brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝက်ခြံရှိသူလေးတွေအတွက် သင့်တော်တဲ့ Evening Primrose Oil

ဝက်ခြံ အကြောင်းကြားလိုက်ရရင် ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး ထင်ရပေမယ့် ဝက်ခြံက တော်ရုံနဲ့ မပျောက်တာတော့ အသေအချာပါ။ ဝက်ခြံပျောက်သွားခဲ့ရင်တောင်ကျန်နေခဲ့တဲ့ အမာရွတ်တွေက မှန်ကြည့်လိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်နော်။ ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားရတာက ကံကောင်းခြင်းတစ်ခုဆိုတာကို ဝက်ခြံပေါက်ဖူးသူတိုင်း နားလည်မယ်ထင်ပါတယ်။ အစား မှားလိုက်လို့ ဒါမှမဟုတ် စိတ်ဖိစီးလို့၊ အိပ်ရေးပျက်လို့ ဆိုတဲ့ အကြောင်းအရင်း အမျိုးမျိုးရဲ့ နောက်မှာ ဝက်ခြံက ပေါက်လာတတ်စမြဲပါ။

ဝက်ခြံရှိသူလေးတွေအတွက် သင့်တော်တဲ့ Evening Primrose Oil

လေဒီလေးတွေမှာဆိုရင် လစဉ်ကြုံရတဲ့ ပြဿနာ​ကြောင့် ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ဝက်ခြံ ထွက်တတ်ပါသေးတယ်။ ဒီလို အကြောင်းအရင်းအမျိုးမျိုးနဲ့ ပေါက်နေတဲ့ ဝက်ခြံလေးတွေကို Evening primrose oil လေး သုံးပြီး တိုက်ထုတ်ကြည့်ရအောင်လား……….

Evening primrose oil ဆိုတာ ဘာလဲ……….

Evening primrose oil (EPO) ကို မြောက်အမေရိကနဲ့ ဥရောပဒေသတို့မှာ ပေါက်ရောက်တဲ့ Oenothera biennis အပင်ရဲ့ အစေ့ကနေ ရရှိတာဖြစ်ပါတယ်။

Evening primrose oil မှာ omega-6 polyunsaturated fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြိး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။

အသားအရေအတွက် ဘယ်လိုထောက်ကူပေးသလဲ……………

Evening primrose oil (EPO) ပြည်ဖုတွေလိုဖြစ်နေတဲ့ ဝက်ခြံတွေ၊ ဆားဝက်ခြံ နဲ့ အသားအရေ ခြောက်သွေ့ကြမ်းတမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံသက်သာစေတဲ့ဆေးတွေ လိမ်းတာ​ကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

ဒါတွေအပြင် လေ့လာမှုတွေအရ သိရတာက Evening primrose oil (EPO) ဟာ ဟော်မုန်း​အပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ၊ အဆီတွေကြောင့် ဖြစ်တဲ့ ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံတွေ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

အ​ကြောင်းကတော့ Evening primrose oil (EPO) က ခန္ဓာကိုယ်တွင်းက omega-6 နဲ့ omega-3 essential fatty acids တို့ကို အချိုးညီစေလို့ပါပဲ။ ဒီ အကျိုးပြု အဆီနှစ်မျိုးစလုံးကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ ဒါ​ကြောင့် ဒီအကျိုးပြုအဆီတွေကို ရရှိစေဖို့ အစားအစာကို အားကိုးရပါတယ်။ Evening primrose oil (EPO) မှာက omega-6 fatty acids ကြွယ်ဝစွာပါဝင်နေပါတယ်။

ပုံမှန်အားဖြင့်ကတော့ Evening primrose oil (EPO) မှာ linoleic acid လို့ခေါ်တဲ့ omega-6 fatty acids က ၇၀ ရာခိုင်နှုန်းကနေ ၇၄ ရာခိုင်နှုန်း အထိပါဝင်နေတာကြောင့်

  • အသားအရေကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးတယ်
  • အရေပြားရဲ့ ရေဓာတ်ကို ထိန်းညှိပေးတယ်
  • အရေပြား ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်
  • အဆီတွေထွက်ရှိမှုကို ထိန်းညှိပေးတယ် (အဆီပိုတွေ မထွက်တာ​ကြောင့် ချွေးပေါက်ပိတ်ဆို့မှု ကင်းပြီး ဝက်ခြံဖြစ်တာကို လျှော့ချနိုင်တယ်)
  • အသားအရေခြောက်သွေ့တာ မဖြစ်အောင် ကာကွယ်ပေးတယ်
  • အသားယားတာနဲ့ အရေပြား အဖက်လန်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်
  • ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး ဟန့်တားပေးနိုင်ပါတယ်
  •  အရေပြားကို ရေဓာတ်ဖြည့်ပေးတာ​ကြောင့် အသားအရေ စိုပြည်စေတယ်
  • အသားအရေ တင်းရင်းစေတယ်
  • အဆီပြန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်
  • အရေးအကြောင်းတွေ နည်းစေတယ်
  • နေလောင်တာကို သက်သာစေတယ်
  • ဝက်ခြံတွေ သက်သာစေတယ်
  • ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးတယ်။

Side Effects ရောရှိလား ……….

Evening primrose oil (EPO) ကကောင်းကျိုးများတာ မှန်ပေမယ့် အခုလိုမျိုး ဘေးထွက်ဆိုးကျိုးလေးတွေတော့ ရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ နဲ့ သွေးကျဲဆေးသောက်သုံးနေရသူတွေအတွက်ကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။