brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝက်ခြံတွေကို မသိသာအောင်ဘယ်လိုလုပ်မလဲ။

ဝက်ခြံတွေအတွက် စိတ်ညစ်နေစရာမလိုပါဘူး။ ဝက်ခြံအများစုဟာ OTC ဆေး(ဆေးစာမလိုဘဲ အပြင်မှာဝယ်လို့ရတဲ့ဆေး)တွေ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်အရသောက်ရတဲ့ဆေးတွေနဲ့ ပျောက်ကင်းသွားနိုင်သလို သူ့အလိုလို လည်းပျောက်ကင်းသွားနိုင်ပါတယ်။

ဝက်ခြံတွေကို မသိသာအောင်ဘယ်လိုလုပ်မလဲ။

အဲ့ဒီအချိန်မှာ ဘုဒစ်တွေဖြစ်နေတဲ့မျက်နှာကို မသိသာအောင် အချို့အရာလေးတွေကိုလုပ်ကြည့်ပါ။ အဆီပြန်တဲ့အသားအရည်အတွက်ထုတ်ထားပြီး သင့်အသားအရောင်နဲ့ ကိုက်ညီတဲ့ မိတ်ကပ်ပစ္စည်းအနည်းငယ်ကိုသုံးပါ။ ဝက်ခြံတွေကင်းစပြုလာတဲ့အချိန်မှာ ဒါတွေကိုသေချာအသုံးပြုခြင်းက ဝက်ခြံတွေကို ဖုံးကွယ်ထားပေးနိုင်ပါတယ်။

အဆင့် ၁

အဆီမပါဝင်တဲ့ moisturizer အနည်းငယ်ကို လက်ချောင်းထိပ်လေးတွေပေါ်တင်ပြီး သင့်မျက်နှာပေါ်လိမ်းပေးပါ။ ဒါက ဝက်ခြံပျောက်ကင်းစေတဲ့ပစ္စည်းတွေကြောင့်ဖြစ်တဲ့ အသားခြောက်ခြင်းကို သက်သာစေပါတယ်။ မျက်နှာသစ်ပြီးတိုင်း Moisturizer တစ်ရက် ၂ကြိမ်သုံးပေးခြင်းက သင့်အသားအရည်ကို ကြည့်ရတာချောမွေ့လင်းလက်နေစေပါတယ်။ ဒါက ဝက်ခြံတွေကို မသိသာအောင်လုပ်ပေးနိုင်ပါတယ်။

အဆင့် ၂

Concealer ပဲစေ့ခန့်ညှစ်ယူပြီး လက်ချောင်းထိပ်လေးတွေနဲ့ ဝက်ခြံတွေပေါ်မှာ တစ်ချက်ချင်းစီပုတ်ပေးပါ။ စုတ်တံအသေးလေးနဲ့ ဝက်ခြံတစ်လုံးစီပေါ်မှာ concealer တွေ ပြန့်သွားအောင်လုပ်ပါ။ သင့်အောက်ခံမိတ်ကပ်အရောင်ထက် တစ်ဆင့်လျော့ပြီး အဆီမပါတဲ့concealer cream ကိုသုံးပါ။ concealer အနည်းငယ်ကို နှာခေါင်းဘေးတစ်ဖက်တစ်ချက်စီမှ လိမ်းပေးပါက အသားအရောင်မညီတာတွေ အရိပ်တွေကိုဖုံးပေးတာတွေလုပ်ပေးနိုင်ပါတယ်လို့ မိတ်ကပ်ပညာရှင် Patty Bunch ကပြောထားပါတယ်။

အဆင့် ၃

ရေကိုအခြေခံထားတဲ့ အရည် သို့မဟုတ် ခရင်မ် အောက်ခံမိတ်ကပ် ကိုသုံးခြင်းက အသားမညီတာကို ညီစေပြီး မျက်နှာပေါ်က ကြည့်ရဆိုးနေတဲ့အရာတွေကို ဖုံးကွယ်ပေးပါတယ်။ အမွှေးများပြီး ပြားတဲ့ brush ကိုသုံးကာ စက်ဝိုင်းပုံ လိမ်းပေးပါ။ အသားရောင်နဲ့လိုက်ဖက်ပြိး ချွေးပေါက်တွေကို လျော့နည်းစေတဲ့ အောက်ခံမိတ်ကပ် ကိုရွေးချယ်ပေးတာက ပိုပေ့ါပါးစေပါတယ်။

အဆင့် ၄

အမွှေးများပြီး ခပ်ပြားပြားပုံသဏ္ဍာန်ရှိတဲ့ brush ခပ်ကြီးကြီးကို translucent powder ထဲနှစ်ပေးပြီး ပေါင်ဒါအပိုတွေလွင့်သွားအောင် ခါပေးပါ။ loose powder ကို မျက်နှာပေါ်မှာ T-Zoneကနေစပြီး နဖူးစပ်နဲ့ မေးစေ့တွေဆီ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာလိမ်းပေးပါ။ titanium dioxide, iron oxide နဲ့ mica တို့လို နီရဲနေတာကိုလျှော့ချပေးပြီး အဆီကိုစုပ်ယူပေးကာ မျက်နှာပေါ်ကအမာရွတ်တွေကိုဖုံးပေးနိုင်တဲ့ ပစ္စည်းတွေကိုရှာဖွေပါ။

သတိပေးချက်

မျက်နှာကိုထိကိုင်နေခြင်းကိုရှောင်ကြဉ်ပါ။ အထူးသဖြင့် သင်ဖုံးကွယ်ထားတဲ့ အပြစ်အနာအဆာတွေကိုပေါ့။ ဒါက အနာထဲ ဘက်တီးရီးယားတွေဝင်ရောက်သွားစေနိုင်ပြီး သင်ကြိုးစားကုသနေတာကိုလည်း အကျိုးသက်ရောက်စေနိုင်ပါတယ်။

လိုအပ်မဲ့ပစ္စည်းများ

  • အဆီမပါဝင်သော moisturizer
  • အဆီမပါဝင်သော concealer
  • အောက်ခံမိတ်ကပ်
  • သေးငယ်ပြီးအမွှေးနုသော brush
  • ပေါင်ဒါမှုန့်
  • မိတ်ကပ် brush အကြီး
Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။