backup og meta

စအို နဲ့ လိင်ဆက်ဆံခြင်း

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၉၀% သော အမျိုးသား အချင်းချင်း လိင်ဆက်ဆံတဲ့ အမျိုးသားတွေနဲ့ ၅% ကနေ ၁၀% သော လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေဟာ စအိုအဝအတွင်း ထိုးသွင်းဆက်ဆံခံရမှုကို နှစ်သက်ကြပါတယ်။ ဒီလို စအို နဲ့ လိင်ဆက်ဆံခြင်း က များစွာသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

စအို နဲ့ လိင်ဆက်ဆံခြင်း

စအို နဲ့ လိင်ဆက်ဆံခြင်း

စအို နဲ့ လိင်ဆက်ဆံခြင်းလို့ အလွယ်ခေါ်ကြတဲ့ လိင်ဆက်ဆံခြင်းဟာ လိင်တံကို စအိုအတွင်းကို ထိုးသွင်းတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူကို ဆိုလိုပါတယ်။ စအိုဟာ အာရုံခံနိုင်စွမ်းမြင့်မားတဲ့ အာရုံကြောတွေနဲ့ ပြည့်နှက်နေတာကြောင့် စအိုနဲ့လိင်ဆက်ဆံတဲ့သူတွေဟာ ကျန်းမာရေး ပြဿနာတွေကိုလည်း ရင်ဆိုင်တတ်ကြရပါတယ်။

ထိုးသွင်းခံရသူအတွက် စအိုဟာ လိင်လှုံ့ဆော်မှုကို တုန့်ပြန်တဲ့ ရမ္မက်ကြွလွယ်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ သူဟာ လိင်တံ တင်းကျပ်မှုကိုလည်း ပေးစွမ်းပါတယ်။

လူအချို့က စအိုဖြင့် လိင်ဆက်ဆံခြင်းကို သာယာဖွယ်ကောင်းတယ်လို့ ယူဆပေမယ့် ဒီလိုလုပ်ခြင်းမှာ ဆိုးကျိုးတွေ ရှိပြီးတော့ လုံခြုံစိတ်ချရဖို့အတွက် အထူးကြိုတင်ကာကွယ်မှုတွေ လိုအပ်ပါတယ်။

စအိုဖြင့် လိင်ဆက်ဆံခြင်းဟာ လုံခြုံစိတ်ချရပါသလား။

စအို နဲ့ လိင်ဆက်ဆံခြင်း နဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာ အများအပြား ရှိပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေ အပါအဝင် အခြားအကြောင်းရင်းများစွာကြောင့် စအို နဲ့ လိင်ဆက်ဆံခြင်း ဟာ အန္တရာယ် အကြီးမားဆုံး လိင်ဆက်ဆံနည်း ဖြစ်ပါတယ်။

(၁) စအိုဟာ မိန်းမကိုယ်လိုမျိုး သဘာဝကပေးထားတဲ့ ချောဆီ မပါရှိပါဘူး။ ထိုးသွင်းမှုဟာ စအိုထဲရှိ တစ်ရှူးတွေကို ပျက်စီးစေပြီးတော့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သွေးကြောထဲ ဝင်ရောက်စေပါတယ်။

ဒါဟာ ကူးစက်ရောဂါ (အထူးသဖြင့် HIV) တွေကို ပြန့်ပွားစေပါတယ်။ လေ့လာမှုတွေက စအိုဝကို လိင်ထိုးသွင်းဆက်ဆံခံရသူတွေဟာ ပုံမှန် မိန်းမကိုယ်နဲ့ လိင်ဆက်ဆံသူတွေထက် HIV ဖြစ်ပွားနှုန်း အကြိမ် ၃၀စာ ပိုမိုများပြားပါတယ်။

(၂) ချောဆီအသုံးပြုခြင်းဟာ အချို့အခြေအနေတွေမှာ အသုံးဝင်ပေမယ့် အရေပြားပြဲခြင်းကို အပြည့်အဝ ကာကွယ် မပေးနိုင်ပါဘူး။

အပြင်က အရေပြားနဲ့မတူတာက စအိုအတွင်းဘက်က တစ်ရှူးတွေဟာ အကာအကွယ် နည်းပါးပါတယ်။ အပြင်ဘက်ကတစ်ရှူးတွေဟာ ဆဲလ်သေ အထပ်ပေါင်းများစွာ ကာရံထားပြီးတော့ ရောဂါပိုးကူးစက်ခံရမှုကို ကာကွယ်ပေးပါတယ်။

(၃) စအိုထဲက တစ်ရှူးကတော့ ဒီလိုအကာအကွယ်မျိုး မရှိဘဲ ပြဲထွက်ခြင်းနဲ့ ရောဂါကူးစက်ခံရခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။

စအိုဟာ မစင်တွေကို သိမ်းထားပေးပါတယ်။ အကွင်းပုံရှိတဲ့ ကြွက်သားကို စအိုဝကြွက်သားလို့ ခေါ်ပြီး သူဟာ ဝမ်းသွားပြီးရင် ပြန်တင်းပြီး စအိုကို ကာကွယ်ပေးပါတယ်။ ဒီကြွက်သားဟာ မာနေရင် ထိုးသွင်းခြင်းဟာ သာယာဖွယ်မကောင်းပဲ ခက်ခဲတတ်ပါတယ်။

