အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါများစွာ ရှိပါတယ်။ လူသိများတာကတော့ HIV ပိုး နဲ့ ကာလသားရောဂါပိုးတွေ ကူးနိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ Bပိုး၊ Cပိုး တွေဟာလည်း လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တာကို မေ့ထားလို့မရပါဘူး။
ရောဂါပိုးတွေရဲ့ သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါ။ ဆိုလိုတာကတော့ သင်စိုးရိမ်လို့ စစ်ဆေးချင်ရင်တောင် တစ်နေ့တည်း တစ်ချိန်တည်းမှာ စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန်ပေါ်နိုင်မလဲဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတော်တော်များများဟာ ရောဂါလက္ခဏာမပြတတ်ကြတဲ့အတွက် စစ်ဆေးစရာမလိုဘူး စိုးရိမ်စရာမလိုဘူးလို့ ထင်နိုင်စရာရှိပါတယ်။ အလွန်မှားတဲ့ အတွေးအခေါ်ပါပဲ။ အကယ်၍ သင်ဟာ STI ရောဂါရာဇ၀င် ရှိမရှိ သေချာမသိတဲ့သူတစ်ယောက်နဲ့ အကာအကွယ် မပါဘဲ အတူတူနေမိခဲ့တယ်ဆိုရင် ရောဂါလက္ခဏာပြတဲ့ အထိမစောင့်ဘဲ အမြန်ဆုံးစစ်ဆေးမှု ခံယူဖို့ အရမ်းအရေးကြီးပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ အတူတူနေစဉ် အခါတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုပြီး ကာကွယ်ဖို့ပါပဲလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။