brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ်

လူတိုင်းမှာ စိတ်ညစ်စရာ စိတ်ဖိစီးစရာတွေရှိတယ်နော်။ အလုပ်ခွင်ကိစ္စတွေကြောင့် စိတ်ညစ်ရတာ၊ လူမှုရေးကိစ္စေတွကြောင့်စိတ်ညစ်ရတာတွေ ရှိပါတယ်နော်။ စိတ်ညစ်တာကို အကြာကြီးမွေးထားမယ်ဆိုရင် စိတ်ညစ်စရာကနေ စိုးရိမ်စရာ စိတ်ဖိစီးစရာတွေဖြစ်လာပါမယ်။ ဒီလိုဖြစ်လာတဲ့အခါနေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေကို မလျှော့ချနိုင်ဘူးဆိုရင်ရေရှည်မှာ ကြီးမားတဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ စိတ်ဖိစီးမှုကို အထိရောက်ဆုံးပြေလျော့စေနိုင်မယ့် နည်းလမ်းရှိပါတယ်။ အဲဒါကတော့ လိင်ဆက်ဆံခြင်းပါ။

လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ်

လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစိးမှုကိုဖြေလျော့ပါ။

လိင်ဆက်ဆံတာက ခံစားမှုကောင်းတာတင်မဟုတ်ပါဘူး။ ကျန်းမာစေဖို့ပါ အထောက်အကူပြုသလို စိတ်ဖိစီးမှုကိုပါကင်းစေနိုင်ပါသတဲ့။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လိင်ဆက်ဆံတဲ့အခါ ခန္ဓာကိုယ်တွင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေ ကျဆင်းသွားတာကြောင့်ပါ။ အမျိုးသားနဲ့ အမျိုးသမီးအတူနေချိန်မှာ အချစ်ဟော်မုန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ oxytocin နဲ့ endorphinsဟော်မုန်းတို့ ထွက်လာကြပါတယ်။ ဒီလိုထွက်ရှိလာမှုက စိတ်ထဲမှာဖြစ်နေတဲ့ စိုးရိမ်မှု၊ ပူပန်မှုတွေကိုပြေလျော့သွားစေဖို့ အထောက်အပံ့ပေးပါတယ်။ စိတ်ကို တည်ငြိမ်သွားစေသလို စိတ်ခံစားမှု ကောင်းမွန်လာစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ကူညီပေးပါသေးတယ်။

နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အချင်းချင်းကြားမှာ နားလည်မှုယုံကြည်မှုတွေတိုးစေတာပါ။ အချစ်ရေးအဆင်ပြေနေမှုက လူမှုဆက်ဆံရေးမှာရော အလုပ်ခွင်မှာပါ အကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြည့်ဝနေပြီး နေ့စဉ်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့အတွက်ဆိုရင် လိင်ဆက်ဆံတာကလည်း ချန်လှပ်ထားလို့မရတဲ့ကိစ္စတစ်ခုပါနော်။ ဒါတွေတင်မကပါဘူး။ လိင်ဆက်ဆံမှုကနေရရှိနိုင်တဲ့ အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်နော်။

ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

  • သွေးပေါင်ကျစေတယ်
  • ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေနိုင်တယ်
  • တစ်ဦးနဲ့တစ်ဦး ယုံကြည်နားလည်မှုတိုးလာစေတယ်
  • စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်တယ်
  • ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
  • အမျိုးသမီးတွေမှာ ဆီးအိမ်ကြွက်သားတင်းရင်းစေနိုင်တယ်
  • ရုတ်တရက်နှလုံးရပ်နိုင်ခြေကိုနည်းစေတယ်
  • ရာသီလာစဉ်နာကျင်မှုဝေဒနာအပါအဝင် နာကျင်မှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်
  • ကယ်လိုရီ လောင်ကျွမ်းစေနိုင်တယ်
  • ကိုယ်ခံအားကိုလည်းကောင်းစေနိုင်ပါတယ်။

လူရယ်လို့ဖြစ်ပြီး အရွယ်ရောက်လာရင် ဒီကိစ္စကရှောင်လွှဲလို့မရတဲ့ကိစ္စတစ်ခုပါ။ ဒီလိုနေ့စဉ်ဘဝမှာ လုပ်မိနေတဲ့အလေ့အထလေးက စိတ်ဖိစီးမှုကိုပြေလျော့စေတယ်ဆိုတဲ့ မဆိုးဘူးပေါ့နော်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။