ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ ဆိုတာ အချိန်ရောအားအင်ပါ လိုအပ်ပါတယ်။ ဒါဟာ အမြဲမလွယ်ကူနိုင်ပါဘူး။ အလုပ်များပြားလှတဲ့ဘဝတွေက ဝန်ပိကာ ပင်ပန်းစေပြီးအမီလိုက်ဖို့ လိုအပ်တဲ့ စိတ်အားထက်သန်မှုတွေနဲ့ စိတ်ကူးတွေကိုပျောက်ကွယ်စေပါတယ်။ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုဆိုတာ နာရီပေါင်းများစွာ စိတ်လွတ်ကိုယ်လွတ်ဆော့ကစားပြီး လိင်စိတ်ဖြေဖျောက်တဲ့ ပစ္စည်းတွေ အသုံးပြုခြင်းကိုဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာပုံမှန်လုပ်နေတာထက် နည်းနည်းလေးပဲထူးခြားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အောက်ဖော်ပြပါ အချက်တွေကတော့ ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ရရှိစေဖို့အတွက် နည်းလမ်းဆယ်ခု ဖြစ်ပါတယ်။
စကားပြောပါ။
ဆက်ဆံရေးတစ်ခုမှာအချိန်ကြာလာတဲ့အမျှ ပျင်းရိဖွယ်ဖြစ်လာပြီးအိပ်ရာထဲမှာသင်ဘာလိုချင်တယ်ဆိုတာဖော်ပြမယ့်အစားပုံမှန်ပြုနေကျ အပြုအမူတွေကိုသာ ပြုမူတတ်ကြပါတယ်။ Williams Lucena ကတော့ ဒီစက်ဝိုင်းကြီးကိုပွင့်လင်းတဲ့ စကားပြောဆိုမှုနဲ့ ဖြတ်တောက်သင့်ပါတယ်လို့ ပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာလိုချင်လဲဆိုတာကိုမေးမြန်းကြပါလို့ သူကအကြံပြုပါတယ်။ သင်တို့မှာအရင်ကရှိခဲ့တဲ့ ဆက်သွယ်မှုတွေကို ပြန်လည် ရရှိဖို့ လိုပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသောက်ပါ။
ဒါဟာလိင်ဆက်ဆံမှုနဲ့ မဆိုင်ဘူးလို့ထင်ရပေမယ့် သင့်ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့အာဟာရရအောင် ကျွေးမွေးခြင်းဟာသင့်ကိုယ်ခန္ဓာကိုရောလိင်စိတ်ကိုပါ အထောက်အကူပြုတယ်လို့ စိတ်ဖိစီးမှုထိန်းသိမ်းမှု ကျွမ်းကျင်သူနဲ့ “Addicted to stress” ကိုရေးသားသူDebbie Mandel က ပြောပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသောက်တာဟာ ကိုလက်စထရောကိုကျဆင်းစေပြီး သင့်နှလုံးကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဦးနှောက်ရဲ့ southern hemisphereကိုသွေးစီးဆင်းမှု အလွန်ကောင်းမွန်စေပါတယ်။
ပျော်စရာကောင်းပါစေ။
သင်ရော သင့်အမျိုးသမီးပါ ကတ်ပြားငါးခုပေါ်မှာ လိင်နဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်မှု ငါးခုကိုချရေးပါ။ ပြီးတော့ ကိုယ်ပိုင်နေရာ သီးသန့်ရနိုင်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုသွားပါ။ ဝိုင်သောက်ရင်းနဲ့ ကတ်တွေကိုဆွဲထုတ်ပါ။ ဟုတ်တယ်၊ တစ်နေ့နေ့တော့ ဖြစ်နိုင်ပါတယ်၊ ဘယ်တော့မှ မဖြစ်နိုင်ဘူး .. အစရှိတဲ့ အပုံသုံးပုံကို ပြုလုပ်ပါ။ ဖြစ်နိုင်ခြေရှိတဲ့ ကတ်တွေကို ဖိနပ်ဘူးထဲထည့်ထားပါ။ ပြီးတော့ တစ်လတစ်ခါ မဲနှိုက်ရွေးချယ်ပါ။
လေ့ကျင့်ခန်းကိုအတူပြုလုပ်ပါ။
သင့်ပုခုံး၊ လက်မောင်း ကြွက်သားနဲ့ ရင်ဘတ်တို့ကို ပျော့ပျောင်းစေခြင်းဟာလည်းသင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုအချိန်ကြာကြာထိန်းထားနိုင်ပါတယ်။ ဒါ့ကြောင့် သင်လိုချင်သလောက် (သို့) သူမသင့်ကိုရှိနေစေချင်တဲ့ ခန္ဓာကိုယ် အနေအထားမှာ ကြာကြာနေနိုင်ပါတယ်။ အထင်ကြီးဖွယ် လိင်ဆက်ဆံမှုဆိုတာ ကြွက်သားဆိုင်ရာ အမောခံနိုင်ရည်နဲ့ စည်းချက်ကျမှုပေါ်မှာ မူတည်ပါတယ်။ လိင်ဆက်ဆံတဲ့ ပြုမူပုံစံတွေနဲ့ တူတဲ့ အမောခံနိုင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ခြင်းဟာ သင့်ကြွက်သားတွေ အားနည်းခြင်းကကာကွယ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းကို အလွန်အကျွံမလုပ်ပါနဲ့။
