backup og meta

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

ကုတ်လိုက်တိုင်း ဗောက်တွေကဖွေးဖွေးလှုပ်။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နဲ့ စိတ်ကိုညစ်နေတာပဲ။ ဘာလုပ်လို့လုပ်ရမလဲသိဘူးဆိုတဲ့သူတွေများရှိလား…. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

ဗောက်ဆိုတာ

ဗောက်ပြဿနာကို ရင်ဆိုင်နေရတဲ့သူက ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က ဗောက်ပြဿနာကိုခံစားနေရပါတယ်။ ဒါကြောင့် ဗောက်ပြဿနာခံစားနေရတာ သင်တစ်ယောက်တည်းလို့ မထင်စေချင်ပါဘူး။ ဗောက်ကဦးရေပြား ပြဿနာတစ်ခုပါ။ ဦးရေပြားခြောက်သွေ့မှုကနေဖြစ်ပေးလာတဲ့ အရေပြားပြဿနာတစ်ခုပေါ့။

ဗောက်က ဘာတွေဖြစ်စေနိုင်လဲ…..

ဗောက်ဖြစ်တဲ့အခါ

  • ဦးရေပြားက ယားယံမယ်
  • ခြောက်သွေ့မယ်
  • နီမြန်းရောင်ရမ်းမယ်။

ဗောက်ဖြစ်စေတဲ့အကြောင်းအရင်း

ဗောက်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။

  • ဦးရေပြားက အဆီပြန်တာ
  • ခေါင်းသေချာမလျှော်တာ
  • မှိုပိုးကူးစက်ခံရတာ
  • အသားအရေခြောက်သွေ့တာ
  • ဆံသားသုံး ပစ္စည်းတွေနဲ့ မတည့်တာ
  • အရေပြားပြဿနာတစ်ခုခု ခံစားနေရတာ
  • အသက်အရွယ်ကြောင့်ဖြစ်တာ
  • အမျိုးသားဖြစ်နေတာ
  • ရောဂါအခံတစ်ခုခုရှိနေတာကြောင့် ဗောက်ထနိုင်ပါတယ်။

ဗောက်က ဆံပင်ကျွတ်စေနိုင်လားဆိုတော့ ကျွတ်စေနိုင်ပါတယ်။ အ​ကြောင်းကတော့ ဗောက်ဖြစ်တဲ့အခါ ဦးရေပြားကယားယံတယ်။ ယားယံတာကို သက်သာစေဖို့ လက်သည်းနဲ့ဖြစ်ဖြစ် ဘီးလိုမျိုးအရာတွေနဲ့ဖြစ်ဖြစ် ဦးရေပြားကို ကုတ်ခြစ်မိပါမယ်။ ဒီလိုကုတ်ခြစ်မိတာက ဦးရေပြားကို နီမြန်းရောင်ရမ်းစေနိုင်သလို ဆံသားတွေရဲ့ သန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး ဆံသားအမြစ်တွေရဲ့ ကျန်းမာမှုကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ဗောက်ထတာက ဆံပင်ကျွတ်စေပါတယ်။

ဗောက်က ဆံသားတွေကိုအာဟာရစုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဗောက်ထတဲ့အခါ ဗောက်သက်သာအောင်ဆိုပြီး ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်ကို သုံးကြတယ်နော်။ ဒီခေါင်းလျှော်ရည်တွေက ခဏခဏသုံးတဲ့အခါ ဦးရေပြားကို ခြောက်သွေ့စေသလို ဆံသားကျန်းမာမှုကိုပါထိခိုက်စေလာနိုင်ပါတယ်။ ဒီတော့ ဗောက်ပြဿနာနဲ့ ဆံပင်ကျွတ်တဲ့ပြဿနာက သံသရာလည်နေတဲ့ ပြဿနာပေါ့။ ဒီတော့ အကောင်းဆုံးကာ့ ဗောက်ထလာပြီဆိုရင် ဦးရေပြားကို သံလွင်ဆီလူးပေးတာ၊ သံပရာရည်အသုံးပြုပေးတာ၊ စပါးလင်အဆီအသုံးပြုပေးတာမျိုးလုပ်ပေးပါ။ ခေါင်းကို တစ်ပတ် နှစ်ကြိမ်ပုံမှန်လျှော်ပေးတာ၊တွေလုပ်ပေးသင့်ပါတယ်။

