brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

အချို့သုတေသီတွေဟာအမျိုးသမီးတွေဟာသူတို့ကိုယ်တိုင်လိင်ပိုင်းဆိုင်ရာအမှားများစွာကိုပြုလုပ်ကြတယ်လို့ဖော်ပြခဲ့ပါတယ်။ အောက်ပါအချက်တွေကတော့ အမျိုးသမီးတွေ လိင်ဆက်ဆံစဉ် ပြုမူတတ်တဲ့ အမှားခြောက်ခုနဲ့ သင်နဲ့ ထိုက်တန်တဲ့ သာယာမှုကိုဘယ်လိုရယူရမလဲဆိုတာတွေဖြစ်ပါတယ်။

လိင်ဆက်ဆံရာတွင်အရင်စတင်ခြင်းမပြုကြခြင်း

ကျွန်မတို့ အတော်များများဟာမိန်းမဆန်တဲ့အပြုအမူတွေ အပေါ် စိတ်ပူပန်မှု ရှိတတ်ကြပါတယ်။ အတင်းအကျပ်လုပ်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့ စိတ်တိုလွယ်တဲ့ မိန်းကလေးတစ်ယောက်ပုံစံနဲ့ မတူညီချင်ကြပါဘူး။ ဒါကြောင့် လိင်ကိစ္စကိုအရင်စတင်ခြင်းမပြုလုပ်မှုဟာအမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ လေးနက်တဲ့ အမှားတစ်ခုဖြစ်ပါတယ်။

အမျိုးသားတွေဟာသူတို့ကပဲအမြင်အရင်စနေရတဲ့သူတွေလို့ ခံစားရပြီးဒါကပဲသင်တို့ရဲ့ ဆက်ဆံရေးကြားမှာစိတ်ထက်သန်မှု ပမာဏမညီမျှမှုကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့်တော့ အမျိုးသားတွေဟာအမျိုးသမီးတွေနည်းတူသူတို့ရဲ့ လိင်ဆက်ဆံဖက်နဲ့ ပတ်သက်ပြီးပူပန်မှုတွေ ရှိတတ်ကြပါတယ်။

တဖြည်းဖြည်းတိုးတက်လာမှုနဲ့ သင့်ရဲ့ စိတ်ထက်သန်မှုကို ပြသပါ။ သင့်အိမ်ထောင်ဘက်ဟာဒါကိုအသိအမှတ်ပြုမှာဖြစ်ပြီးသင့်ရဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံမှာသာယာမှုနောက်တစ်ဆင့် တက်သွားတာကိုတွေ့ရှိရပါလိမ့်မယ်။

သင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာစိုးရိမ်ပူပန်နေခြင်း

လိင်ဆက်ဆံစဉ်မှာသင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာတွေးတောနေခြင်းဟာသင့်ရဲ့သာယာမှုတွေကိုတားမြစ်ပြီးတော့ လိင်စိတ်အထွတ်အထိပ်ရောက်စေတဲ့ အခွင့်အလမ်းတွေကိုဖျက်ဆီးပစ်ပါလိမ့်မယ်။

သင့်ဝမ်းဗိုက်အဆီ (သို့) မျက်နှာပေါ်ကမိတ်ကပ်အကြောင်းကိုမတွေးပါနဲ့။ အပြုအမူပေါ်မှာသာယာကြည်နူးမှုကိုသာအာရုံစိုက်ပါ။ သင့်ကိုယ်သင် လိင်စိတ်အထွတ်အထိပ်ရောက်စေဖို့ ခွင့်ပြုမှုတွေ ပေးရမှာဖြစ်ပါတယ်။

Why Him, Why Her စာအုပ်ရေးသားသူနဲ့ Rutgers University က ယဉ်ကျေးမှုဆိုင်ရာမနုဿဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Helen Fisher က အမျိုးသားတွေဟာအမျိုးသမီးတွေ စိတ်စွဲလမ်းနေတဲ့ အရာတွေရဲ့ တစ်ဝက်လောက်ကိုတောင် သတိမထားမိဘူးလို့ ဖော်ပြခဲ့ပါတယ်။

အမျိုးသားတွေဟာသင်စိတ်လှုပ်ရှားနေလား၊ တက်ကြွနေလား၊ သူတို့ကိုစိတ်ဝင်စားနေလားနဲ့ စိတ်ပျော့ပျောင်းနေလားဆိုတာတွေပေါ်မှာအာရုံမစိုက်ကြဘူးဆိုတာကတော့ အံ့သြဖို့ ကောင်းပါတယ်။

