PrEP နဲ့ PEP ဆေးတွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။

PrEP နဲ့ PEP ဆေး ၂မျိုးလုံးကို သေချာသောက်ပေးမယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။