brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင်လုပ်ပါ။

သင့်ကလေးကိုမွေးပြီးတဲ့အခါ လိင်မှုဘဝကို ပြန်လည်ရယူဖို့ဟာမိဘအသစ်တွေ အနေနဲ့ နောက်ဆုံးမှ စဉ်းစားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့ လိင်မှုဘဝဟာသင့်ဆက်ဆံရေးအတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ ဘယ်လိုလိင်မှုဘဝကို ပြန်လည်ရယူရမလဲဆိုတာဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင်လုပ်ပါ။

သင့်ခန္ဓါကိုယ် အနာကျက်သွားပြီဆိုတာသေချာပါစေ။

အမျိုးသမီးအများစုဟာကလေးမွေးဖွားပြီးလေးပတ်ကနေခြောက်ပတ်အကြာမှာဆရာဝန်ဆီကကိုယ်ဝန်တားခြင်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရရှိတတ်ကြပါတယ်။

ဒါတွေကိုမစခင် သင့်မှာ lochia လို့ ခေါ်တဲ့ ကလေးမွေးဖွားပြီးရင် မိန်းမကိုယ်ကဆင်းတဲ့ အရည်တစ်မျိုးဆင်းတာမရှိဖို့ လိုပါတယ်။ ဘယ်လိုပဲမွေးမွေးအမျိုးသမီးတွေ အားလုံးဟာကလေးမွေးပြီးရက်သတ္တပတ်အနည်းငယ်ကိုတော့ ဖြတ်သန်းကြရပါတယ်။ ထိုအရည်ဆင်းတာမရပ်ခင် လိင်ဆက်ဆံခြင်းဟာသင့်ကိုရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။

သင်ကလေးမွေးစဉ်မှာ ချုပ်ရိုးအများကြီးရှိခဲ့ရင် ကိုယ်ဝန်တားဖို့ ပိုတောင် အချိန်ယူရပါလိမ့်မယ်။ သေချာမကျက်နိုင်သေးတဲ့ ချုပ်ရိုးတွေဆိုပွင့်ထွက်နိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်ဆရာဝန်နဲ့ ချက်ချင်းသွားပြဖို့လိုပါတယ်။

ကလေးမွေးပြီးလိင်ဆက်ဆံဖို့ အကောင်းဆုံးနည်းကတော့ ကလေးအိပ်ချိန်ကိုအသုံးပြုဖို့ပါ။ ကလေးအိပ်နေမယ်ဆိုရင် အလုပ်လုပ်လို့ရပါပြီ။ သင့်အိမ်အလုပ်တွေကနောက်မှလုပ်နိုင်ပါတယ်။

သင့်ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။

ကလေးမွေးထားတဲ့ အမေတွေအတွက် ပင်ပန်းနွမ်းနယ်ခြင်းဟာလိင်ဆက်ဆံဖို့အတွက် အဓိကတားမြစ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် စစချင်းမှာကလေးငယ်ဟာအမြဲ နှစ်နာရီသုံးနာရီခြားတစ်ခါ အစာစားဖို့ နိုးထနိုင်ပါတယ်။ ဒီလိုပုံစံမျိုးလပေါင်းများစွာရှိနိုင်ပါတယ်။ ၃၀%သော ကလေးတွေဟာအသက်ကိုးလအထိညမအိပ်တတ်ကြပါဘူးလို့ National Sleep Foundationကပြောပါတယ်။

ညဘက်နိုးထမှုတွေ ဆက်လာရင် သင်ဟာစက်ရုပ်တစ်ခုလိုဖြစ်လာပြီး ဆန္ဒတွေ၊ အာရုံခံစားမှုတွေ လျော့နည်းလာပါလိမ့်မယ်။

မိခင်တွေဟာလိင်ပိုင်းဆိုင်ရာယုံကြည်မှု ပြန်လည်ရရှိအောင် ကြိုးစားသင့်ပါတယ်။ သစ်လွင်တဲ့ အတွင်းခံတွေကိုဝတ်ဆင်ပါ။ အင်္ကျီအသစ်တွေ ဝယ်ပါ။ အားအင်ပြည့်ဝတဲ့ လမ်းလျှောက်ခြင်းတွေ ပြုပါ။ သင့်ကိုယ်သင်မေးပါ။ လိင်ဆွဲဆောင်မှု ရှိဖို့ ဘာတွေလိုအပ်ပါသလဲ။ Spa လား။ လက်သည်းဆိုးတာလား။ Gym ဆော့တာလား။ ဒါတွေကိုအမျိုးသားတွေက ပြုလုပ်မပေးနိုင်ပါဘူး။ သင့်ဘာသာသင် ပြုလုပ်ရမှာပါ။

ကလေးမွေးပြီးသိပ်မကြာခင်မှာပဲ ငြီးငွေ့ဖွယ်ကောင်းတဲ့ မိခင်ဘဝကနေထွက်လာပြီးလွယ်ကူလှပပြီးသင့်ကိုစိတ်ချမ်းသာတဲ့အပြုအမူတွေနဲ့ သင့်ဘဝကို ပြန်လည်တည်ဆောက်ပါ။ ကလေးမွေးပြီးလိင်ဆွဲဆောင်မှု ရှိစေဖို့ တစ်ဖြည်းဖြည်းတစ်ဆင့်ချင်းစီ ကြိုးစားပါ။ ဒါမှာသာသင့်ရဲ့ ကလေးမွေးပြီးနောက် လိင်မှုဘဝဟာ ပြန်လည် သာယာလာမှာပါ။

သင့်အမျိုးသားကိုမမေ့ပါနဲ့။

သင်ဟာစိတ်ရောကိုယ်ပါ ကလေးကို ပြုစုစောင့်ရှောက်နေရလို့ သင့်အမျိုးသားနဲ့ ဆက်ဆံရေး ပြတ်တောက်နေတာမျိုးမဖြစ်သင့်ပါဘူး။ အဲဒီလိုဖြစ်ရင်နောက်ဆုံးမှာပျော်ရွှင်စရာမကောင်းတဲ့ မိသားစုတစ်ခုကိုရရှိပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ကလေးဟာသင့်ရဲ့ အချိန်နဲ့ အင်အားတွေကိုကုန်ခမ်းစေတယ်ဆိုရင်တောင် ကလေးအဖေကိုမမေ့ပါနဲ့။

ကလေးအဖေတွေဟာလည်းသူတို့အပိုင်းကိုလုပ်သင့်ပါတယ်။ အမေအတော်များများဟာကလေးရဲ့ စောင့်ရှောက်သူနဲ့ အိမ်ကိစ္စတွေရဲ့ မန်နေဂျာ ဖြစ်နေတတ်ကြပါတယ်။ တကယ်လို့ အမျိုးသမီးမှာအဝတ်လျှော်တာ၊ ကလေးရေချိုးပေးတာစတဲ့ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်ဆိုရင် သူဟာအာရုံပျက်ပြီးပင်ပန်းနွမ်းနယ် လာပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/02/2022 ဖြစ်ပါသည်။