ပါလိမ့်မယ်။

အရေးအကြောင်းများဘယ်လိုပေါ်ပေါက်လာသလဲ

အရေးအကြောင်းတွေဘယ်လိုဖြစ်လာသလဲ

သဘာဝအလျောက်အသက်ကြီးလာခြင်းဟာ ရှောင်လွှဲလို့မရနိုင်သလို နေ့စဉ်ဖြစ်ပျက်နေသောအရာဖြစ်တယ်။ သိသာတဲ့အချက်ကတော့ အရေးအကြောင်းတွေ တဖြေးဖြေးပေါ်လာတာပါပဲ

နှစ်မျိုးရှိပါတယ်

  • ကြွက်သားများ ထပ်ကာထပ်ကာလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများဖြစ်ပြီး ထင်ရှားသည့်နေရာကတော့ ပါးစပ်တဝိုက်မှအရေးအကြောင်းများဖြစ်တယ်။
  • နောက်တစ်မျိုးကတော့ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်အခြေအနေ နှင့် အသက်ကြီးလာသောကြောင့် ဖြစ်ပေါ်လာသောအရေးအကြောင်းများဖြစ်တယ်။

Collagen, အရေပြားရဲ့ ဆန့်ကျုံ့သတ္တိနှင့် အဆီများဆုံးရှုံးသွားခြင်းဟာ အရေးအကြောင်းများဖြစ်ပေါ်စေပါတယ်။ အရေးအကြောင်းတွေဟာ အရေပြားအပေါ်လွှာရဲ့ အောက်ဘက်နက်ရှိုင်းတဲ့နေရာမှ ဖြစ်ပေါ်လာပြီး အပေါ်ယံကြောကို ဆဲလ်အသေများနှင့်ဖုံးထားပါတယ်။

အရေပြားအောက်လွှာဟာ collagen ကြွယ်ဝတာကြောင့် အရေပြားတောင့်တင်းမှုနှင့် ဆန့်ကျုံ့နိုင်မှုအတွက်တာဝန်ရှိသောအလွှာဖြစ်တယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားဆဲလ်များ ပွားများရန်ကြာလာတာကြောင့် အရေပြားပြန်လည်ပြုပြင်ဖို့အချိန်တာရှည်လာပါတယ်။ ထိုအခါအရေပြားအောက်လွှာပါးလာပြီး စိုထိုင်းမှုလျော့နည်းသွားတဲ့အခါမှာ အရေပြားအပေါ်လွှာမှာ အရေးအကြောင်းများပေါ်လာပါတော့တယ်။

Collagen နဲ့ elastin တို့နည်းလာတာကြောင့် အရေပြား ပြန်မတင်းနိုင်တော့ဘဲ အဆီများလည်းဆုံးရှုံးလာသည်နဲ့အမျှ အရေပြားလျော့ရဲခြင်းများလည်း စတင်ဖြစ်ပေါ်လာပါတော့တယ်။

အရေးအကြောင်းဖြစ်ပေါ်မှုကိုသက်ရောက်သောအချက်များ

သက်ရောက်သောအချက်အမျိုးမျိုးရှိသည့်အနက်မှ-

  • ရေဓါတ်ခန်းခြောက်ခြင်း
  • ညစ်ညမ်းခြင်းများ၊ အဆိပ်များ
  • ဆေးလိမ်သောက်ခြင်း
  • အာဟာရချို့တဲ့ခြင်း
  • မျက်နှာအမူအရာထပ်ကာထပ်ကာပြုလုပ်ခြင်း
  • ဘေးစောင်းအိပ်ခြင်း
  • အသက်ကြီးလာခြင်း

အသက်ကြီးလာတာနဲ့အမျှ အိုမင်းခြင်းရဲ့လက္ခဏာတွေ အထူးသဖြင့် အရေးအကြောင်းပေါ်ခြင်းကို မရှောင်လွှဲနိုင်ပါဘူး။ ဒါပေမယ့် အရေးအကြောင်းများပေါ်ရခြင်းအကြောင်းကိုသိခြင်းဟာ အရေပြားထိန်းသိမ်းနည်းရှာဖွေရန်နဲ့ နုနယ်ပျိုမျစ်သောအသွင်ကို ထိန်းသိမ်းထားရာမှာ အကူအညီပေးနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr.Aye Myat Myat Noe · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။