လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ
သင့်ခံစားနေရတာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေလား။
အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် မျိုးပွာအင်္ဂါတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခု (ဥပမာ အနာ၊ အရည်ကြည်ဖု) စတာတွေ ဖြစ်လာပြီဆိုရင် လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုခုလားဆိုပြီး သံသယဖြစ်တတ်ကြပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေအများစုက ကုသလို့ပျောက်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေကို မသိထားမိလို့ မကုသမိရင် မိမိအဖော်ကို ကူးစက်တာ၊ ကိုယ်ကိုယ်တိုင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်တာကြောင့် လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေကို သိထားသင့်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါများ အရင်ဆုံး အဖြစ်များတဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေကို သိထားဖို့ လိုပါတယ်။ ဒါတွေကတော့ လိင်အင်္ဂါရေယုန် HIV/ AIDS လိင်အင်္ဂါကြွက်နို့ အသည်းရောင်အသားဝါဘီ ကလိုင်မဲဒီယား (Chlamydia) ဆစ်ဖလစ် (ကာလသားရောဂါ) ဂနို (ဆီးပူညောင်းကျရောဂါ) Trichomoniasis လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေက များသောအားဖြင့် လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေက လက္ခဏာတွေက လက္ခဏာမပြတတ်ပါဘူး။ တချို့တွေမှာလည်း […]






