Fisherပြောခဲ့သလိုမျိုးအမျိုးသားတွေဟာသူတို့ရဲ့ ခန္ဓါကိုယ်ချို့ယွင်းချက်တွေကိုထောက်ရှုမမြင်နိုင်ခြင်းတွေအတွက် ထပ်ဆင့်ပြောင်းလာတဲ့ ရှင်းပြမှုတစ်ခုရှိပါတယ်။ အမျိုးသားတွေဟာ (သတိမထားမိပဲ (သို့) တမင်တကာ) ကျန်းမာတဲ့ ကလေးတွေ မွေးဖွားနိုင်တဲ့ အမျိုးသမီးတွေကိုရှာဖွေလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကစတင်ပြီးအမျိုးသားတွေဟာကိုယ်ဝန်ဆောင်နိုင်တဲ့အမျိုးသမီးတွေကိုသဘောကျပြီးကလေးအမြောက်အများယူကြပါတယ်။ ဒါဟာဒီခေတ်မှာတော့ မရှိမဖြစ် အရာတစ်ခုမဟုတ်တော့ပေမယ့် Fisher က ရှေးကလက်ကျန်လုပ်နည်းတွေ ဆက်လက်ကျန်ရှိနေပါတယ် လို့ဆိုပါတယ်။

အမျိုးသားတွေဟာကျန်းမာငယ်ရွယ်ပြီးကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုကိုပိုခံရတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ခါး၊ တင်ပဆုံတွေရဲ့ ပုံပန်းသဏ္ဍာန်ကိုပူပန်နေမယ့်အစားသင့်ရဲ့ စွမ်းအား၊ စိတ်အားထက်သန်မှုနဲ့ သူ့အပေါ်စိတ်လှုပ်ရှားမှုတွေသာပူပန်ပါလို့ Fisher က ပြောပါတယ်။

လိင်ဆက်ဆံမှုဆိုတာအမျိုးသားတွေအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့သာယူဆခြင်း

ရှေးတုံးကအယူအဆတွေဖြစ်တဲ့ မိန်းမတွေဟာလိင်မှုကိစ္စကိုစိတ်မဝင်စားပဲလိင်ဆက်ဆံခြင်းဟာလည်းအမျိုးသားတွေ အတွက်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေကိုလက်လွှတ်လိုက်ဖို့သင့်ပြီလို့ ယူဆကြပါတယ်။ အချို့အမျိုးသားတွေအတွက်ကလိင်ဆက်ဆံမှုဆိုတာအင်မတန် အရေးကြီးတဲ့ အပြုအမူပါပဲ။ ဒါကိုလျှော့မတွေးသင့်ပါဘူး။

သုတေသနတစ်ခုကအတည်ရည်ရွယ်ပြီးဖြစ်တဲ့ ဆက်ဆံရေးတစ်ခုမှာယောက်ျားနဲ့ မိန်းမကိုယ်လက်နှီးနှောမှုဟာပိုပြီးစိတ်ကျေနပ်ဖွယ်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကိုထောက်ခံခဲ့ပါတယ်။

Parrot ကပြောပါတယ် “သုတေသနအတော်များများကအရည်အသွေးပြည့်ဝတဲ့ မကြာခဏလိင်ဆက်ဆံခြင်းဟာလက်ထပ်ထားတဲ့ အိမ်ထောင်ဖက်တွေမှာပဲရှိပါတယ်ဆိုတဲ့ အချက်ကိုသေချာထင်ရှားစေခဲ့ပါတယ်။ မယူရသေးသောလူချင်းလိင်ဆက်ဆံမှုဟာသာယာမှုအလုံအလောက်မရဘူးလို့ ဆိုလိုနေပါတယ်။”