လေ့ကျင့်ခန်းကို အလွန်အကျွံလုပ်ခြင်းဟာ ဆန့်ကျင်ဘက်ရလဒ်တွေကို ဖြစ်ပေါ်စေပါတယ်လို့ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ဇီဝကမ္မဗေဒပညာရှင် Pete McCall က Ameriacan Council on Exercise မှာပြောပါတယ်။ လေ့ကျင့်ခန်းကိုအလွန်အကျွံလုပ်ခြင်းဟာ ပင်ပန်းမှုနဲ့ အားအင်ကုန်ခမ်းမှုတွေ ခံစားရနိုင်ပြီး သင့်အိပ်ချိန်တွေကိုအနှောင့်အယှက်ပေးကာစိတ်ပြောင်းလဲစေနိုင်ပါတယ် လို့ သူကပြောပါတယ်။ ဒါဟာသင့်ချစ်သူနဲ့ ပျော်စရာအချိန်တွေ ရဖို့ ခက်ခဲစေပါတယ်။
သူမရဲ့ G-spot ကိုရှာဖွေပါ။
သူမရဲ့ မိန်းမကိုယ်နံရံမှာလက်ဗွေနှိပ်သလိုမျိုးသူမရဲ့G-spot မှာလက်မနဲ့ ဖိထားပေးပါ။ သင်ဟာအရှေ့ဘက် မိန်းမကိုယ်အပေါက်ဝကနေပြီး ၂လက်မလောက်ကို ဖိနှိပ်နေတာဖြစ်ပါတယ်။
အနည်းငယ် ရှောင်ကြဉ်ပါ။
ရှောင်ကြဉ်ခြင်းဟာ လိင်မှုဆိုင်ရာအကြံတစ်ခုဖြစ်ပါသလား။ ယုံချင်ယုံမယုံချင်နေပါ။ ဒါဟာ သင့်လိင်ဆက်ဆံမှုကို တိုးတက်စေပြီးနောက်တစ်ခေါက် လိင်ဆက်ဆံမှုကိုပိုမိုစိတ်လှုပ်ရှားစေတဲ့ သေချာတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ “ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ်လောက် လိင်ဆက်ဆံမှုကို ရှောင်ကြည့်ပါ။ ရှောင်ကြဉ်ခြင်းဟာ သင့်နှလုံးသားကသင့်ချစ်သူကိုပိုမိုချစ်မြတ်နိုးစေပြီးသင့်ကိုရမ္မက်နိုးကြွစေပါတယ်” လို့Mandel ကပြောပါတယ်။
အချိန်ယူပါ။
လိင်ဆက်ဆံမှုဆိုတာ ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ဒါ့ကြောင့်သူမအကြောင်းကို ပိုမိုသိရှိဖို့ အချိန်ယူပါ။ ပေါင်တံတွေနဲ့ ဗိုက်အောက်ပိုင်းကိုအာရုံစိုက်ပါ။ မိန်းမကိုယ်အပြင်ဘက်မှာ နှစ်လက်မဝန်းကျင် စက်ဝိုင်းတစ်ခုကို စိတ်နဲ့ဆွဲပြီးသင် နမ်းရှုပ်ပွတ်သပ်စဉ် အဲဒီလိုင်းကိုမကျော်လွန်ပါစေနဲ့။
နည်းပညာကိုအသုံးပြုပါ။
သင်အလုပ်ကနေ ပြန်မရတဲ့ ညအချိန်မှာသူမကိုလိင်စိတ်ရှိနေစေချင်ပါသလား။ သင့် လက်ကိုင်ဖုန်း (သို့) အီးမေးလ်ကိုအသုံးပြုပါ။ သူမကိုလိင်စိတ်ကြွစေတဲ့ မက်ဆေ့ခ်ျတွေ တစ်နေကုန်ပို့ပေးပါ။ ဦးနှောက်ဟာအာရုံခံစားနိုင်တဲ့ အကြီးဆုံးခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တာကြောင့် လူတွေဟာစကားလုံးတွေကိုအလိုအလျောက် တုံ့ပြန်ပါတယ်။ အထူးသဖြင့် လူတစ်ယောက်က သင့်နာမည်ကိုခေါ်ရင်ဖြစ်ပါတယ်။ အကြောင်းအရာပေါ်မူတည်ပြီးစကားလုံးတွေဟာစိတ်ခံစားမှုတွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ခန္ဓာကိုယ်အနှံ့ကိုသွေးစီးဆင်းမှုတွေကို နှိုးဆွပေးပါတယ်။
လိင်စိတ်နိုးကြားစေတဲ့ နှိပ်နယ်မှုတွေ ပြုလုပ်ပါ။
စိတ်အပန်းပြေစေပြီး လိင်စိတ်နိုးကြားစေတဲ့ နှိပ်နယ်မှုတွေဟာသူမရဲ့ ကိုယ်ခန္ဓာကိုအလွန်ပြင်းထန်တဲ့ လိင်စိတ်အထွတ်အထိပ်ရောက်မှုကို နှိုးဆော်ပေးပြီးနောက်ဆုံးမှာသာလွန်ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကိုရရှိစေပါတယ်။ ဒီလိုလုပ်နိုင်စွမ်းဟာသင်သင်ယူရမယ့် ကျွမ်းကျင်မှုတွေထဲမှာအဓိကကျပါတယ်။ သူမအတွက်လည်းအတူတူပါပဲ။ အပန်းပြေစေတဲ့ နှိပ်နယ်မှုနဲ့ လိင်စိတ်နိုးကြားစေတဲ့ နှိပ်နယ်မှုရဲ့ ကွာခြားချက်ကတော့ ထိတွေ့မှု ပုံစံပါပဲ။ သင်ဟာသူမခန္ဓာကိုယ်ကိုအရမ်းကြီးအပန်းမပြေသွားစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုနဲ့ပဲသူမအိပ်ပျော်သွားမှာစိုးလို့ပါပဲ။