(၄) စအိုနဲ့ လိင်ဆက်ဆံခြင်းကို အခါပေါင်းများစွာပြုလုပ်တဲ့အခါ ဒီကြွက်သားကို အားနည်းစေပြီးတော့ သင်အိမ်သာထဲရောက်တဲ့အထိ မစင်တွေကို ထိန်းသိမ်းထားပေးဖို့ ခက်ခဲနိုင်ပါတယ်။ တင်ပဆုံ အတွင်းပိုင်း လေ့ကျင့်ခန်း (ကီဂယ် လေ့ကျင့်ခန်း) ဟာ ဒီပြဿနာကို ကာကွယ်ဖြေရှင်းပေးနိုင်ပါတယ်။

စအိုဟာ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေပါတယ်။ သင့်မှ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရှိရင်တောင်မှ စအိုအတွင်းက ဘက်တီးရီးယားတွေကို ထိုးသွင်းသူကို ရောဂါကူးစက်နိုင်ပါတယ်။

(၅) စအို နဲ့ လိင်ဆက်ဆံပြီး မိန်းမကိုယ်နဲ့ လိင်ဆက်ဆံခြင်းဟာ သင့်မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကို ရောဂါကူးစက်စေနိုင်ပါတယ်။

စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ အခြားအန္တရာယ်တွေလဲ ရှိပါသေးတယ်။

(၆)  စအို နဲ့ လိင်ဆက်ဆံပြီး ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ နှစ်ယောက်လုံးကို အသည်းရောင်ရောဂါ၊ ရေယုန်၊ HPV နဲ့ အခြားရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

စအိုနဲ့ လိင်ဆက်ဆံပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်းဟာ အဖြစ်မများပေမယ့် ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ စအိုနဲ့ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ လိပ်ခေါင်း၊ ပြဲခြင်းနဲ့ ပိုဆိုးတဲ့ ပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါဟာအရေးကြီးပြီး အရေးပေါ် ဆေးကုသမှု ယူသင့်ပါတယ်။ ဆေးကုသမှုဟာ ဆေးရုံတက်ခြင်း၊ ခွဲစိတ်ကုသခြင်းနဲ့ ရောဂါပိုးကာကွယ်ဖို့ ပိုးသတ်ဆေး အသုံးပြုခြင်းတို့ဖြစ်ပါတယ်။

စအို နဲ့ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်လာတဲ့ ပြဿနာတွေက ဘယ်လိုကာကွယ်မလဲ။

တစ်ခုတည်းသော ပြဿနာ ရှောင်ရှားခြင်းဟာတော့ စအိုနဲ့ လိင်ဆက်ဆံမှု မပြုခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ တခြားနည်း မရှိဘူးဆိုရင် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ ကွန်ဒုံး အသုံးပြုသင့်ပါတယ်။

အောက်ဖေါ်ပြပါအချက်တွေနဲ့ စအိုနဲ့လိင်ဆက်ဆံခြင်းရဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ပါတယ်။

၁။ သင့်လိင်ဆက်ဆံဖက်ဟာ ကွန်ဒုံးအသစ် မဝတ်ထားဘူးဆိုရင် လိင်တံကို စအိုတွင်းထိုးသွင်းပြီးပြီဆိုရင် ပါးစပ်ထဲသော်လည်းကောင်း၊ မိန်းမကိုယ်ထဲသော်လည်းကောင်း မထိုးသွင်းပါနဲ့။

၂။ အရေပြားအပြဲအရှတွေ လျှော့ချဖို့ ချောဆီက အရေးကြီးပါတယ်။ ရာဘာ ကွန်ဒုံးတွေဝတ်ရင် ရေကိုအခြေခံထားတဲ့ ချောဆီကို အမြဲ အသုံးပြုပါ။

၃။ လိင်တံကို ထိုးသွင်းခြင်းမပြုမီ အပြဲအရှ သက်သာစေဖို့ စိတ်လျှော့ထားပါ။ လိင်မဆက်ဆံမီ ရေပူနဲ့ ရေချိုးခြင်း (သို့) လဲလျောင်းခြင်းဟာလည်း ထိုးသွင်းမှုကို လွယ်ကူစေပါတယ်။

၄။ စအိုနဲ့ လိင်ဆက်ဆံမှုဟာ သင့်တောင့်သက်သာ မရှိဘူးဆိုရင် ရပ်လိုက်ပါ။

စအိုနဲ့ လိင်ဆက်ဆံပြီး သွေးထွက်ရင် (သို့) စအိုပတ်ပတ်လည်မှာ အနာ၊ အဖု၊ တစ်ခုခုထွက်လာရင်၊ သင့်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/sex/anal-sex- health-concerns#1

ယခုပုံစံ

09/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးက သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေရင် ဘယ်လိုကူညီမလဲ

သင့်ကလေးကို လိင်ကိစ္စအကြောင်း ဘယ်လိုပြောမလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။