Fisher နဲ့ သူမရဲ့ တက္ကသိုလ်ကအတန်းဖော်တွေ ပြုလုပ်ခဲ့တဲ့ လေးနက်မှုမရှိတဲ့ (တစ်ညအိပ်ရုံ) ဆက်ဆံရေးတွေမှာပါဝင်တဲ့ တက္ကသိုလ်ကကျောင်းသားတွေပါဝင်တဲ့ လေ့လာမှုတစ်ခုမှာအမျိုးသားတွေဟာလည်းအမျိုးသမီးတွေနည်းတူလိင်ကိစ္စရောဆက်ဆံရေးကိုပါ အလေးအနက်ထားပါတယ်လို့ ကိန်းဂဏန်းတွေကဖော်ပြပါတယ်။ တကယ်တော့ တစ်ညအိပ်ရုံဆက်ဆံရေးတွေမှာပါဝင်တဲ့ ၅၀% သောအမျိုးသမီးတွေနဲ့ ၅၂% သောအမျိုးသားတွေဟာ ကြာမြင့်တဲ့ ဆက်ဆံမှုတစ်ခုဖြစ်ဖို့ မျှော်လင့်ကြပါတယ်လို့ Fisher က ဆိုပါတယ်။ သူတို့တွေရဲ့ သုံးပုံတစ်ပုံကတော့ တကယ်ပဲဖြစ်သွားကြပါတယ်။ ဒါဆိုသင်ခန်းစာကဘာပါလဲ။

Fisher က အမျိုးသားတစ်ယောက်ဟာစိတ်ကူးယဉ်မဆန်ဘူးလို့ ဘယ်တော့မှ မယူဆပါနဲ့ လို့ပြောပါတယ်။ ဒီယဉ်ကျေးမှုမှာ ကြီးမားတဲ့အမှားနှစ်ခုကတော့ အမျိုးသမီးတွေဟာလိင်ကိစ္စ စိတ်မဝင်စားဘူးဆိုတာနဲ့ အမျိုးသားတွေဟာအမျိုးသမီးတွေလိုမျိုးစိတ်ကူးယဉ် မဆန်ဘူးဆိုတာတွေဖြစ်ပါတယ်။

သူဟာအမြဲပဲလိင်ဆက်ဆံမှု ပြုချင်မယ်လို့ယုံကြည်နေခြင်း

သင်မေးလိုက်တဲ့အချိန်တိုင်းအမြဲအဆင်သင့်ဖြစ်နေပြီးစိတ်ပါနေတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသားအတော်တော်များများလိုတော့ အရွယ်ရောက်ပြီးအမျိုးသားတွေဟာမဖြစ်နိုင်ပါဘူး။ နေ့စဉ်ဘဝရဲ့ စိတ်ရှုပ်ထွေးမှုတွေဖြစ်တဲ့ မိသားစု၊ အလုပ်၊ ကျသင့်ငွေတောင်းခံလွှာတွေဟာအမျိုးသားတွေရဲ့ လိင်စိတ်ကိုပျက်စီးစေပါတယ်။ အမျိုးသားတွေရဲ့ လိင်စိတ်ကျဆင်းခြင်းကိုတစ်မျိုးတွေးနေတာကြောင့် ဒါဟာအမျိုးသမီးတွေအတွက် အံ့အားသင့်စရာဖြစ်နေပါတယ်။

ဒါကြောင့် အမျိုးသမီးတွေဟာသူတို့ လိင်ဆက်ဆံဖက်တွေကလိင်ဆက်ဆံဖို့ စိတ်မပါဘူးလို့ ပြောတဲ့အခါမှာမယုံကြည်နိုင်ပဲသူတို့အတွက် အံ့သြဖွယ် ဖြစ်နေပါတယ်။ သူတို့ဟာလိင်ဆက်ဆံမှုမှာအမြဲစိတ်လှုပ်ရှားနေတာမျိုးမရှိတာကိုယ့်ကိုကိုယ်သိရှိကြပေမယ့် သူတို့ရဲ့ အမျိုးသားကိုတော့ ချစ်ခင်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေကလိင်မဆက်ဆံချင်ဘူးလို့ ပြောတဲ့အခါမှာသူတို့ကိုမချစ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာမမှန်ကန်ပါဘူး။ သူဟာလိင်ဆက်ဆံမှုကိုပဲမပြုလိုတာ ဖြစ်ပါတယ်။

