brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

မျက်နှာပေါ်မှာ အဖုသေးသေးလေးတွေ အများကြီး ပေါက်နေတယ်။ အဆီဖုလေးတွေ ထင်တယ်။ ဒါပေမယ့် ညှစ်လိုက်ရင် အဆံဖြူဖြူလေးတွေ ထွက်တယ်။ ယားလည်းယားတယ်ဆိုရင်တော့ အဆီဖု မဟုတ်ပါဘူး။

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

အရေပြားမှာဖြစ်တတ်တဲ့ မှိုပိုးတစ်မျိုးကြောင့် ဖြစ်လာတဲ့ ဝက်ခြံပါ။ ဒီဝက်ခြံလေးတွေက အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူကြပါဘူး။ ထိန်းသိမ်းမှု လုပ်ရတဲ့ပုံကလည်း မတူကြပါဘူး။

အများစုကတော့ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။ အမှန်ကတော့ ပုံမှန် ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံအတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။

ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဘာတွေ သတိထားရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေ ပိုဆိုးမလာဘဲ သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ………..

မျက်နှာ၊ လက်မောင်း၊ ရင်ဘတ် နဲ့ နောက်ကျောမှာ ပေါက်တဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ဆိုရင်

ဒါလေးတွေ လုပ်ဆောင်ပေးပါ။

ဒါတွေကို မလုပ်ပါနဲ့။

  • အဝတ်အစား ကျပ်ကျပ်တွေ မဝတ်ပါနဲ့
  • ချွေးမစုပ်တဲ့ ပိတ်စတွေ မဝတ်ပါနဲ့။
  • ချွေစိုသွားတဲ့ အဝတ်တွေကို မလဲပစ်ဘဲ မနေပါနဲ့။
  • ချွေးတွေကို မသုတ်ဘဲ မထားပါနဲ့။
  • အဝတ်တွေကို မလျှော်ဘဲ အကြိမ်ကြိမ် ပြန်မဝတ်ပါနဲ့။
  • benzoyl peroxide၊ fatty acids၊ lauric acid ပါတာတွေကို ရှောင်ပါ။

ဒီအချက်လေးတွေကို သေချာ ဂရုစိုက်မယ်ဆိုရင် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေက သက်သာလာမှာပါ။ အရေပြားကို သန့်စင်အောင် ဂရုစိုက်လို့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံလေးတွေကို ကာကွယ်လိုက်ပါ။

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 14/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။