backup og meta

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

မိန်းမတို့ဘုန်း ဆံထုံး တဲ့။ မြန်မာတွေရဲ့အမြင်မှာ ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်ရဲ့အလှတရားထဲ ၇၀ ရာခိုင်နှုန်းလောက်အရေးပါနေပါတယ်။ မယုံရင် ကိုယ့်ဆံပင်ကိုယ် ကတုံးတုံးကြည့်ပါ။ သီလပြည့်ဝလို့ ကြည်လင်နေတဲ့မယ်သီလရှင်တွေကလွဲလို့ အပြင်မှာဆံပင်မပါတဲ့ အမျိုးသမီးတွေ ပိုလှလာတာနည်းပါတယ်။

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ဆံပင်ပုံစံနဲ့ မလိုက်တာနဲ့တင် ကိုယ့်ရုပ်ရည်အသွင်အပြင်ကပြောင်းကိုပြောင်းလဲသွားပါတယ်။ ဒီတော့ ဆံသားပျက်စီးလာလို့ အရင်လိုမလှနိုင်တော့မှာကို မစိုးရိမ်ကြဘူးလား။ ဆံပင်ကျိုးပြတ်တာတွေ၊ ဆံသားပျက်စီးတာတွေကို ကုသဖြေရှင်းဖို့ကဗြူးရှင်းဆလွန်းတွေမှာခေါင်းထိုးအပ်လိုက်ရုံနဲ့ အရာရာပြည့်စုံပြီထင်နေတာလား။ ကုထုံးဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ အရင်ဆုံး –

ဆံပင်နဲ့ပတ်သက်တဲ့ လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ

ဆံပင်အလှအပအတွက် ကိုယ်လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ။ ဥပမာ ဆံပင်ဖြောင့်စက် မကြာခဏဆွဲတာ၊ ဓါတုပြင်းတဲ့ဆေးတွေသုံးတာ၊ ဆံပင်ခြောက်ခံစက်သုံးတာတွေက ဆံသားကိုပျက်စီးစေတယ်။ ဒါ့ကြောင့် ဓါတုမပြင်းတဲ့ပေါင်းဆေး၊ခေါင်းလျှော်ရည်တွေသုံးပြီး ခေါင်းလျှော်တိုင်း ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။ ကိုယ်က ကုသရတဲ့အနေအထားဖြစ်နေတော့ သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာရှာမရရင် baby shampooလေးတွေသုံးတာလည်း အဆင်ပြေနိုင်ပါတယ်။

ဆံပင်ပျော့ဆေးသုံးပါ

ဓါတုပါဝင်မှုမပြင်းတဲ့ ဆံပင်ပျော့ဆေးကိုရွေးချယ်ပြီးသုံးပေးရင် ဆံသားအစိုဓါတ်ကို ထိန်းညှိပေးတဲ့အတွက် လိမ်ကောက်ရှုပ်ထွေးမှုတွေမဖြစ်စေပါဘူး။ ဆံသားကိုချောမွေ့ပြီးပျော့ပျောင်းစေလို့ ဒီအချိန်မှာ ပိုအထောက်အကူဖြစ်စေပါတယ်။

စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုဆိုးရွားလွန်းရင် ဆံသားကိုပါထိခိုက်စေပြီး telogen effluvium လို့ခေါ်တဲ့ ဆံပင်ကျွတ်ရောဂါတစ်မျိုးဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ကိုယ့်မှာဆံပင်ပျက်စီး၊ ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းသာဆိုရင် စိတ်ကိုဖြေလျှော့ဖို့ ကြိုးစားသင့်ပါတယ်။

စားသောက်မှုပုံစံပြောင်းပါ

ကိုယ်စားသုံးနေတဲ့အစားအသောက်တွေမှာ အရက်ဘီယာ၊အပူအစပ်၊ပြုပြင်စီမံထားတဲ့အစားအစာတွေလိုမျိုး ကျန်းမာရေးနဲ့မညီတာတွေပါဝင်နေမယ်ဆိုရင်ပြောင်းလဲသင့်ပါတယ်။ ဒါတွေကြောင့် ဆံပင်ပျက်စီးရနိုင်ပါတယ်။ကြက်ဥနဲ့ ငါးတွေမှာ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့biotin ပါရှိပြီး အစေ့အဆန်မှာ ဆံပင်သန်စေတဲ့ selenium ပါရှိပါတယ်။ အကောင်းဆုံးက omega-3fatty acids ၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ သံဓါတ်နဲ့ဇင့်တို့ လုံလောက်အောင်စားသုံးပါ။

ကြိုတင်ကာကွယ်ဖို့

ဆံသားပျက်စီးမှုကိုကာကွယ်ဖို့ဆို ဒီအချက်တွေကို မမေ့ပါနဲ့ –

  • ခေါင်းလျှော်ပြီးရင် conditioner သုံးပါ။
  • ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်မှာနှိပ်နယ်ပြီးရေနဲ့ဆေးကြောချပါ (ခေါင်းလျှော်ရည်တွေစွတ်ထည့်ပြီး အတင်းပွတ်တာထက်)
  • ရေကူးကန်ထဲဆင်းမယ်ဆိုရင် ဆံသားကို ရေကူးကန်ထဲက ကလိုရင်းနဲ့တခြားဓါတုပစ္စည်းတွေမထိအောင် ကာကွယ်ဖို့ခေါင်းစွပ်စွပ်ပါ။
  • ဆံပင်ခြောက်ဖို့အတွက် တဘက်နဲ့ပတ်ပြီးရေစုပ်အောင်လုပ်ပြီးမှ သဘာဝအတိုင်းဖြန့်ပြီးအခြောက်ခံပါ။
  • ဆံပင်မခြောက်ခင်ဖြီးတာ၊ dryer နဲ့မှုတ်တာ မလုပ်ပါနဲ့။
  • အပူကိုအသုံးပြုတဲ့ ဆံပင်အလှအပအသုံးအဆောင်တွေ ချင့်ချိန်သုံးပါ။ဖြောင့်စက်၊ကောက်စက်ဆွဲတာတွေကို တစ်ခါတလေ လိုအပ်မှသုံးပါ။
  • အရောင်ဆိုးတာလည်း ခဏခဏမလုပ်ပါနဲ့။
  • ခေါင်းစည်းကြိုးကို တင်းတင်းကြီးမစည်းပါနဲ့။
  • ခေါင်းဖြီးရင် ညင်သာပါ။ တဗြန်းဗြန်းနဲ့ဆောင့်မဖြီးချပါနဲ့။

ဆံပင်၏ကောင်းခြင်းနဲ့ပြည့်စုံတဲ့ အလှကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/hair-breakage

Accessed April 30, 2019.

https://www.stylecraze.com/articles/home-remedies-for-hair-breakage/#gref

Accessed April 30, 2019.

https://www.medicalnewstoday.com/articles/325026.php

Accessed April 30, 2019.

 

ယခုပုံစံ

26/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆံသားခြောက်တဲ့ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။