brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝက်ခြံတွေရှိနေစဉ်မှာ ဘယ်လိုချေးချွတ်မလဲ

ဘယ်လိုချေးချွတ်မလဲ။

ဝက်ခြံဆိုတာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံတွေက ခန္ဓါကိုယ်အပေါ်ပိုင်း မျက်နှာ၊ ရင်ဘတ်၊ လည်ပင်း၊ ကျောနဲ့ ပုခုံးစတာတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းကတော့ အရေပြားရဲ့ အဆီဂလင်းတွေက ဆီတွေအများကြီးကိုထုတ်ပေးပြီး အဲဒီ ဆီတွေက ချွေးပေါက်တွေကိုပိတ်စေကာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားပျော်မွေ့ဖို့ ကြားခံနယ်ကို ပြည့်စုံစွာဖွံ့ဖြိုးလာစေလို့ဖြစ်ပါတယ်။

ဝက်ခြံတွေရှိနေစဉ်မှာ ဘယ်လိုချေးချွတ်မလဲ

ချေးချွတ်ခြင်းက အသားအရေရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ပိုပြီးကြည့်ကောင်းလာစေကာ ချွေးပေါက်ပိတ်နေတာကိုလည်းလျော့နည်းစေပါတယ်။

အမျိုးအစားများ

ချေးချွတ်ခြင်း (Exfoliation) ဟာ ဓါတုဆေးသုံးတာလည်းဖြစ်နိုင်သလို သဘာဝပစ္စည်းတွေသုံးတာလည်းဖြစ်နိုင်ပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်းမှာတော့ glycolic acid ကဲ့သို့သော ဓါတုပစ္စည်းတွေကို ဆဲလ်သေတွေရှိနေတဲ့ အရေပြားအပေါ်ယံလွှာကို ပျော်ဝင်စေခြင်းအားဖြင့် ဖယ်ရှားပေးပါတယ်။

ဓါတုဆေးသုံးချေးချွတ်ခြင်း ဟာ chemical peels (ဓါတုဆေးသုံးချေးချွတ်နည်းတစ်မျိုး) ပုံစံပါပဲ။ Physical exfoliation (ရုပ်ပိုင်းဆိုင်ရာချေးချွတ်ခြင်း) မှာတော့ သဘာဝပစ္စည်း တွေဖြစ်တဲ့ sugar granules (သကြားခဲ)တွေလိုပစ္စည်းတွေကို ဆဲလ်သေတွေရှိတဲ့ အရေပြားအပေါ်ယံလွှာကိုဖယ်ရှားဖို့သုံးပါတယ်။

အသားအရေကိုထိခိုက်စေနိုင်တဲ့ (အစင်းရာထင်စေနိုင်တဲ့) သဘာဝပစ္စည်း တွေ ဥပမာ apricot kernels (အသီးတစ်မျိုး)ကို အသုံးပြုခြင်း ရှောင်ကြဉ်ပါ။

ပြင်းအား

သင့်မှာ ဝက်ခြံတွေရှိနေမယ်ဆိုရင် ညင်သာစွာချေးချွတ်ပေးပါ။ ဆိုလိုတာက သင့်အသားအရေအတွက် ကြမ်းတမ်းလွန်းတဲ့ ဓါတုပစ္စည်း တွေနဲ့ အသားအရေကို ရောင်ရမ်းနာကျင်စေမယ့် သဘာဝပစ္စည်း တွေကိုရှောင်ကြဉ်ပါ။ ပြင်းအားများလွန်းတဲ့ ချေးချွတ်ခြင်းဟာ (အင်အားသုံးတာဖြစ်စေ အကြိမ်ရေများတာဖြစ်စေ ) ဝက်ခြံတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ပိုလုပ်လေ ပိုဆိုးလေပါပဲ။

အစိုဓါတ်

ချေးချွတ်ပြီးတာနဲ့ မျက်နှာကို အစိုဓါတ်ဖြည့်တင်းပေးပါ။ မျက်နှာသန့်စင်ချိန်မှာ ဆုံးရှုံးသွားတဲ့ သဘာဝအဆီတွေကို ပြန်မဖြည့်ပေးဘူးဆိုရင် သင့်အသားက သဘာဝအဆီထုတ်လုပ်မှုကို ပိုတိုးစေပါလိမ့်မယ်။ သင့်အသားအရေ အတွက် ထုတ်လုပ်ထားတဲ့ moisturizer (အစိုဓါတ်ထိန်းအလှကုန်) ပုံစံမျိုးကိုရွေးချယ်ပါ။

ဆိုလိုတာက သင်ရွေးချယ်လိုက်တဲ့ moisturizer ဟာ အဆီမပါဝင်တာနဲ့ ချွေးပေါက်မပိတ်စေအောင် ထုတ်လုပ်ထားတာမျိုးဖြစ်နေရပါမယ်။ မျက်နှာမှာသုံးဖို့ထုတ်ထားတဲ့ပစ္စည်းတွေကိုပဲ မျက်နှာပေါ်မှာသုံးပါ။ ဥပမာ ကိုယ်ခန္ဓါလိမ်းဖို့ထုတ်လုပ်ထားတဲ့လိုးရှင်း တွေကို မျက်နှာမှာလိမ်းတာမျိုးမလုပ်ပါနဲ့။

အသားအရေ

Citric acid or alpha-hydroxy-acid စတဲ့ ချေးချွတ်ဆေး တွေကိုအသုံးပြနေစဉ်မှာ သင့်အရေပြားထိန်းသိမ်းခြင်းအစီအစဉ်ထဲမှာ ချေးချွတ်ခြင်းကို ထပ်မထည့်ပါနဲ့တော့။ မျက်နှာကိုအခြောက်ခံတဲ့အချိန်မှာ ပုတ်ပြီးသုတ်ပေးပါ။ မပွတ်ပါနဲ့။ လိမ်းဆေး တွေကို ညွှန်ကြားထားတဲ့ အကြိမ်အရေအတွက်နဲ့ ပမာဏအတိုင်းသာ အသုံးပြုပါ။

ချွေးပေါက်ပိတ်စေနိုင်ပြီး ဝက်ခြံတွေကိုပိုဆိုးစေနိုင်တဲ့ ဆဲလ်သေတွေကို ဖယ်ရှားရှင်းလင်းဖို့ peels, professional scrubs၊ microdermabrasion စတဲ့ ချေးချွတ်ဆေး အလှကုန် တွေကို အသုံးပြုပါ။

ပိုပြီးပြင်းထန်တဲ့ ဝက်ခြံပြဿနာတွေဆိုရင်တော့ အရေပြားအထူးကုနဲ့ တိုင်ပင်ကုသသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။