ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားရောဂါများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါသိပ်မဆိုးရင် အိမ်တွင်းကုထုံးများ သုံးနိုင်ပြီး အရေးကြီးရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကူးစက်တတ်တဲ့ အရေပြားပြဿနာများအကြောင်းကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

ကူးစက်နိုင်သော အရေပြားရောဂါများ ကို ရှာဖွေမည်။

အသားအရေနှင့် အလှအပ

အရေပြားကျန်းမာရေးနှင့် ရောဂါများ

ရောဂါအကြောင်း မပြောခင်မှာ အရေပြားနဲ့ ပတ်သက်ပြီး သိထားဖို့လိုအပ်ပါတယ်။ အရေပြားဆိုတာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။ အရေပြားသည် ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်ပြီး ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။ အရေပြားဟာ အလှအပအတွက်သာမက လူတွေရဲ့ကျန်းမာရေးအတွက်ပါ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အရေပြားက အဆီပြန်လွန်းရင်လည်း ချွေးပေါက်တွေ ကျယ်ပြီး ဖုန်၊ အဆီ၊ အညစ်အကြေးတွေ ဝင်အောင်းကာ ဝက်ခြံ၊ အဆီဖုတွေ ဖြစ်လွယ်နိုင်တယ်။ အစိုဓာတ်၊ ရေဓာတ် နည်းလွန်းတဲ့အခါ ခြောက်ပြီး အသားအရောင်ညစ်ထေးထေး ဖြစ်မယ်၊ အရေပြားပါးလာတဲ့အတွက် နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်ပြီး အရေပြားကင်ဆာ၊ ဓာတ်ရောင်ခြည်သင့်တာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ခြောက်သွေ့လွန်းရင်လည်း အရေပြားမှိုစွဲတာ၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားအောက်က လှုပ်စိလှုပ်စိ သန်ကောင်များ

သန်ကောင်လို့ ပြောရရင် အစာအိမ်နဲ့ အူထဲမှာပဲ ရှိတယ်လို့ သိထားကြတာပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်း အရေပြားအောက်မှာ သန်ကောင်ရှိနေတာကို မျက်စိနဲ့ တွေ့ရလိမ့်မယ်လို့ တွေးတောင် တွေးဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါတကယ်ရှိပါတယ်။ အရေပြားအောက်တွင်မက မျက်သားအဖြူမှာပါ အတိုင်းသားတွေ့ရတဲ့ သန်ကောင်တောင် ရှိသေးတယ်။ နည်းနည်းတော့ လန့်သွားပြီမလား။ ဒီနေ့ ဒီအကြောင်းလေးကို ဆွေးနွေးရအောင်။ အရေပြားအောက်က သန်ကောင်များ ဒါက သန်လုံးကောင် အမျိုးအစားဖြစ်ပြီး Gnathostoma spp.လို့ ခေါ်ပါတယ်။ သူ့ကြောင့် ဖြစ်တဲ့ ရောဂါကိုတော့  Gnathostomiasis လို့ ခေါ်တာပေါ့။ အာရှတိုက် အထူးသဖြင့် အရှေ့တောင်အာရှမှာ အဖြစ်များပါတယ်။ သူ့ကို အာရှတိုက်မှာဆိုရင် တို့တွေ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ ဂျပန်နဲ့ ရှားရှားပါးပါး သြဇီနဲ့ ယူကေဒါနိုင်ငံတွေအထိ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

Hidradenitis suppurativa ( HS ) ဆိုတာ အရေပြားအောက်မှာ ပြည်ဖုလိုမျိုး နာတဲ့ အဖုသေးသေးလေးတွေ ထွက်လာတာပါ။ ဝက်ခြံနဲ့တူပေမယ့် ဝက်ခြံတော့ ပိုပြင်းထန်ပါတယ်။ ဒီအဖုလေးတွေက ကြာလာရင် ပွင့်ထွက်တာ ဒါမှမဟုတ် အရေပြားအောက်မှာ သူတို့အချင်းချင်း ဆက်ပြီး ပွင့်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ လူပျို အပျိုဝင်ချိန်မှာ စဖြစ်တတ်ပြီး နှစ်အတော်ကြာ ဒီတိုင်းလေးရှိနေတတ်ပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကြောင့် နေ့စဉ်ဘဝမှာ စိတ်ရှုပ်ရတာတွေ၊ နေလို့ထိုင်လို့ မကောင်းတာတွေ ရှိလာနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ HS ရဲ့ လက္ခဏာများ အဓိက လက္ခဏာကတော့ အရေပြားမှာ နာတဲ့ အဖုလေးတွေ အများကြီး ထွက်လာတာပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ အရေပြားချင်း ပွတ်တိုက်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး

အရေပြားက ချွေးလေးစိုလာတိုင်းယားတယ်။ ရာသီဥတုလေး ပူလာတိုင်း ယားလာတယ်။ အရေပြားပေါ်မှာလည်း အဖြူအစက်လေးတွေ၊ အသားအရောင်ထပ် ရင့်နေတဲ့ အကွက်လေးတွေ အသားအရောင်ထက်ဖျော့နေတဲ့ အကွက်လေးတွေဖြစ်နေတယ်ဆိုရင် သေချာတာက အရေပြားပြဿနာ တစ်မျိုးဖြစ်တဲ့  ညှင်း  ပြဿနာကို ခံစားနေရတာပါ။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးပါရစေ။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများလဲ............ အရေပြားမှာဖြစ်တဲ့ ညှင်း သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး များကတော့ ကြက်သွန်နီ မီးဖိုချောင်တော်တော်များများမှာ အလွယ်တကူရနိုင်တဲ့ အိမ်တွင်းဂမုန်းလို့ တင်စားကြတဲ့ ကြက်သွန်နီက အရေပြားပြဿနာ တော်တော်များများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သွန်နီက ညှင်းကို ဖြစ်စေနိုင်တဲ့ malassezia မှိုပိုးတွေကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း

အချို့သော အရေပြားပြဿနာတွေက အရေပြားပေါ်မှာတင်ပြီးမသွားပါဘူး။ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို တစ်နည်းနည်းနဲ့ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်စေတဲ့အထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲကလည်း အပါအဝင်ပါ။ ဒီဆောင်းပါးလေးထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲက ကျန်းမာရေးကို ဘယ်လိထိခိုက်စေနိုင်လဲဆိုတာကိုပြောပြပေးပါရစေနော်။ ဝဲဆိုတာ...... ဝဲဆိုတာက Sarcoptes scabiei လို့ခေါ်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကြောင့်ဖြစ်ရတာပါ။ အရေပြားမှာယားယံစေနိုင်ပြီး လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။ အတူတူထိုင်မိရုံ၊ ထိတွေ့မိရုံနဲ့တင် ကူးစက်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကလေးလေးတွေဆိုရင် အတူဆော့တဲ့သူငယ်ချင်းတွေ၊ တစ်တန်းတည်းအတူတူထိုင်ရတဲ့ သူငယ်ချင်းတွေဆီကနေ အလွယ်တကူကူးစက်နိုင်ပါတယ်။ အဝတ်အစားတွေ မျှဝေဝတ်ဆင်တာကနေလည်း ဝဲကအလွယ်တကူကူးစက်နိုင်ပါတယ်။ နေအိမ်တစ်အိမ်မှာ မိသားစုဝင်တစ်ဦးကို ဝဲကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ကျန်မိသားစုဝင်တွေကို အလွယ်တကူကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့လိုပါမယ်။ ဝဲဖြစ်စေတဲ့ အကောင်လေးတွေက လူတစ်ယောက်ဆီကနေတစ်ယောက်ဆီကို အရမ်းမြန်မြန်ဆန်ဆန်နဲ့ကို ကူးစက်နိုင်တာပါ။ အများသုံးပို့ဆောင်ရေးစနစ်တွေကနေတဆင့်လည်း ဝဲကူးစက်ခံရနိုင်ပါတယ်။ ဝဲကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်မှာ ဝဲကူးစက်ခံရတဲ့အခါ အရေပြားပေါ်မှာ နီရဲနေတာ ဒါမှမဟုတ် ပုံမှန်အသားအရောင်နဲ့မတူတာမျိုးဖြစ်နေတာ အရေပြားပေါ်က နီမြန်းတဲ့နေရာတစ်ခုနဲ့တစ်ခုကြားမှာ အနီရောင် အတန်းလေးမျိုးဖြစ်နေတာ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကူးစက်မြန် ခြေထောက်မှိုစွဲ ပွေးရောဂါ

