brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

ဆက်ဆံမှုတစ်ခုမှာ သင်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားပြီးနောက် အသည်းအသန် ပြန်လည် ချစ်ခင်ချင်ကြတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်မျိုးပြောရရင် စစချစ်တုံးကလို ခံစားမှုမျိုး ပြန်လည် ရရှိချင်ကြပါတယ်။ ဒါကို ဘယ်လိုလုပ်ယူမလဲ။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စပေါ်မှာ အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။

အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

သေချာ နားထောင်ပါ။

သင့်ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်ကို ပြန်လည်တွေ့ရှိဖို့ အဓိက အချက်ကတော့ နားလည်မှု ရှိဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှု ရှိဖို့ပဲဖြစ်ပါတယ်။ စစချင်း ချိန်းတွေ့စဉ်က သင်ဟာ မျက်နှာကို ဖုန်း (သို့) အိုင်ပတ်ကိုပဲ ငုံ့ကြည့်နေမှာ မဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ မျက်နှာကို ကြည့်ပြီး သူဘာစားချင်လဲ၊ ဘာသီချင်းနားထောင်ချင်လဲဆိုတာကို ဂရုစိုက်နေမိမှာပါ။ ဒါပေမယ့် ဒါတွေအကုန် သိပြီးသား ဖြစ်သွားပြီဆိုရင်တော့ သူမကို လျစ်လျူရှုဖို့ ဖြစ်လာပါတယ်။ တစ်နေ့တစ်နေ့ ဖြစ်ပျက်နေတဲ့ အရာတွေ အများကြီး ရှိပြီး သင်ချစ်သူရှိခြင်းဟာလည်း သူမရဲ့ ခံစားမှုတွေ၊ အတွေးတွေ၊ ဒုက္ခတွေကို မျှဝေ ခံစားဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် ဂရုစိုက်မှုနဲ့ အလေးထားမှုကို ပြသဖို့ဟာအရေးကြီးပြီး ပြောစရာ စကားပျောက်ဆုံးသွားတယ်ဆိုတာ မရှိသင့်ပါဘူး။ ဒါ့ပြင် ဒီလိုလုပ်ခြင်းအားဖြင့် နီးကပ်မှုနဲ့ ဆက်နွယ်မှု၊ အကောင်းမြင်စိတ်နဲ့ ပွင့်လင်းတဲ့ စိတ်တွေကို ဖန်တီးပေးပါတယ်။

သင့်ချစ်သူ စကားစပြောရင် ကိုယ်လုပ်နေတဲ့အရာကို ရပ်နားထားသင့်ပြီး သူမနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ကာသေချာစွာ နားထောင်သင့်ပါတယ်။ ဒါဟာ သူမကို အလေးထားမှုကို ပြသပြီးတော့ ဘာပြောမလဲဆိုတာ စိတ်ဝင်စားဟန်ပြတာပဲ ဖြစ်ပါတယ်။ အတွေးတွေ၊ ခံစားမှုတွေနဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကို မျှဝေခြင်းဟာ လူနှစ်ယောက်ကို ဆက်သွယ်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် နားထောင်ပေးဖို့ ကြိုးစားသင့်ပါတယ်။

အခြားတစ်ဖက်မှာလဲ သင်မအားဘူးဆိုရင် (သို့) အခုလုပ်မှဖြစ်မယ့် အရေးကြီးတဲ့အရာတစ်ခုရှိတယ်ဆိုရင် သူမကို ညင်သာပျော့ပြောင်းစွာ ပြောပြီး လေးစားသမှုနဲ့ ခွင့်တောင်းပါ။ အခု သူနဲ့ စကားပြောချင်ပြီး သူပြောတာကို နားထောင်ချင်သော်လည်း အခုလုပ်နေတာကို အပြီးသတ်ဖို့ အချိန်ခဏလောက် ရနိုင်မလားလို့ မေးပါ။ နားလည်မှုအတွက် ခွင့်တောင်းပြီး သင်ပေးထားတဲ့ ကတိကို ကိစ္စပြီးပြီးချင်း သတိရပါ။

သင်မြင်တဲ့အတိုင်း ဆက်ဆံမှုတစ်ခုကို အမြဲကျန်းမာသန်စွမ်းနေအောင်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အချိန်တွေ၊ အင်အားတွေနဲ့ စိတ်ရှည်မှုတွေ လိုအပ်ပါတယ်။ တကယ်လို့ သင့်ချစ်သူနဲ့ ပြဿနာတွေ အဆင်မပြေဘူးဆိုရင် ကျွမ်းကျင်သူနဲ့ နှစ်ယောက်လုံး ပြသသင့်ပါတယ်။ သင်တို့ကြားမှာ ရှိတဲ့ ပြဿနာတွေကို အချိန်ရွှေ့လေလေ သင်တို့ဆက်ဆံမှု အဆုံးသတ်ဖို့ အခွင့်အလမ်း များလေလေပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/02/2022 ဖြစ်ပါသည်။