brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးလမ်းကြောင်းနာကျင်ခြင်း

ဆီးလမ်းကြောင်းနာကျင်ခြင်း

ဆီးလမ်းကြောင်းနာကျင်ခြင်း

ဆီးလမ်းကြောင်းနာကျင်ခြင်း(dysuria)ဆိုတာ ဘာလဲ?

dysuriaဆိုတာ ဆီးလမ်းကြောင်းနဲ့ပတ်သက်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မသက်မသာခံစားရတာကိုဆိုလိုတာပါ။

ဘယ်သူတွေက ဆီလမ်းကြောင်းနာကျင်မှုကို ခံစားရပါမလဲ?

အသက်အရွယ် ကျားမမရွေး လူတိုင်းတော့ ဆီးလမ်းကြောင်းနာကျင်ခြင်းဖြစ်ဖူးပါတယ်။ အမျိုးသမီးတွေကတော့ ပိုအဖြစ်များပါတယ်။ သူတို့က ဆီးလမ်းကြောင်းပိုးဝင်ဖို့ ပိုလွယ်ကူလို့ပါ။ ပြီးတော့ကိုယ်ဝန်ဆောင်မိန်းမတွေနဲ့ ဆီးချိုရှိတဲ့သူတွေမှာလည်း အဖြစ်များပါတယ်။

ဆီးလမ်းကြောင်းနာကျင်မှုကို ဖြစ်စေတဲ့တရားခံက ဘာပါလဲ?

အကြောင်းရင်းကတော့အမျိုးမျိုးရှိပါတယ်။ အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ မိန်းမအဂါၤပိုးဝင်ခြင်း ရောင်ယမ်းခြင်းတို့ပဲဖြစ်ပါတယ်။

ရောင်ယမ်းစေတာတွေကတော့ လိင်ဆက်ဆံခြင်း၊ တားဆေးအသုံးပြုခြင်း၊ ဆပ်ပြာသို့မဟုတ်မိန်းမကိုယ်ဆေးတဲ့ခရင်မ်တွေနဲ့ဓါတ်မတည့်ခြင်း စသဖြင့် ရှိပါတယ်။

တကယ်လို့ အမျိုးသားတစ်ယောက်က ဆီးလမ်းကြောင်းခဏခဏနာကျင်နေမယ်ဆိုရင် ပိုးဝင်တာသာမက ရောဂါတစ်ခုခုပါဖြစ်နိုင်ပါတယ်

ဘယ်လိုကုသမလဲ?

နာကျင်မှုlevelကို မူတည်ပြီးတော့ လူနာတစ်ယောက်ခြင်းစီအလိုက် ကုသပေးရမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ ပိုးသတ်ဆေးကို အသုံးပြုကြပါတယ်။

ရောင်ယမ်းမှုများကိုလည်း သက်သာအောင် irretantsတွေ အသုံးပြုကုသမှုပေးပါတယ်။ ဆီးသွားနေစဉ်နာကျင်မှုကို လျော့ချပေးဖို့ အဆင့်တွေအများကြီးလိုက်နာဆောင်ရွက်ရပါမယ်။

နေ့တိုင်းရေများများသောက်ပါ။ ဆေးကုသမှုကိုလည်း စနစ်တကျ ခံယူပါ။

လိင်ဆက်ဆံပြီးနာကျင်မှုဟာ စိတ်မကျေနပ်မှုကိုဖြစ်စေပါတယ်။ တကယ်လို့ အပေါ်မှာပြောထားတဲ့ ရောဂါအခြေအနေတွေတွေ့ရင်တော့ ဘာမှမစိုးရိမ် မတုံ့ဆိုင်းမနေပဲ ဆရာဝန်နဲ့အမြန် ကုသမှုခံယူပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။