ဗောက်ပျောက်စေဖို့ ဘာတွေလုပ်မလဲ……

စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ – စိတ်ဖိစီးမှုကြောင့် ဦးရေပြားမှာဗောက်ထနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းလေးတွေရှာထားပါ။

မကြာခဏ ခေါင်းလျှော်ပေးပါ – ဦးရေပြားအဆီပြန်တတ်တဲ့သူတွေအနေနဲ့တော့ခေါင်းကိုပုံမှန်လေးလျှော်ပေးပါ။ခေါင်းလျှော်တဲ့အခါမှာလည်း တွေ့ကရာခေါင်းလျှော်ရည်နဲ့လျှော်တာမျိုးမလုပ်ဘဲဗောက်သက်သာတဲ့ခေါင်းလျှော်ရည်မျိုးနဲ့လျှော်ဖို့ပြောပါရစေ။ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ဆံသားနဲ့ကိုက်ညီမယ့် အမျိုးအစားကို သတိထားရွေးချယ်ဖို့က မမေ့သင့်ပါဘူး။ ဗောက်ထနေတာအတွက် ထုတ်ထားတဲ့ခေါင်းလျှော်ရည်တွေထဲမှာမှ အမျိုးသားသုံးနဲ့အမျိုးသမီးသုံးဆိုပြီးကွာပါသေးတယ်။ ဒါကြောင့်ခေါင်းလျှော်ရည်ကို ဂရုတစိုက်ရွေးချယ်ဖို့ လိုပါလိမ့်မယ်။

နေရောင်ခြည်နဲ့ထိတွေ့ပါ – ဦးရေပြားကိုနေရောင်ခြည်ထိတွေ့ပေးတာကလည်းဗောက်သက်သာစေတဲ့ နည်းလမ်းတွေထဲကတစ်ခုပါ။

လက်ဖက်ဆီလက်ဖက်ဆီကဗောက်ပျောက်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဦးရေပြားကို လက်ဖက်ဆီလူးပြီးနှိပ်နယ်ပေးပါ။

ဒိန်ချဉ်နဲ့ သံပရိုသီး – ဒိန်ချဉ်ထဲကို သံပရိုသီးနည်းနည်းလောက်ညှစ်ထည့်ပြီး ဆံပင်ကိုပေါင်းတင်ပေးမယ်ဆိုရင်ဆောင်းရာသီအအေးဒဏ်ကြောင့်ဗောက်ထတာကိုရော ဆံပင်ကျွတ်တာကိုပါ သက်သာစေနိုင်ပါတယ်။

ဆီအပူပေးပြီး နှိပ်နယ်ပါသံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အပူပေးပြီး ခဏအအေးခံလိုက်ပါ။ပြီးရင် ဦးရေပြားနဲ့ ဆံသားမှာလူးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဆံပင်ကို အရင်းကနေ အဖျားအထိ အာဟာရပြည့်ဝစေပြီးဆောင်းရာသီအအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာကို သက်သာစေနိုင်ပါတယ်။

တမာရွက်နဲ့အုန်းဆီတမာရွက်က မှိုပိုးတွေကိုသေစေနိုင်ပြီး ဦးရေပြားယားယံတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီထဲကို တမာရွက်ထည့်စိမ်ပြီး လူးပေးလို့ရပါတယ်။

ဆံသားပျော့ဆေး (conditioner) – ဗောက်ကင်းစင်ပြီး ဆံသားလည်းတောက်ပြောင်နေဖို့ဆိုရင်ခေါင်းလျှော်ပြီးတိုင်း Conditioner (ဆံသားပျော့ဆေး)ကိုအသုံးပြုသင့်ပါတယ်။ ရေကိုတော့ စင်အောင်ဆေးပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to treat dandruff https://www.medicalnewstoday.com/articles/152844.php Accessed Date 27 December 2019

6 home remedies for dandruff and hair fall in winter https://tribune.com.pk/story/1013176/6-home-remedies-for-dandruff-and-hair-fall-in-winter/ Accessed Date 27 December 2019

10 Tips to Prevent and Treat Dandruff This Winter https://www.top10homeremedies.com/news-facts/10-tips-prevent-treat-dandruff-winter.html Accessed Date 27 December 2019

Can Dandruff Cause Hair Loss? What You Need To Know https://www.curejoy.com/content/can-dandruff-cause-hair-loss/ Accessed Date 27 December 2019

ယခုပုံစံ

27/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Dandruff (ဗောက်ထခြင်း)

ဗောက်ပျောက်ရန် အိမ်မှာအလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။