backup og meta

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

လူအတော်များများဟာ လိင်ဆက်ဆံမှု နဲ့ပတ်သက်ပြီး မသိစိတ်မှာ ကြိတ်စိုးရိမ်နေကြတာတွေရှိတတ်ပါတယ်။ ဖြစ်သင့်တဲ့ ပုံမှန်ပမာဏအတွင်း ဆက်ဆံနေမိရဲ့လား၊ ကိုယ့်လိင်စိတ်ဟာ အရမ်းနည်းနေသလား၊ အရမ်းများနေသလား စသဖြင့် အစုံတွေးမိတတ်ကြပါတယ်။ ဒီတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်။

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

တကယ်တော့ ဒါတွေအားလုံးဟာ စိုးရိမ်စရာ အကြောင်းအချက်တွေမဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ မိမိနဲ့ မိမိ လက်တွဲဖော်ပေါ်မှာသာ လုံးလုံးလျားလျားမူတည်နေတာမို့လို့ မိမိတို့နှစ်ဦးစလုံးအဆင်ပြေနေသရွေ့ ဘယ်ရွေ့ဘယ်မျှပမာဏလိင်ဆက်ဆံတယ်ဆိုတာ ထည့်သွင်းစဉ်းစားနေစရာအကြောင်းတစ်ခုမဟုတ်ပါဘူး။
အသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ် လူတစ်ဦးနဲ့တစ်ဦးဟာ လိင်စိတ်လိုအင်၊လိုအပ်ချက်နဲ့ လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေ ရယူတဲ့နေရာမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒါကြောင့် မိမိနဲ့ မိမိ partner ပျော်ရွှင်ကျေနပ်နေသရွေ့ လိင်ကိစ္စကို တစ်ပတ်မှာအကြိမ်ပေါင်းများစွာ ဆောင်ရွက်သည်ဖြစ်စေ၊ လုံး၀မဆောင်ရွက်ဘူးဖြစ်စေ ပြဿနာမဟုတ်ပါဘူး။
 ဒါပေမယ့် လူအတော်များများကတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက် အခြားသူတွေရဲ့ လိင်ဆက်ဆံတဲ့နှုန်းကို သိချင်ကြပါတယ်။အသက်အရွယ်ဟာ လိင်ဆက်ဆံတဲ့အကြိမ်ရေကို ဘယ်လိုပြောင်းလဲစေသလဲလည်း သိချင်ကြပါတယ်။
 

အသက်အရွယ်ရလာတာနဲ့အမျှ လူအများစုဟာ လိင်ဆက်ဆံနှုန်း လျော့နည်းလာကြတယ်

သု​တေသနပြုချက်တွေအရ အသက်ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ့်ကိုးနှစ်ကြားလူငယ်တွေဟာ ပျမ်းမျှအနေနဲ့ တစ်နှစ်မှာ လိင်ဆက်ဆံမှုပေါင်း ၁၁၂  ကြိမ် ၊ တစ်ပတ်ကို နှစ်ကြိမ်လောက်လုပ်ကြတယ်ဆိုပါတယ်။ အသက်သုံးဆယ်ကနေ သုံးဆယ့်ကိုးနှစ်လောက်အရွယ်တွေကျတော့ တစ်နှစ်လုံးကို ပျမ်းမျှ ရှစ်ဆယ့်ခြောက်ကြိမ်လောက်လိင်ဆက်ဆံလေ့ရှိပြီး တစ်ပတ်ကိုတော့ ၁.၆ ကြိမ်နဲ့ညီမျှပါတယ်။
လေးဆယ်ကနေ လေးဆယ့်ကိုးနှစ်အရွယ်တွေမှာတော့ ပိုနည်းသွားပြီး တစ်နှစ်လုံးမှာ ခြောက်ဆယ့်ကိုးကြိမ်လောက်၊ တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ဆက်ဆံလေ့ရှိကြတာများတဲ့အတွက် အသက်ဆယ့်ရှစ်ကနေ နှစ်ဆယ့်ကိုးလူငယ်တွေရဲ့ တစ်ဝက်နှုန်းလောက်သာ ဆက်ဆံကြတယ်ဆိုပါတယ်။ဒါပေမယ့်  ဒါဟာယေဘူယျဖော်ပြချက်သာဖြစ်ပြီး ရွယ်တူတန်းတူတွေထက် လိင်ဆက်ဆံမှုအကြိမ်ရေများနေတဲ့သူတွေက မိမိကိုယ်ကို ပိုမိုနုပျိူတယ်လို့ ခံစားရလေ့ရှိတယ်ဆိုပါတယ်။
နိဂုံးချုပ်ဆိုရရင် အသက်အရွယ်ဟာ လိင်ဆက်ဆံမှုအကြိမ်အရေအတွက်ပေါ် သက်ရောက်မှုရှိတာ မှန်ပေမယ့် ကိုယ့်ကိုယ်ကို ငယ်ရွယ်နေသေးတယ်လို့ ခံယူတဲ့သူတွေကသာ ဘ၀ကိုရှင်သန်အသက်ဝင်တယ်လို့ ခံယူမှုများတဲ့အတွက် အသက်အရွယ်ဆိုတာ နံပါတ်တွေလို့သာ သတ်မှတ်ပြီး မိမိအပါအ၀င် မိမိရဲ့ ပါတနာကို ချစ်ခြင်းမေတ္တာတွေနဲ့ ထုံးလွှမ်းစေသင့်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.bustle.com/p/how-much-sex-should-you-have-in-a-week-it-depends-on-your-age-new-study-finds-78455 Accessed Date 31 October 2019

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။