ပွေးဆိုတာ အရေပြားချင်း ထိတွေ့ရာမှ ကူးစက်ဖို့ အရမ်းလွယ်ကူတဲ့ ရောဂါတွေထဲက တစ်ခုပါ။ အထူးသဖြင့် ခြေထောက်မှိုစွဲ ရောဂါဆိုရင် အရေပြားချင်း ထိမိရုံသာမက အများသုံး ရေချိုးခန်း၊ အိမ်သာကနေလည်း ကူးစက်နိုင်ပါတယ်။ သူ့ကို ခြေထောက်မှိုစွဲပွေးလို့လည်းခေါ်သလို ခြေထောက် သဲဝဲစားတယ်လို့လည်းခေါ်လို့ရပါတယ်။ ပွေးရောဂါဆိုတာ သိပ်ပြီး စိုးရိမ်စရာ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ခံစားရတဲ့သူအတွက်တော့ ဒုက္ခက မသေးလှပါဘူး။ ယားယံတာကို မနေနိုင်ဘဲ လက်နဲ့ကုတ်မိလိုက်ရင်လည်း အသားက ပွန်းပဲ့ပြီး ပိုးဝင်သွားရင် ပိုပြီးတောင် ကုသဖို့ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်မှာ ခြေထောက်မှိုစွဲ ပွေးရောဂါ ရှိနေတယ်လို့ သံသယရှိနေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။ ဘာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာတာလဲ။ ပွေးဟာ ကိုယ်ခန္ဓာနေရာအနှံ့မှာ ပေါက်နိုင်တဲ့ ယားနာတစ်မျိုးပါ။ ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား

ပွေး ဆိုတာ ဘာလဲ။ အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုး (Tinea, Dermatophytosis) ဖြစ်ပါတယ်။ လူတွေမှာသာမက တိရစ္ဆာန်တွေမှာပါ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရတဲ့ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ အနီကွက်ထနေမယ်၊ယားပြီး ဘေးအနားသတ်တွေမှာ ဖောင်းကြွကြွလေး ဖြစ်နေပြီဆိုရင်တော့ သင့်မှာ ပွေး ရှိတယ်ဆိုတာ သေချာနေပါပြီ။ ပွေးဆိုတာ ယောက်ျား၊ မိန်းမ၊ အသက်အရွယ်မရွေး ပေါက်တတ်ပြီး ရှက်တဲ့စိတ်နဲ့ သေချာမကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် ပိုဆိုးတဲ့ အရေပြားရောဂါတွေအပြင် ယားလွန်းလို့ ကုတ်နေရတဲ့ ဘဝကနေလည်း ဘယ်တော့မှ ကျွတ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ပွေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အရာလေးတွေ၊ ဘာကြောင့် ပွေးကူးစက်တာလဲ၊ ဘယ်လိုကုသပျောက်ကင်းနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ ပွေးအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။ ၁။ ဦးရေပြားမှာ ပေါက်တဲ့ ပွေး (Tinea Capitis) ၂။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါ

