brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ

မွေးကင်းစကလေးတွေရဲ့ ဦးရေပြားမှာ ရှိတဲ့ ကြမ်းတမ်းပြီး အရေခွံကွာတဲ့ အရေပြားတွေဟာ မိဘတွေအတွက် စိတ်ညစ်ညူးဖွယ်အခြေအနေတစ်ခုဖြစ်ပေမယ့် ဒါဟာ စိုးရိမ်စရာမရှိပါဘူး။ အချိန်အခါ အတော်များများမှာ ဒါဟာ cradle cap လို့ ခေါ်တဲ့ အန္တရာယ်မရှိတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ

ဆရာဝန်ကို ဘယ်အချိန်မှာ ပြသသင့်သလဲ။

အချို့အခြေအနေတွေမှာ cradle cap ဟာ ဆေးကုသဖို့မလိုပဲ သူ့ကိုကြည့်ရုံနဲ့ လွယ်ကူစွာ သိရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို အခြားအရေပြား ရောဂါတွေနဲ့ (apotic dermatitis) ခွဲခြားဖို့တော့ အရေးကြီးပါတယ်။ ဆရာဝန်ကို ပြသသင့်တဲ့ အခြေအနေတွေလည်း အများကြီးရှိပါတယ်။ ဥပမာ ဒါဟာ ပထမတစ်ခေါက်ဖြစ်ပြီး သင့်ကလေးဟာ cradle cap ကို ကုနေစဉ် (သို့) သူ့ဆံပင်မရှိတဲ့ နေရာမှာ seborrhoea တွေ တွေ့ရတယ်ဆိုရင် ဖြစ်ပါတယ်။ ဒါပြင် အိမ်မှာ ကုသမှုတွေလုပ်သော်လည်း မအောင်မြင်ရင် ကလေးငယ်ရဲ့ ဆရာဝန်ကို ကုသမှုအသစ်တစ်ခုအတွက် ပြသသင့်ပါတယ်။ cradle cap ပိုဆိုးလာတဲ့ အခြေအနေတွေဖြစ်တဲ့ အနီကွက် ပိုဆိုးလာတာ၊ ကိုယ်ခန္ဓါ အနှံ့မှာ ဖြစ်လာတာ၊ အနီကွက်ကြောင့် ဆံပင်ဆုံးရှုံးတာ၊ ယားယံတာတွေ ဖြစ်လာရင် ကလေးငယ်ကို အရေပြားဆရာဝန်နဲ့ ပြသပြီး အကောင်းဆုံးကုသမှု ခံယူသင့်ပါတယ်။ အန္တရာယ် အများဆုံး နောက်ဆက်တွဲဆိုးကျိုးကတော့ ရောဂါပိုးဝင်ခြင်း ဖြစ်ပြီး ဒီလိုဖြစ်ရင် အရေပြားဟာ မာပြီး နီမြန်းလာကာ အရည်ထွက်လာပြီး နွေးလာနိုင်ပါတယ်။ ကလေးမှာ ကိုယ်ခံအားနည်းနေပြီး seborrhoea ထွက်လာရင် အိမ်မှာ ကုသဖို့ မသင့်ပဲ ဆေးခန်းပြသသင့်ပါတယ်။

