brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

ဟင်းချက်လို့ပဲဖြစ်ဖြစ်၊ အသားငါးတွေ ဆေးကြော သန့်စင်လို့ပဲဖြစ်ဖြစ်၊ လက်သည်းကို အရောင် ပြောင်းစေနိုင်တဲ့ အရာ တစ်ခုခုကို ကိုယ်တွယ် ထိတွေ့မိလို့ပဲဖြစ်ဖြစ် လက်သည်းတွေ ဝါနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ဝါနေတဲ့ လက်သည်းတွေ ဖြူလာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

လက်သည်းတွေဘာကြောင့် ဝါ

လက်သည်းတွေ ဝါရတာက ကျန်းမာရေးကြောင့်ပဲ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ကြတဲ့

  • ဟင်းတွေ ချက်ပြုတ်တာ (အထူးသဖြင့် အရောင်တင်မှုန့်နဲ့နနွင်းမှုန့် သုံးပြီး ချက်ရတာမျိုးတွေ)
  • အသား၊ ငါးတွေကို ဆား၊ နနွင်းနယ်တာ
  • အသား၊ ငါး၊ ပုစွန်စတာတွေကို ဆေးကြောတာ
  • လက်သည်းဆိုးဆေးတွေ
  • အရောင်ပါတဲ့ အရာတွေကို ကိုယ်တွယ်ထိတွေ့ရတာတွေကြောင့် လက်သည်း ဝါတာ အရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးက သွားတွေကိုတင် ဖြူစေတာ မဟုတ်ပါဘူး။ လက်သည်းတွေ ကိုလည်း ဖြူစေနိုင်ပါတယ်။ သွားတိုက်ဆေး ဆိုတဲ့နေရာမှာ ဂျယ်လ် အမျိုးအစားထက် white paste ဖြစ်တာက ပိုအဆင်ပြေပါတယ်။

သွားတိုက်ဆေးကို လက်သည်းပေါ်မှာ လိမ်းပြီး ခပ်ဖွဖွလေး စက်ဝိုင်းပုံ ပွတ်ပေးပါ။ ပြီးရင် ရေဆေးချပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် ပုံမှန်လေး လုပ်ပေးရုံပါ။

သံပုရာရည်

သံပုရာရည်က သဘာဝ အရောင်ချွတ်ဆေး တစ်မျိုးပါ။ ဝါနေတဲ့ လက်သည်းတွေဖြူစေဖို့ရော လက်သည်းပေါ်က အစွန်းအထင်းတွေကို သက်သာစေဖို့ပါ အသုံးပြုပေးနိုင်ပါတယ်။

သံပုရာသီးကို ထက်ခြမ်းခြမ်းလိုက်ပါ။ ပြီးရင် လက်သည်းတွေ ပေါ်မှာ ၁၅ မိနစ်ကြာ ဖိပွတ်ပါ။ ပြီးရင် လက်ဆေးဆပ်ပြာရည်လေးနဲ့ ဆေးကြော သန့်စင်လိုက်ပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် ဖြူစင်ကြည်လင်နေတဲ့ လက်သည်းလေးတွေကို ရရှိစေနိုင်မှာပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က မှိုပိုးတွေကို သေစေနိုင်သလို လက်သည်းပိုးဝင်တာတွေ၊ လက်သည်း အရောင်ပြောင်းတာတွေကို သက်သာစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ ရောပြီး မွှေပါ။ ပြီးရင် အဲ့ရေထဲမှာ လက်တွေကို ၁၅ မိနစ်လောက် စိမ်ထားပေးပါ။ တစ်ပတ်တစ်ကြိမ် လုပ်ပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။

ဒီနည်းလမ်းတွေကို ခြေသည်းတွေ ဝါနေရင်လည်း အသုံးပြုပေးလို့ ရပါတယ်။ ပုံမှန် လုပ်ဆောင်ပေးမယ်ဆိုရင် ခြေသည်း လက်သည်းတွေ ပိုးလည်း ကင်းပြီး ကြည်လင် လှပနေမှာပါ။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။