လိင်မှုဘဝကို အမြဲစိတ်လှုပ်ရှားစရာ ဖြစ်အောင် လုပ်ထားနိုင်ခြင်းကကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ထားဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ ကိုယ်တွေရဲ့ ချစ်ခရီးကိုသမားရိုးကျ ဘောင်တွေထဲကနေဆွဲထုတ်ပြီးပျော်ရွှင်နိုင်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ခုပြောမယ့် လိင်ဆက်ဆံမှု ပုံစံတွေကတော့ ကိုယ့်ရဲ့ လိင်မှုဘဝကို ပိုပြီးရင်ခုန်စိတ်လှုပ်ရှားစေပါလိမ့်မယ်။

မြန်ဆန်တဲ့ လိင်ဆက်ဆံမှုဟာသွေးထဲမှာAdrenalieဟော်မုန်းကိုရုတ်တရက် အများကြီးတက်စေပါတယ်။ အဲဒါကကိုယ်ရောကိုယ့်အဖော်ကိုပါ ငလျင်တစ်ခုလိုလှုပ်ခတ်သွားစေနိုင်ပြီးဆက်ဆံမှုအပြီးမှာဒူးတွေ အားနည်းပြီး ဖြစ်ကျန်နေခဲ့တတ်ပါတယ်။ ခပ်သွက်သွက် ဆက်ဆံခြင်းကကိုယ့်အဖော်ကိုကိုယ်ကဘယ်လောက်ထိတပ်မက်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်လို့ နှစ်ဦးသားဆက်ဆံရေးကိုလည်းအဆင်ပြေချောမွေ့စေတယ်။ တစ်နေကုန် စိတ်ဖိစီးမှုအပြည့်နဲ့ အလုပ်လုပ်ပြီးတဲ့နောက်မှာအချိန်လည်းသိပ်မယူ၊ အဝတ်အစားတွေတောင် ချွတ်မနေတော့ဘဲ မြန်ဆန်တဲ့ ချစ်တင်းနှောမှုတစ်ခုလုပ်လိုက်ခြင်းကဆေးတစ်ခွက်သောက်ရသလိုကိုယ့်ကိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရလန်းဆန်းစေပါလိမ့်မယ်။ ဒီလိုပုံစံမျိုး မြန်မြန်ဆန်ဆန် ဆက်ဆံမယ်ဆိုရင် ချောဆီတခုခုဆောင်ထားဖို့တော့ မဖြစ်မနေလိုမှာဖြစ်ပါတယ်။
ကိုယ်မဟုတ်တဲ့ ခြားနားတဲ့ စရိုက်ပုံစံမျိုးသရုပ်ဆောင်ပြီးဆက်ဆံခြင်းကလည်းကိုယ့်ရဲ့ လိင်မှုဘဝပျော်ရွှင်မှုကို နောက်တစ်ဆင့် တက်စေနိုင်ပါတယ်။ ဒီပုံစံကကိုယ့်ကိုထူးခြားမှုတခုခုလုပ်ဖြစ်စေရုံတင်မကဘဲကိုယ့်နေ့စဉ်ဘဝမှာ ပြုလုပ်နေရတဲ့ ချုပ်တည်းမှုတွေကိုလည်းလျော့ပါးစေပါတယ်။ ဥပမာအားဖြင့် တစ်ယောက်ကဘာအတွေ့အကြုံမှ မရှိသေးတဲ့ပုံစံသရုပ်ဆောင်ပြီးနောက်တစ်ယောက်ကဦးဆောင်သွားတာမျိုး၊ ဒါမှမဟုတ် သူဌေးနဲ့ သူ့ရဲ့ အတွင်းရေးမှူးတို့ ဆက်ဆံကြသလိုမျိုးသရုပ်ဆောင်နိုင်ပါတယ်။
ပြင်းထန်အားပါပြီး ကြမ်းတမ်းတဲ့ ဆက်ဆံမှုမျိုးက သူ့လိင်မှုဘဝကို ပျော်ရွှင်စေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အဲဒီလိုဆက်ဆံမှုမျိုးဆိုတာက ဘေးပတ်ဝန်းကျင်ကတောင် အသံတွေ ကြားလောက်တဲ့အထိ၊ ကုတင်တိုင်တွေ လှုပ်ခါကုန်တဲ့အထိ၊ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေတောင် ကြောက်လန့်ကုန်တဲ့အထိဆက်ဆံတာမျိုးကိုဆိုလိုတာပါ။ ဒီပုံစံမှာကိုယ်ဟာဘာကိုမှ ဂရုစိုက်နေစရာ၊ စိတ်ထဲထားနေစရာမလိုဘဲအကုန်ဖွင့်ထုတ်ပစ်လိုက်တာမို့ ဒီပုံစံနဲ့ ဆက်ဆံအပြီးမှာကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းမှာဖိစီးနေတာတွေ သက်သာသွားနိုင်ပါတယ်။ လုပ်ရမယ့်အရာကတော့ ကိုယ့်အဖော်ကိုအချက်ပြပြီးသဘောတူညီမှု ယူလိုက်ရုံပါပဲ။
လိင်ဆက်ဆံမှုကိုအမျိုးသမီးကဦးဆောင်ခြင်းကအမျိုးသားဖြစ်သူကိုကျေနပ်ပျော်ရွှင်စေပါတယ်။ အမျိုးသားတွေဟာလိင်မှုကိစ္စဟာသူတို့ချည်းဦးဆောင်နေရမယ်ဆိုရင် အလွယ်တကူရိုးသွားတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း ဒီတာဝန်ကို ယူဖို့လိုပါတယ်။ အဲဒီလိုသာလိင်မှုဆိုင်ရာစွဲဆောင်မှုအပြည့်နဲ့ အမျိုးသားကိုအံ့သြသွားအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် အဲဒီအမျိုးသားကတော့ တကယ့်ကိုတမ်းတမ်းစွဲဖြစ်သွားမှာအသေအချာပါပဲ။
အားလုံးကတော့ ပြင်းထန်အားပါတဲ့ ဆက်ဆံမှုမျိုးကိုလုပ်ချင်ကြမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ငြင်သာပြီး ဖြည်းညင်းတဲ့ ဆက်ဆံမှုမျိုးတွေကလည်းကိုယ့်ကိုသက်သောင့်သက်သာ ဖြစ်စေပါတယ်။ အဲဒီပုံစံမျိုးက နှစ်ယောက်စလုံးကိုအချစ် ဆိုတဲ့ ခံစားမှုမျိုးပေးပါတယ်။ အဲဒီခံစားမှုဟာစုံတွဲတွေ လိင်ဆက်ဆံရခြင်းရဲ့ အဓိကအရေးကြီးဆုံးအကြောင်းရင်း ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အိပ်ခန်းထဲကအပြုအမူများဟာကိုယ့်ရဲ့ လိင်မှုဘဝနဲ့ ဆက်ဆံရေးကိုအထောက်အပံ့ ပေးပါတယ်။ ခုပြောခဲ့တဲ့ ဆက်ဆံမှုပုံစံတွေကတော့ ပိုပြီးအဆင်ပြေစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။