လမ်းညွှန်ချက် မပေးခြင်း

အချိန်တစ်ခုအထိအတူရှိနေသူ (သို့) ရင်းနှီးနေတဲ့သူနဲ့တောင်မှ ရုတ်တရက် လိင်ဆက်ဆံမှု၊ ဘယ်လိုကြိုက်နှစ်သက်တယ်ဆိုတာနဲ့ ဘာကိုမကြိုက်ဘူးဆိုတာပြောခြင်းဟာစိတ်မသက်မသာခံစားရစေပါတယ်။ ဒါပေမယ့် ဒါဟာလိင်မှုဆိုင်ရာဆက်ဆံရေးတွေရဲ့ စိတ်ကျေနပ်မှုကိုရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာသူမရဲ့ လိင်ဆက်ဆံမှု အတွေ့အကြုံအတွက် တာဝန်ရှိပါတယ်။ သူမနဲ့ လိင်မှုဆိုင်ရာအတွေ့အကြုံကိုတာဝန်မယူရင် ဘယ်အမျိုးသားကမှ သူမကိုလိင်စိတ်အထွတ်အထိပ်ရောက်အောင် ခေါ်သွားနိုင်မှာမဟုတ်ပါဘူး။ အကောင်းဆုံးလိင်ဆက်ဆံသူတောင်မှ သူမပေးမသိရင် သူမဘာကိုလိုချင်တယ်ဆိုတာမသိနိုင်ပါဘူး။

ကောင်းတဲ့အချက်ကတော့ အမျိုးသားတွေဟာသူတို့ရဲ့ အမျိုးသမီးတွေကိုသာယာမှု ရရှိစေလိုပါတယ်။

သူတို့ရဲ့ အတ္တကိုထိခိုက်တာမျိုးမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပြောရင် သူတို့ကဒါကိုအသိအမှတ်ပြုမှာပါ။ သူနားထောင်နေတဲ့အတွက် သူမဟာမကြိုက်နှစ်သက်တဲ့အရာများကိုသူမကြိုက်သောအရာငါးခုကြားမှာညှပ်ပြောသင့်ပါတယ်လို့ အကြံပေးထားပါတယ်။ နောက်တစ်ကြိမ် အတူနေချိန်အထိသင်သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ ပြတ်ပြတ်သားသားပြောထားရင် အမျိုးသားတွေ နားထောင်တာကိုတွေ့ရမှာပါ။

သူအသစ်တစ်ခုခုကိုအကြံပြုရင်စိတ်တိုခြင်း

စုံတွဲတစ်တွဲဟာအချိန်တစ်ခုအထိအတူတူနေခဲ့ ပြီးပြီဆိုရင် အရာရာကိုအနည်းငယ် ပုံစံကွဲစွာနဲ့ အရှိန်မြှင့်တင်ချင်တာဟာပုံမှန်ဖြစ်ပါတယ်။ အသစ်တစ်ခုကို ကြိုးစားကြည့်ခြင်းကသူဟာသင်နဲ့ မပျော်ရွှင်ဘူး (သို့) သင်နဲ့ လိင်ဆက်ဆံမှုကိုမကြိုက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အတိုပြောရရင် တစ်မျိုးမမြင်ပါနဲ့။

ဒါပေမယ့် သင့်အတွက် သက်တောင့်သက်သာဖြစ်အောင် ညှိနှိုင်းဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင့်အမျိုးသားကသင့်ရဲ့သိက္ခါကိုကျော်လွန်တဲ့ အသစ်အဆန်းတစ်ခုကို ပြုလုပ်ဖို့ အကြံပြုတယ်ဆိုရင် ဒါဟာသင့်သည်းခံမှုကိုကျော်လွန်တယ်ဆိုတာ ပြတ်ပြတ်သားသားပြောပြီးဘာကြောင့်ဆိုတာရှင်းပြပါ။ သေချာတာကတော့ ဒါကိုသင်တတ်နိုင်သမျှ ချိုချိုသာသာပြောပါ။ ဒါကသင့်ရဲ့ သိက္ခါနဲ့ ပတ်သက်တဲ့ အရာမဟုတ်ပေမယ့် သင်မလုပ်ချင်ဘူးဆိုရင် အကြောင်းပြချက်ကိုရှင်းပြပါ။ တကယ်လို့ ဒါဟာရိုးရိုးမယုံနိုင်လောက်တဲ့ တောင်းဆိုမှုတစ်ခုဖြစ်နေပြီးတော့ သင့်အတွက် စစချင်းမလွယ်ကူရင်တောင် လိုအပ်တာထက် ပိုမိုပြီးမတုန့်ပြန်ဖို့ ကြိုးစားပါ။ အဲဒီအစားသင်ဒါကိုစဉ်းစားဖို့အချိန်လိုတယ်ဆိုတာသူ့ကိုပြောပြပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/02/2022 ဖြစ်ပါသည်။