လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့
လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့ ကင်ဆာရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ ဝေဒနာတစ်မျိုးဖြစ်သလို ပျောက်ကင်းအောင် ကုသဖို့ ခက်ခဲတဲ့ ရောဂါမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ခုနောက်ပိုင်းကာလ လူတွေရဲ့ နေထိုင်ပြုမူ စားသောက်ပုံတွေကြောင့် ကင်ဆာဝေဒနာစွဲကပ်ခံရသူတွေ များပြားလာနေသလို ကင်ဆာအမျိုးအစားတွေကလည်း ပိုမိုစုံလင်များပြားလာနေပါတယ်။ ဒီကနေ့အချိန်အထိတော့ ကင်ဆာဝေဒနာကို ဖြစ်လာချိန်မှ ကုစားတာထက် မဖြစ်ခင်ကတည်းက နည်းမှန်လမ်းမှန်နဲ့ နေထိုင်စားသောက်ပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းလို့ သတ်မှတ်ထားကြပါ။ ကင်ဆာရောဂါတွေဟာ ကူးစက်ရောဂါတွေမဟုတ်ပါဘူး။ ကင်ဆာရောဂါရှိနေသူကို တသီးတခြားထားဖို့ မလိုအပ်သလို ကိုင်တွယ်ရုံ၊ ထိတွေ့မိရုံ၊ အတူထိုင် စကားပြောရုံနဲ့လည်း ကူးစက်တာမျိုးမဖြစ်နိုင်ပါဘူး။ လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့ ဘာကြောင့်လဲ။ ကင်ဆာရောဂါက ကူးစက်နိုင်ရောဂါမဟုတ်တာမှန်ပေမယ့် တခြားသောကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်တော့ ကင်ဆာရောဂါဖြစ်လာနိုင်ပါတယ်။ ဥပမာပြောပြရရင် - လိင်ဆက်ဆံမှုကနေကူးစက်ပြီး သားအိမ်ခေါင်းကင်ဆာအပါအဝင် ကင်ဆာရောဂါတစ်ချို့ကို ဖြစ်လာစေနိုင်တဲ့ Human Papillomavirus (HPV) ပိုး၊ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က […]






