cradle cap ကုသခြင်း

များသောအားဖြင့် cradle cap ဟာ ကုသဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် မိဘတွေဟာ ကလေးငယ်ရဲ့ ဦးရေပြားပေါ်က အကြေးခွံတွေကို လျော့ပါးစေလိုကြပါတယ်။ ကလေးငယ်ရဲ့ ဦးရေပြားကို မိမိလက်ချောင်း (သို့) အဝတ်တစ်ခုနဲ့ ညင်သာစွာ နှိပ်ပေးပြီး ပျော့တဲ့ ခေါင်းလျှော်ရည်တွေ အသုံးပြုခြင်းကလည်း ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ အကြေးခွံတွေကို ဖယ်ရှားပြီးရင် တစ်ပတ်ကို ခေါင်းနှစ်ခါ လျှော်ခြင်းအားဖြင့် seborrhoea ကို ထိန်းချုပ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ ခေါင်းကို သန့်ရှင်းပြီး ပျော့ပျောင်းတဲ့ဘီးနဲ့ ဖြီးပြီး ခေါင်းလျှော်ရည်ကို ဆေးချသင့်ပါတယ်။ ဒါပေမယ့် အကြေးခွံတွေ လွယ်လွယ် ကွာမကျတဲ့ အချိန်မျိုးမှာတော့ သံလွင်ဆီအနည်းငယ်ကို ဦးရေပြားပေါ် လိမ်းပေးသင့်ပါတယ်။ အချိန်အနည်းငယ်စောင့်ဆိုင်းပြီး ခေါင်းဖြီးကာ ခေါင်းလျှော်နိုင်ပြီ ဖြစ်ပါတယ်။ အဆီကို ရေဆေးချဖို့အရေးကြီးပါတယ်။ ဦးရေပြားပေါ် အဆီများခြင်းဟာ အကြေးခွံတွေ ပိုမိုဖြစ်စေနိုင်ပြီး cradle cap ကို ပိုဆိုးစေပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ခြင်းဟာ cradle capရဲ့ လက္ခဏာတွေကို မသက်သာစေဘူးဆိုရင် ဆရာဝန်ကို ဆေးပါတဲ့ (သို့) ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေ အကြောင်း မေးမြန်းသင့်ပါတယ်။ ဒီခေါင်းလျှော်ရည်တွေမှာ salicylic acid, coal tar, zinc, selenium, ketoconazole အစရှိတဲ့ ဆေးတွေပါဝင်ပြီး အရေပြားကွာခြင်းနဲ့ ခြောက်သွေ့ခြင်းကို လျော့နည်းစေပါတယ်။ ပြင်းထန်တဲ့ အချိန်တွေမှာ ဒီဆေးအပြင်းတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အသုံးပြုသင့်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ ဆေးပါတဲ့ ခေါင်းလျှော်ရည် တစ်ခုခုကို အသုံးပြုမယ်ဆိုရင် ခေါင်းလျှော်ရည် အနည်းငယ်ကို ဦးရေပြားပေါ် ပွတ်ပေးပြီး အနည်းဆုံး နှစ်မိနစ်ကြာအောင် ထားသင့်ပါတယ်။ ပြီးတော့ ခေါင်းလျှော်ရည်ကို ဆေးချသင့်ပြီး နောက်တစ်ခါ ထပ်ပြုလုပ်သင့်ပါတယ်။ ဒါကို အစပိုင်းမှာ တစ်ပတ် တစ်ခါလုပ်သင့်လား နှစ်ခါလုပ်သင့်လားဆိုတာကို သိရှိဖို့လိုပြီး cradle cap ကို ထိန်းချုပ်နိုင်သွားရင်တော့ ဒီဆေးကို တစ်လတစ်ခါသာ အသုံးပြုဖို့လိုအပ်ပါတယ်။

Hydrocortisone လိုမျိုး စတီးရွိုက် ခရင်မ်တွေဟာ ကိုယ်ခန္ဓါ အနှံ့မှာ seborrhoea ရှိတဲ့ (သို့) ဓါတ်မတည့်မှု အလွယ်တကူ ဖြစ်နိုင်တဲ့ ကလေးတွေအတွက် အသုံးဝင်နိုင်ပါတယ်။ ဒါပေမယ့် hydrocortisone ကို သုံးတော့မယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက် ယူသင့်ပါတယ်။

အထက်မှာ ဖေါ်ပြထားသလိုပဲ Cradle cap ဟာ များသောအားဖြင့် ကုစရာမလိုပါဘူး။ မွေးပြီး လအနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ အမေရဲ့ ဟော်မုန်းတွေဟာ ကလေးငယ်ရဲ့ သွေးထဲက ထွက်သွားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အကြာကြီးထွက်သွားပြီး ရုတ်တရက် ပြန်ပေါ်လာတတ်ပါတယ်။ အထက်ဖေါ်ပြပါ အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ ဒီရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။