မှိုကြောင့်ဖြစ်သော အရေပြားရောဂါသည် အရေပြားရောဂါများတွင် အတွေ့ရများသော ရောဂါဖြစ်ပါသည်။ အရေပြားရောဂါ ဖြစ်စေ သော မှိုအမျိုးအစား များစွာရှိပြီး အရေပြား ယားယံခြင်း၏ အဓိက လက်သည်လည်း ဖြစ်ပါသည်။ မှိုပိုးများသည် dead keratin ဟုခေါ်သော ပရိုတိန်းကို အမှီပြု နေထိုင်ကြပြီး ယင်းပရိုတိန်းမှာ အရေပြား၊ ဆံပင်နှင့် လက်သည်း များကို ဖြစ်ပေါ်စေပါသည်။ မှိုရောဂါကို ဖြစ်ပွားနေသော မှိုပိုးအမျိုး အစားပေါ် မူတည်ပြီး ခွဲခြားထားပါသည်။ မှိုပိုးများသည် အများ အားဖြင့် ခြေမ၊ လိင်အင်္ဂါတဝိုက်၊ ရင်သားအောက်ဘက် စသော စိုထိုင်းစ များသောနေရာများတွင် ပေါက်ပွားကြပါသည်။ အဓိက မှိုရောဂါ ဖြစ်စေသော အုပ်စု နှစ်စုရှိပြီး ပထမအုပ်စုကို တစေးမှို (yeasts)၊ နှင့် ဒုတိယအုပ်စုကို အရေပြား မှိုအုပ်စု […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Candidiasis (ကန်ဒီဒီရေးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Candidiasis (ကန်ဒီဒီရေးစစ်) ကဘာလဲ။ ကန်ဒီဒီရေးစစ် ရောဂါ ဆိုသည်မှာ ကန်ဒီဒါ အယ်လ်ဘီကန် ဟုခေါ်သည့် မှိုကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်ပြီး လိင်အစိတ်အပိုင်းနေရာများ၊ပါးစပ်၊အရေပြားနှင့် သွေးတို့ကို ထိခိုက်စေတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ ပို၍ပြောရလျှင် အချို့သော ဆေးများနှင့် ရောဂါများသည် မှိုများကို အထူးသဖြင့် စိုစွတ်ပူနွေးသောနေရာများတွင် ပေါက်ပွားစေသည်။ မိန်းမကိုယ်တွင် ကန်ဒီဒါရောဂါပိုးဝင်ခြင်းကို မှိုရောဂါပိုးကြောင့်ဖြစ်စေသည့် မိန်းမကိုယ်ရောင်ရမ်းခြင်း yeast vaginitis ဟုခေါ်ပြီး ပါးစပ်ထဲတွင် ဖြစ်ပါက Thrush ဟုခေါ်သည်။ ဖြစ်ပွားသည့်နေရာအပေါ်မူတည်၍ကန်ဒီဒါရောဂါလက္ခဏာများမှာ ကွဲပြားသည်။ သင့်တွင် ယားရံ၍ရောင်ရမ်းစေသော အနီ(သို့)အဖြူကွက်များလည်း ဖြစ်ပေါ်လာတတ်သည်။ အခြားသော လက္ခဏာရပ်များမှာ အစာမျိုချရခက်ခြင်း (သို့)နာကျင်ခြင်း တို့ဖြစ်သည်။ ကန်ဒီဒီရေးစစ်ရောဂါသည် စိတ်ကသိကအောက်ဖြစ်စေသော်လည်း အသက်ဘေးရန်ကို ခြိမ်းခြောက်မှုရှိရန်ခဲယဉ်းတတ်သည်။ အချို့သောကန်ဒီဒီရေးစစ် ရောဂါအချို့သည် ပြင်းထန်ပြီး ဆေးကုသမှုခံယူရန်လိုအပ်တတ်သည်။ ထိုရောဂါများထဲတွင် သွေးကြောထဲထိဝင်ရောက်ထိခိုက်စေနိုင်သော ကန်ဒီဒီရေးစစ် ရောဂါများလည်း ပါဝင်သည်။Candidemia or invasive […]


ကူးစက်နိုင်သော အရေပြားရောဂါများ

body lice (သန်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်body lice (သန်းကိုက်ခြင်း) ကဘာလဲ။ သန်းတွေဟာ နှမ်းစေ့လောက်သာရှိတဲ့ သေးငယ်တဲ့အင်းဆက်တစ်မျိုးဖြစ်တယ်။ အဝတ်တွေ၊ အိပ်ရာခင်းတွေမှာနေတတ်ပြီး နေ့ဘက်တွေမှာ သင့်ခန္ဓါကိုယ်အနှံ့ လျှောက်သွားကာ သွေးစုပ်တတ်သူဖြစ်တယ်။ ကိုယ်သန်းတွေ အကိုက်အများဆုံးနေရာကတော့ လည်ပင်း၊ ပုခုံး၊ ဂျိုင်း၊ လက်ကောက်ဝတ်၊ ပေါင်ခြံ တို့ကဲ့သို့ အဝတ်နဲ့ခန္ဓါကိုယ် အထိအတွေများတဲ့နေရာတွေဖြစ်တယ်။ body lice (သန်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သန်းတွေဟာ ဒုက္ခသည်စခန်းတွေ၊ အိမ်ရာမဲ့ခိုလှုံရာတွေကဲ့သို့ လူထူထပ်ပြီးသန့်ရှင်းမှုနည်းတဲ့နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ဆက်လက်တိုင်ပင်နိုင်တယ်။ လက္ခဏာများbody lice (သန်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ စဉ်ဆက်မပြတ်ယားယံခြင်း ခန္ဓါကိုယ်ရဲ့ဓါတ်မတည့်ခြင်းကြောင့်ယားကွက်များပေါ်ခြင်း သန်းကိုက်ခြင်းများ အနီဖုများ သန်းများအချိန်ကြာနေထားပါက ပေါင်ခြံ၊ လက်ကောက်ဝတ်တို့မှာ အရေပြားထူထဲခြင်း သို့ မည်းမှောင်ခြင်း။ တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။ အကြောင်းရင်းများbody lice (သန်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ကိုယ်သန်းတွေဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း